ယခုတစ်ပတ်အတွင်း ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

04/03/2019 15:00 PM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ)

ဆန်၊ စပါး

ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ ဆန်ချောရော ဆန်ကြမ်းရော ဈေးအနည်းငယ်ဆီတက်ပါတယ်။ အရောင်းအဝယ်ကတော့ အေးနေပြီး ဆန်ကောင်းမှ ရောင်းရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ ဈေးတက်လာတာကတော့ မြောင်းမြပေါ်ဆန်းသစ်ပဲဖြစ်ပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်တက်လာကာ ၃၅၀၀၀ ကနေ ၃၈၀၀၀ ကျပ်ရှိပါတယ်။ ကြားပျံရှယ်ကလည်း တစ်အိတ်ကိ ၂၀၀၀ ကျပ်တက်လာပြီး တစ်အိတ်ကို ၄၀၀၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ရက် ၉၀ ဆန်သစ် ကတော့ တစ်အိတ် ကို ၂၅၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ဧည့်မထ သစ်၂၅ %မှတ်တန်ကတော့ တစ်အိတ်ကို ၁၉၂၀၀ ကနေ ၁၉၅၀၀ ရှိပြီး ၃၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဆန်ကြမ်းဈေးတွေ တက်နေပေမယ့် ပုသိမ်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ဒုတိယတန်းစားစပါးတွေက ဈေးကျဆင်းနေတာတွေ့ရပါတယ်။ မနေသုခစပါးက တင်း ၁၀၀ ကို ၅၈၄၂၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၀၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ မီးကောက်စပါးကတော့ တင်း ၁၀၀ ကို ၅၉၃၄၀၀ ရှိပြီး ၅၀၀၀ ကျပ်ဈေးကျဆင်းသွာခဲ့ပါတယ်။ စပါးဈေးကျဆင်းပေမယ့် ဆန်(ထိပ်စ)ကတော့ ဈေးငြိမ်နေခဲ့ပါတယ်။

အခြားအမျိုးအစားဖြစ်တဲ့ ရွှေသွယ်လေးနဲ့ဧရာမင်းတို့ကတော့ တင်း ၁၀၀ ကို ၆၉၀၀၀၀ ရှိပြီးသီးထပ်ရင် ကတော့ တင်း ၁၀၀ ကို ၅၇၉၆၀၀ ကျပ်ရှိပါတယ်။

ပထမတန်းစားဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁၀၃၃၉၀၄ ပေါက်ဈေးရှိပါတယ်။ ပေါ်ဆန်းရင်ကလည်း တင်း ၁၀၀ ကို ၉၄၆၂၀၀ ပေါက်ဈေးရှိပါတယ်။ ဖျာပုံပေါ်ဆန်းမွှေးစပါးကတော့ တင်း ၁၀၀ ကို ၉၂၀၀၀၀ ပေါက်ဈေးရှိပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲက ဒီတစ်ပတ်မှာလည်း ဈေးတက်လာပါတယ်။ တက်တယ်ဆိုပေမယ့်လည်း အတက်အကျ အပြောင်းအလဲကတော့ အနည်းငယ်ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်ဈေးကွက်ကနေ တင်ပို့ကလည်း အနည်းငယ်သာရှိနေပြီးဈေးကလည်း ထိန်းနေတဲ့သဘော ရှိနေခဲ့ပါတယ်။ ပဲဈေးကွက်မှာ တစ်ပတ်အတွင်း အတော်အေးနေပါတယ်။ ကုန်သည်တွေကလည်းစောင့်ကြည့်နေတဲ့အနေအထားရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကတော့ အိန္ဒိယမှာပြုလုပ်ခဲ့တဲ့ စီးပွားရေးဆိုင်ရာတွေ့ဆုံပွဲမှာ မြန်မာအစိုးရအဖွဲ့နဲ့ပဲနှမ်းကုန်သည်တွေက မြန်မာမတ်ပဲ တန်ချိန် ၄ သိန်းခန့်ကို ၂၀၁၉ ခုနှစ်မှာ ဝယ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ထို့ပြင် ပဲမျိုးစုံကို  လွတ်လပ်စာရောင်းချခွင့်ပေးဖို့နဲ့ ပဲဝယ်ယူမှုကို အချိန်မကန့်သတ်စေကြောင်း တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကတော့ အိန္ဒိယကို တောင်းဆိုမှုတွေနဲ့ပဲ ပဲရောင်းချခွင့်ရအောင် လုပ်ဆောင်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။

