ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ

20/05/2019 11:59 AM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ဆန်ချောဈေးကော၊ ဆန်ကြမ်းဈေးတွေပါ  အဝင်နည်းလို့ အနည်းငယ် တက်လာခဲ့ပါတယ်။ ဈေးအနည်းငယ် ပြောင်းလဲမှုရှိပေမဲ့ အရောင်းအဝယ်ကတော့ အေးနေပါတယ်။

လက်ရှိက နွေစပါးလှိုင်လှိုင်ထွက်ရှိနေတဲ့ အချိန်ဖြစ်လို့ ဆန်ကြမ်းဈေးနှုန်းကတော့ တက်နိုင်ဖွယ် မရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ထားကြပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပေါ်ဆန်းဆန်က တစ်အိတ်ကို တစ်ပတ်အတွင်း ၁၀၀၀ ကျပ် ဈေးတက်လာခဲ့ပြီး တစ်အိတ်ကို ၃၃၀၀၀ကနေ ၄၄၀၀၀ ကျပ်ရှိပါတယ်။

ကြားပျံကတော့ တစ်အိတ်ကို ၄၀၀၀၀ ကနေ ၄၃၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ ဧည့်မထ ၂၅ မှတ်တန်ဆန်ကတော့ တစ်အိတ်ကို ၁၇၂၀၀ ကနေ ၁၇၅၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ် ကနေ ၅၀၀ကျပ်အကြား ဈေးပြန်တက်လာပါတယ်။  ရန်ကုန်မှာလည်း ဆန်ချောဈေးတွေက တက်နေသလို ပုသိမ်ဆန်စပါးဈေးကွက်မှာလည် ဈေးတက်နေပါတယ်။ ဖျာပုံပေါ်ဆန်းမွှေးက တင်း ၁၀၀ ကို ၉၆၃၈၀၉ ပေါက်ဈေးရှိပြီး  ၁၈၀၀၀ ကျပ် ဝန်းကျင်  ဈေးတက် လာခဲ့ပါတယ်။ 

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာအနည်းငယ် ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယဘက်က တရားဝင်ဝယ်ယူမဲ့ရက်ကို ကြေညာခြင်းမရှိသေးပေမဲ့၊  ပုံမှန်ဝယ်ယူမှုလေးတွေ ရှိနေတာ ကြောင့် ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ မတ်ပဲက ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၉၈၉၀၀၀သိန်းဝန်းကျင် ပေါက်ဈေးရှိနေပြီး တစ်တန်ကို ကျပ်တစ်သောင်းခွဲ ဝန်းကျင် ဈေးတက်လာခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို  ၂၃၁၅၀  ကျပ်ရှိပြီး ၂၁၀၀ကျပ် ဈေးကျဆင်းသွားခဲ့ပြိး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ ကျပ်နဲ့ဈေးငြိမ်နေပါတယ်။ 

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်းပဲ ပြည်ပဝယ်ယူမှုရှိလို့  ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ အိန္ဒိယက တရားဝင်ဝယ်ယူမှုမရှိသေးပေမယ့် အခြားနိုင်ငံတွေကို ရောင်းချနေတဲ့အတွက် ဈေးကမြင့်နေတာပါ။ အိန္ဒိယသာဝယ်ယူမှု ပြန်ရှိလာပါက ၁၀ သိန်းကျော်အထိ မြင့်တက်နိုင်တယ်လို့ကုန်သည်တွေကလည်း သုံးသပ်ထားပါတယ်။ ပြည်တွင်းဝယ်လက်မှာတော့ အရောင်းအဝယ်ဖြစ်နေတဲ့ အတွက်ဈေးကတော့ တက်နေတာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအဟောင်းက တစ်တန်ကို ကျပ် ၉၄၀၀၀ဈေးပေါက်ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၀၀၀ နဲ့ ၁၂၀၀ ကျပ်ဈေးဆက်တက်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၀၀၀ ကျပ် ရှိပြီး တစ်တင်းကို ၈၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှတော့ တစ်တင်းကို ၃၁၅၀၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ လည်းဈေးကျဆင်းသွားခဲ့ပါတယ်။ ကုန်စည်ဒိုင်တွေကို ပဲတီစိမ်းအသစ်တွေ ဆက်တိုက်ဝင်ရောက်နေတဲ့အတွက် ဈေးကအနည်းငယ်ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ဝယ်လက်ကတော့ ပုံမှန်ရှိနေပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၅၀၀၀ ကနေ ၃၉၇၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၃၇၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၄၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ၃၇၃၀၀ နဲ့ ဈေးငြိမ်နေပါတယ်။

ကုလားပဲလုံး(ဖြူ၊ဝါ)

ကုလားပဲလုံးကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးတက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ပဲခွဲစက်တွေကနေ အဝယ်လိုက်နေတဲ့အတွက်ဈေးက တက်နေခဲ့တာလည်းဖြစ်ပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၆၀၀၀ ကနေ ၂၈၀၀၀ ကျပ်ရှိပြီး ၈၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၇၇၅၀ ကနေ ၂၇၇၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၃၀၀ ပေါက်ဈးရှိပြီး တစ်တင်းကို ၉၅၀ ကျပ်ဈေးတက်လာပြီး ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၅၉၀၀ ကျပ်ရှိပြီး ၉၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာလည်း ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၆၃၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၆၅၀၀ ပေါက်ဈေးရှိပြီး ၄၈၀ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ရာသီဥတုအခြေအနေမကောင်းတဲ့အတွက် ကြက်သွန်အရည်အသွေးတွေလည်းကျနေပြီး အဝင်နည်းဈေးတက်နေခဲ့ပါတယ်။ အရည်အသွေးမကောင်းတဲ့ ကြက်သွန်တွေကတော့ ဈေးကျဆင်းနေပါတယ်။

နေ့စဉ်ကြက်သွန်ကုန်စ်ညဒိုင်တွေကို ကုန်ပိဿာချိန် ၆ သောင်းကျော်ခန့်သာ နေ့စဉ်ဝင်ရောက်နေတာဖြစ်တဲ့အတွက် ဈေးက တက်နေခဲ့တပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တစ်ပိဿာကို ၂၅၀ ကနေ ၄၇၅ ကျပ်ရှိပြီး ၄၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀၀ ကနေ ၅၀၀ ကျပ်ရှိပြီး ၂၅ ကျပ်ဈေးတက်လာခဲ့ပါတယ်။

 

စိုးချစ်ချစ်ပိုင် (AMIA)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်