ပြည်ပတင်သွင်းမှုများကြောင့် အာလူးဈေးကွက် နစ်နာဆုံးရှုံးမှု ကြုံတွေ့နေရ

03/11/2021 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပြည်ပနိုင်ငံတချို့မှ အာလူးများကို မြန်မာနိုင်ငံအတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် တင်သွင်းနေခြင်းကြောင့် အာလူးဈေးကွက် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ဆင်ဖြူကျွန်းဒေသမှ အာလူးစိုက်ပျိုးသူများက ပြောသည်။

အာလူးထွက်ပြီဆိုရင် ကုန်ချိန် (တန်ချိန်) အများကြီးပေါ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆင်ဖြူကျွန်းဘက်က အာလူးပေါ်ချိန်ဆိုရင် ရှမ်းပြည်နယ်ဘက်က တောင်သူတွေကလည်း ရန်ကုန်ကို အာလူးတင်ပို့မှု ထိန်းချပေးကြတယ်။ ကျွန်တော်တို့ဘက်ကို ကြည့်ပေးတဲ့သဘောပေါ့နော်။ ကုန်သည်တွေ စီးပွားရေးသမားတွေကျတော့ အဲ့ဒီလိုမဟုတ်ဘူး။ ဆင်ဖြူကျွန်းဒေသက အာလူးပေါ်နေလည်း ပြည်ပက အာလူးတွေကို တင်သွင်းကြတာပဲ။ ပြည်တွင်းကထွက်တဲ့အာလူးနဲ့တင် ဖူလုံနေရက်နဲ့ သွင်းတာဆိုတော့ တောင်သူတွေအနေနဲ့ နစ်နာမှုတော့ရှိတာပေါ့။

ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှ အာလူးစီးပွားဖြစ်စိုက်ပျိုးသူ ကိုကျော်ဇင်ထွန်းက ပြောသည်။

    မြန်မာနိုင်ငံတွင် အာလူးစိုက်ပျိုးရေးကို မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးလုပ်ကိုင်နေကြပြီး ပြည်တွင်းစားသုံးမှုနှင့် စိုက်ပျိုးထုတ်လုပ်မှု မျှတဖူလုံသော်လည်း ကုန်သည်ပွဲစားများမှ အကြောင်းအမျိုးမျိုးပြကာ အာလူးတင်သွင်းနေဆဲပင် ဖြစ်သည်။

အရင်ကတည်းကလည်း တင်သွင်းမှုတွေ နှစ်စဥ်လုပ်ခဲ့ကြတယ်။ အခုလိုကာလမှာတောင် နည်းအမျိုးမျိုးနဲ့ကို သွင်းနေတုန်းပဲ။ သွင်းအားစုတွေ၊ ဆီဈေးတွေ ကြီးမြင့်နေတဲ့အချိန်မှာတောင် အာလူးတွေက ဘင်္ဂလားဒေ့ရှ်ကဝင်တယ်။ အိန္ဒိယကဝင်တယ်။ အခုနောက်ပိုင်း တရုတ်ကလည်း ဝင်လာတယ်။ ကျွန်တော်တို့ ဆင်ဖြူကျွန်းဒေသကတောင်သူတွေလည်း နစ်နာသလို ရှမ်းပြည်က အာလူးစိုက်တောင်သူတွေလည်း နစ်နာတာပေါ့။ မူဝါဒအရတော့ အာလူးမျိုးလို့ ပြောနေပေမယ့် စားတဲ့ဈေးကွက်ကိုလည်း သွားနေမှာပါပဲ။

ဟု ၎င်းက ဆက်လက်ပြောသည်။ 

    ကုန်သည်ပွဲစားအများစုမှာ ပြည်တွင်းစိုက်ပျိုးမှုအတွက် "အာလူးမျိုး"လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ပြည်ပနိုင်ငံများမှ အာလူးတင်သွင်းခြင်းဖြစ်ပြီး၊ မျိုးစိုက်ပျိုးရန်ဟုတ်မဟုတ်နှင့် ပြည်တွင်းစားသုံးမှုဈေးကွက်သို့ ဦးတည်နေခြင်း ဟုတ်မဟုတ်ကိုမူ သက်ဆိုင်ရာဌာနအသီးသီးတို့မှ စနစ်တကျ စစ်ဆေးမှုများ ပြုလုပ်ပေးစေလိုကြောင်း တောင်သူများက ပြောသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်