မတ်ပဲက ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၆၅၀၀၀၀ နဲ့ အမြင့်ဆုံးဈေးရရှိခဲ့ပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင်အနည်းငယ်သာ ဈေးတက်ခဲ့ပါတယ်။ ဖေဖော်ဝါရီတစ်လလုံး မတ်ပဲက အတက်ဈေးနဲ့ရှိနေခဲ့ပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်ပတ်အတွင်း တစ်တင်းကို ၂၀၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်၊နေပြည်တော်ကုန်စည်ဒိုင်မှာတော့ ၂၀၀၀၀ ကျပ်ပေါ်ကဈေးရှိပြီး ၅၀၀ ကျပ်၊ ဈေးကျဆင်းသွားခဲ့ပြီးပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကိ ၂၁၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ တစ်ပတ်အတွင်း အဝယ်မရှိတဲ့အတွက် တင်ပို့မှုကလည်း မရှိသလို ဈေးကလည်း ရက်ခြားသာ ဖွင့်ခဲ့ပါတယ်။ တစ်လအတွင်း ဈေးကတော့ အတက်အကျအပြောင်းအလဲ သိပ်မရှိခဲ့ပေမယ့် လအစနဲ့ယှဉ်ရင်တော့ ဈေးကတက်ပါတယ်။နယ်ဈေးကွက်တွေမှာတော့ အနည်းငယ်ဈေးတက်နေတာတွေ့ရပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၇၀၀၀၀၀ ကျော်နဲ့အရောင်းအဝယ်ဖြစ်နေပြီး ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်လိုက်ရင် တစ်တန်ကို ၃ သောင်းလောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၅၆၀၀ နဲ့ တစ်တင်းကို ၂၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၇၀၀ နဲ့ ၄၀၀ ကျပ်ဈေးတက်လာခဲ့ပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၂၆၁၀၀ နဲ့ ၁၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ၂၅၅၀၀ ကျပ်နဲ့ဈေးငြိမ်နေပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း ဈေးတက်လာခဲ့ပါတယ်။ ဖေဖော်ဝါရီမှာတော့ ပဲတီစိမ်းက အတက်ဈေး နဲ့ ဖြစ်နေပြီး အဝင်ရှိသလောက် အရောင်းအဝယ်လည်းဖြစ်နေတာတွေ့ရပါတယ်။ ပဲတီစိမ်းကတော့ တစ်ခြားပဲတွေ နဲ့နှိုင်းယှဉ်လိုက်ရင် စိတ်ပူစရာမလိုတဲ့ ပဲလို့လည်းပြောလို့ရပါတယ်။ 

တရုတ်က ပုံမှန်အဝယ်ရှိနေခဲ့ပြီး အခြားပြည်ပနိုင်ငံတွေကလည်း ဝယ်ယူမှုတွေရှိနေခဲ့တဲ့အတွက် တောင်သူတွေအနေနဲ့ အရည်အသွေးပေါ်မှာသာဂရုစိုက်ရမယ့်အခြေအနေပါ။ အရည်အသွေးပေါ်မူတည်ပြီးတော့ နယ်ကုန်စည်ဒိုင်အချို့မှာတော့ အကျဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

မုံရွာဈေးကွက်မှာ ပဲတီစိမ်း(အကြီး၊သေး)က တစ်အိတ်ကို ၂၇၂၅၀ ကနေ ၃၀၀၀၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာ ၂၃၂၇၅ ကျပ်ရှိပြီး တစ်အိတ်ကို ၉၅၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ် အိတ်ကို ၃၆၆၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် အသီးသီးဈေးကျဆင်း သွားခဲ့ပါတယ်။

