ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁၂.၁၁.၂၀၁၈ မှ ၁၆.၁၁.၂၀၁၈)ထိ
မတ်ပဲ (FAQ/RC)
ပြီးခဲ့တဲ့အပတ်ထိ ဆက်တိုက်တက်နေခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ဈေးအပြောင်းအလဲကြောင့် ဈေးတွေ ပြန်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားများပြီးတင်ပို့မှုများနေပေမယ့် အိန္ဒိယက ဈေးလျော့ဝယ်ယူမှုတွေကြောင့်ဈေးက အနည်းငယ်ကျဆင်းသွားခဲ့တာပါ။ သုံးရက်လောက်ဈေးကျဆင်းသွားခဲ့ပေမယ့် ကျန်တဲ့ရက်မှာတော့ ဈေးကပြန်တက်လာခဲ့ပါတယ်။ တစ်နေ့နဲ့တစ်နေ့ ဈေးအတက်အကျကတော့ တည်ငြိမ်မှုမရှိပဲ အပြောင်းအလဲ မြန်ပါတယ်။ ဈေးအတက်ကို ကုန်သည်တွေက အများအပြားရောင်းဝယ် တဲ့အတွက် ဈေးကကျဆင်းသွားတာဖြစ်တဲ့အတွက် ဈေးကျနေတဲ့အချိန် လိုက်မရောင်းဖို့လိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲပေါ်ချိန်မှာ ရာသီဥတုအခြေအနေကြောင့် အရည်အသွေးပြည့်ဝတဲ့ ပဲတွေမရရှိတဲ့အပြင် အထွက်နှုန်းကလည်း ကျဆင်းနေတဲ့အတွက် ပဲအဝယ်ပါမစ်တွေကို ဆက်တိုက်ကို ချပေးနေပြီး ပြည်ပဝယ်ယူမှုတွေကို ဆက်တိုက်လက်ခံနေခဲ့ပါတယ်။
လက်ရှိမှာ အိန္ဒိယနိုင်ငံရဲ့ ပဲလက်ကျန်မှာလည်း မတ်ပဲလက်ကျန်က နည်းနေတဲ့အတွက် ပဲအဝယ်တွေကတော့ ရှိလာမှာဖြစ်ပြီး ဈေးကတော့ တက်နိုင်ခြေရှိသေးတယ်လို့ ကုန်သည်တွေကသုံးသပ်ထားပါတယ်။
ဒီတစ်ပတ်မှာတာ့ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲကတစ်တင်းကို ၂၇၅၀၀ ရှိပြီး ၂၀၀၀ ကျပ်၊နေပြည်တော်ကုန်စည်ဒိုင်မှာ ၂၇၆၀၀ ရှိပြီး ၇၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၁၀၀၀ ရှိပြီး ၂၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ၈၅၀၀၀၀ အထိ ဈေးပြန်ကျဆင်းသွားခဲ့ပေမယ့် သုံးရက်အတွင်းငွေကျပ် ၉ သိန်းခွဲကျော်အထိ ဈေးပြန်တက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူ ဈေးတက်လာသလို မတ်ပဲလည်းဈေးကျရင် ပဲစင်းငုံလည်း ဈေးလိုက်ကျဆင်းပါတယ်။ ပဲစင်းငုံနီကတော့ လက်တလော ရန်ကုန်ဈေးကွက်မှာ ဈေးကွက်မဖွင့်တဲ့ရက်တွေလည်းရှိသလို တင်ပို့မှုကလည်း နည်းနေခဲ့ပါတယ်။ အသစ်ဝင်ရောက်မှုမရှိပဲ အဟောင်းလက်ကျန်တွေကိုသာ အပြတ်ဖြတ်နေတဲ့အခြေအနေလည်းဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ပဲစင်းငုံနီစိုက်တဲ့ဒေသတွေမှာ မိုးခေါင်ရေရှားတဲ့အခြေအနေက အတော်ကို ဆိုးရွားနေပါတယ်။ ဒါပေမယ့် ပဲအသစ်ထွက်မယ့်အချိန်က လိုအပ်နေသေးတဲ့အတွက် အိန္ဒိယပဲဝယ်မှုက မတ်ပဲကို အလေးသာနေတဲ့အခြေအနေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ပဲစင်းငုံနီအခြေအနေက ထင်သလိုမဖြစ်တဲ့အပြင် လက်ကျန် ပဲကျန်ရှိမှုကလည်း မတ်ပဲထက်လျော့နည်းနေတဲ့အတွက် ပဲစင်းငုံနီက အခြေအနေကောင်းနိုင်သေးတဲ့အခြေအနေရှိနေပါတယ်။
ကုန်သည်အချို့ကတော့ လက်ရှိအခြေအနေမှာ အစိုးရအနေနဲ့ အိန္ဒိယနဲ့ပဲဈေးကွက်အခြေအနေကို တည်ငြိမ်စေဖို့ တောင်သူ/စားသုံးသူ အဆင်ပြေစေမယ့် ကြမ်းခင်းဈေးကို သတ်မှတ်ပေးဖို့ ဆန္ဒရှိနေသလို အစိုးရအနေနဲ့ကလည်း လက်ရှိမှာ G to G လုပ်ဖို့ စိုင်းပြင်းနေတယ်လို့သိရပါတယ်။
ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၃၀၀၀၀ ကျော်အထိ ဈေးပြန်ကျဆင်းသွားခဲ့သလို နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၁၅၀၀ နဲ့ ၄၂၅၀ ကျပ်ဈေးကျဆင်း သွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၅၀၀ နဲ့ ၄၃၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၀၀၀ နဲ့ ၄၂၅၀ ကျပ် အသီးသိးဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ၂၂၀၀၀ ကျပ် နဲ့ ၄၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
ကုလားပဲ
ကုလားပဲရာသီက မကြာခင်ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် လက်ကျန်ပဲတွေက အရောင်းအဝယ်ဖြစ်နေပြီး ဈေးတွေကလည်း တက်နေပါတယ်။ ထို့ပြင်အိန္ဒိယတင်ပို့မှုကလည်းရှိနေပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၅၀၀၀ ကနေ ၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ကျပ်ဈေးတက်လာပြီး၊ ကုလားပဲဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၅၅၀၀ ကနေ ၂၇၂၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၅၂၀၀ ရှိပြီး ၄၅၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၇၀၀၀ ကျပ်ရှိပြီး တစ်တင်းကို ၁၇၅၀ ကျပ်ဈေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင်မှာလည်း ကုလားပဲကြီး(ဖြူ၊ဝါ)က တစ်တင်းကို ၂၈၅၀၀ ကနေ ၂၉၀၀၀ ဈေးငြိမ်နေပါတယ်။
ကြက်သွန်နီ
ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီက ဆိပ်ဖြူအပြင် အခြားနယ်မြို့က ကြက်သွန်နီတွေလည်း အတက်ဈေး နဲ့ ဝင်ရောက်လာပါတယ်။ ဈေးအတက်အကျကတော့ တည်ငြိမ်မှုမရှိပေမယ့် အများဆုံးကတော့ အကျဈေးနဲ့ ရှိနေတာ များပါတယ်။
နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မြင်းခြံနဲ့ပခုက္ကူတို့မှာလည်း ကြက်သွန်နီက ဈေးကျဆင်းနေခဲ့ပါတယ်။ ကုန်အဝင်က တစ်နေ့ကို ပိဿာချိန် ၂၅၀၀၀ ကနေ ၄၀၀၀၀ ကြားရှိနေပေမယ့်လည်း အဝယ်အေးတဲ့အတွက် ဈေးကကျဆင်းနေခဲ့တာလည်း ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၇၀၀ ကနေ ၁၃၀၀ ရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၈၀၀ ကနေ ၁၁၀၀ ရှိပြီး ၅၀ ကျပ်ကျဆင်းသွားသလို မြင်းခြံကုန်စည်ဒိုင်မှာလည်းတစ်ပိဿာကို ၈၅၀ ကနေ ၉၅၀ ရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ရှမ်း)က နယ်ဈေးကွက်အချို့မှာ ဈေးတက်လာခဲ့သလို လအတန်ကြာငြိမ်နေခဲ့တဲ့ ဒေသတွေ မှလည်း ဈေးအနည်းငယ်ပြန်လှုပ်ခဲ့ပါတယ်။ပွဲတော်ကာလဖြစ်တဲ့အတွက်ကြောင့် ကြက်သွန်ဖြူ(ရှမ်း)ဈေး တွေ တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ (ကြူကုတ်)အမျိုးအစားကတော့ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ ပါတယ်။
၇န်ကုန်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(အောင်ပန်း၊တောင်ကြီး)က တစ်ပိဿာကို ၆၅၀ ကနေ ၁၃၀၀ ရှိပြီးတစ်ပိဿာကို ၅၀ ကျပ်လောက်ဈေးတက်လာခဲ့ပါတယ်။ (ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၅၀၀ ကနေ ၁၅၅၀ ရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာလည်း ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၉၇၅ ကျပ် နဲ့ ၅၀ ကျပ်လောက်ဈေးတက်လာခဲပါတယ်။ အခြားကုန်စည်ဒိုင်တွေဖြစ်တဲ့ နေပြည်တော်မှာတော့ တစ်ပိဿာကို ၂၂၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ ၉၀၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။
ဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026