ကုလားပဲဟောင်း လက်ကျန်နည်းလာခြင်းကြောင့် အတက်ဈေးဖြင့် တည်ငြိမ်နေ

23/07/2021 15:00 PM တွင် AMIA AMIA မှ ရေးသား

ဈေးကွက်အတွင်း ကုလားပဲဟောင်းလက်ကျန် နည်းလာခြင်းကြောင့် အတက်ဈေးဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်း ကုန်သည်များထံမှ သိရသည်။

ဇွန်လကုန်က ကုလားပဲ-V2  သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၃၀၀၀ ပေါက်ဈေး ရှိရာမှ ဇူလှိုင်လ အစမှ စတင်၍ တစ်အိတ် ကျပ် ၉၅၀၀၀မှ ၉၇၀၀၀ကြား ရှိလာပြီး ဇူလိုင်လ တတိယပတ် အစထိ အတက်ဈေး ဖြင့် တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ကုလားပဲ အုပ်စုဝင် ကုလားပဲ V7 ၊ကုလားပဲ (929)၊ ကုလားပဲ ထိုင်ဝမ် ဈေးများမှာ တစ်အိတ်ကျပ် ၉၃၀၀၀ရှိရာ ယခုလတွင် ၉၅၀၀၀ခန့် အသီးသီး ရှိနေသည်။

ကုလားပဲက ပြည်တွင်းသုံးစွဲမှု များလာတဲ့အတွက်ကြောင့် ပဲ ဈေးနှုန်းမြင့်တယ်၊ တည်ငြိမ်တယ်။ သုံးတင်းဝင်တစ်အိတ်ကို ကျပ်၃၀၀၀ကနေ ၇၀၀၀ကြား ဈေးပိုရနေတယ်။ လက်ကျန်က နည်းသွားပြီ။ တောင်သူ လက်ထဲ လုံးဝမရှိတော့ဘူး။ ကုလားပဲ ခွဲခြမ်းစက်တွေနဲ့ ပြည်ပ exporterတွေ လက်ထဲမှာပဲ ရှိတော့တယ်

ဟုမန္တလေးရှိ မြသစ္စာ လယ်ယာထွက်ပစ္စည်း ရောင်းဝယ်ရေး ပိုင်ရှင် ဦးအောင်မျိုးထွန်းက ပြောသည်။

လက်ရှိတွင် ကုန်သည်၊ ပွဲစားများ ကိုဗစ်ကပ်ရောဂါကြောင့် ဒိုင်များတွင် အရောင်းအဝယ်မလုပ်ကြပဲ အွန်လိုင်းစနစ်နှင့် ဖုန်းဖြင့်သာ ရောင်းဝယ်ကြကြောင်း၊ ကုလားပဲ လိုအပ်ချက်အလိုက် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူး ရောင်းချကြကြောင်းနှင့် ပြည်ပသို့  သင်္ဘောတင်ရသည့် ရက်များတွင် အတက်ဈေးဖြင့် ကစားကြကြောင်း သိရသည်။

ကုလားပဲကို စားတော်ပဲ အစားထိုး သုံးကြတယ်။ စားတော်ပဲ ရှားပါးချိန်မျိုးမှာ ကုလားပဲဆောင်းသီးနှံ ပဲစိုက်ကြတော့ ဒီလိုကာလတွေရောက်ရင် လက်ကျန်နည်းသွားပြီပေါ့။ တချို့ကုန်သည်ကြီးတွေကတော့ ပြည်ပပို့ရမယ်ဆိုရင် လှောင်ကြတာ များတယ်။ ပြည်တွင်းလည်း စားသုံးမှုရှိတော့ အထိုက်အလျောက်တော့ ဈေးကောင်းရကြမှာပါ

ဟု မန္တလေး-ရန်ကုန် ပဲမျိုးစုံ ရောင်းဝယ်ရေး ကုန်သည် ဦးကျော်ဆန်းက ပြောသည်။

ကုလားပဲကို ပြည်တွင်းပဲကြိတ်စက် လုပ်ငန်းများက ခွဲခြမ်းများ ပြုလုပ်၍ ပါကင်စနစ်ဖြင့် ပြည်တွင်း ဈေးကွက်သို့ ဖြန့်ဖြူးကြကြောင်း သိရသည်။

ပြည်တွင်း၌ ကုလားပဲသည် ဇန်နဝါရီမှ မတ်လအထိ ထွက်ရှိပြီး စိုက်ဧက ၈သိန်းခန့် ရှိပြီး တန်ချိန် ငါးသိန်းခန့် ရှိကြောင်း၊ ပြည်ပသို့ နှစ်စဉ်တန်ချိန် လေးသောင်းကျော် တင်ပို့ကာ ပြည်တွင်း သုံးစွဲမှုက ၉၀ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။

ကုလားပဲကို ပြုတ်စားခြင်း၊ လှော်စားခြင်း၊ ပဲခြမ်းပြုလုပ်ခြင်း၊ ချက်စားခြင်း၊ ကြော်စားခြင်း၊ အမှုန့်စိမ်း ပြုလုပ် ရောင်းချခြင်း ပြုလုပ်ကာ ပြည်တွင်း၌ ထွက်ရှိသည့် ပဲများအနက် လူကြိုက်များသည့် ပဲတစ်မျိုးဖြစ်သည်။

ကုလားပဲကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မလေးရှား၊ စင်္ကာပူစသည့် နိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

ဇာလင်းသူ(AMIA)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်