ပြည်ကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၃၂၅၀၀ နဲ့ ၁၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာလည်း ၂၄၃၅၀ ကနေ ၄၂၂၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၁၀၀၀ လောက်တစ်ပတ်အတွင်း ဈေးတက်လာခဲ့ပါတယ်။

ကုလားပဲ

ပြီးခဲ့တဲ့ အပတ်က ဈေးကျဆင်းခဲ့တဲ့ ကုလားပဲက ဒီတစ်ပတ်မှာတော့ ဈေးတက်လာခဲ့ပါတယ်။ အသစ်တွေ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဒေသပဲခွဲစက်တွေက ဆက်တိုက်ဝယ်ယူမှုတွေရှိနေတဲ့ အတွက်ဈေးက တက်လာခဲ့ပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၃၃၀၀ ကနေ ၂၅၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၄၅၀၀ ကနေ ၂၄၈၀၀ ရှိပြီး ၃၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။  မြင်းခြံကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါကြီး ကတော့ ၂၄၈၀၀ ရှိပြီး ၈၀၀ ကျပ် ကုလားပဲလုံးဖြူကြီး ကလည်းတစ်တင်းကို ၂၄၈၀၀  ကျပ်ရှိပြီး တစ်တင်းကို ၁၀၅၀ ကျပ်ဈေးတက်လာပါတယ်။ 

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါက တစ်တင်းကို ၂၇၆၀၀ ကျပ်ရှိပြီး ၂၆၁၀၀ ကျပ်ရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ကုလားပဲလုံးဖြူကတော့ တစ်တင်းကို ၂၅၀၀၀ ကျပ်ရှိပြီး ၅၅၀ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၉၂၀၀ ရှိပြီး ၁၂၀၀ ကျပ်အသီးသီး ဈေးတက်လာခဲ့ပါတယ်။

ထောပတ်ပဲ

ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာလည်းဈေးတက်လာခဲ့ပါတယ်။ ထောပတ်ပဲကတော့ တစ်ခြားပဲတွေနဲ့ ယှဉ်ရင် ပြည်တွင်းစားသုံးမှုလည်းများတဲ့ ပဲလည်းဖြစ်ပါတယ်။ လက်ရှိမှာ အသစ်တွေကလည်း ဆက်တိုက် ဝင်ရောက်နေသလို အရောင်းအဝယ်ကလည်းကောင်းနေပါတယ်။

မုံရွာဈေးကွက်မှာ တစ်တင်းကို ၃၈၀၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၄၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၅၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၆၀၀၀ ကျပ်ဈေးရှိနေပါတယ်။

စားအုန်းဆီ

စားအုန်းဆီကတော့ ဒီတစ်ပတ်မှာလည်း ဈေးကျဆင်းသွားခဲ့ပြီး နှစ်ပတ်ဆက်တိုက် ဈေးကကျဆင်းနေပါတယ်။  ငွေဈေးတွေလည်းကျဆင်းသွားတဲ့အတွက် ဆီဈေးတွေကကျဆင်း သွားခဲ့တာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာကို ၁၆၂၀ နဲ့ တစ်ပတ်အတွင်းတစ်ပိဿာကို ၈၀ လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၇၄၅ ကျပ်နဲ့ တစ်ပိဿာကို ၁၅ ကျပ်လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၁၆၆၅ ကျပ်နဲ့တစ်ပိဿာကို ၃၅ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်ဆီအသင်းမှာလည်း စားအုန်းဆီက တစ်ပိဿာအရင်းဈေး ကို ၆၅ ကျပ်လောက်ဈေးကျဆင်းသွားခဲ့ပြီး ၁၅၇၇ ကျပ်ကနေ ၁၆၀၃ ကျပ် ရှိနေပါတယ်။

ဝတ်ရည်မွန်(AMIA)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်