စပါးခင်းထဲက ပေါင်းမြက်များနှိမ်နင်းနည်း သင်တန်း

27/06/2025 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🌾 စပါးအထွက်နှုန်းတိုးပြီး ဆန်အရည်အသွေး မြင့်မားရေးအတွက် အဟန့်အတားဖြစ်စေတဲ့ ပေါင်းမြက်တွေဆိုတာ စပါးခင်းထဲ မရှိသင့်တဲ့ အပင်တွေပါ...

ဘာလို့ဆို ပေါင်းမြက်ပင်တွေက စပါးပင်တွေ ရယူစားသုံးရမယ့် အာဟာရ၊ ရေနဲ့ နေရောင်ခြည်တို့ကို လုယူပြီး စားသုံးနေတာကြောင့်ပါ

👉 ပေါင်းမြက်ပင်တွေရဲ့ သဘောသဘာဝက ဘယ်လိုလဲ?

👉 ဘယ်လိုနည်းလမ်းတွေနဲ့ နှိမ်နင်းလို့ ရမလဲ?

👉 လူနဲ့ သဘာဝကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမယ့် ပေါင်းသတ်ဆေးနည်းလမ်းအသုံးပြုနည်းလမ်းတွေပါ သိချင်တယ်ဆိုရင် 

ဒီသင်ခန်းစာ ၃ က တောင်သူဦးကြီးတို့အတွက်ပါ 

သင်ကြားပေးမယ့် ဆရာမကတော့ ဒေါက်တာမာမာကြူပဲ ဖြစ်ပါတယ်။ 

ဆရာမက ၂၀၁၄ ခုနှစ်မှာ  ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကနေ ပါမောက္ခရာထူးနဲ့ အငြိမ်းစားပင်စင်ယူခဲ့ပြီး စပါးပေါင်းနှင့် သက်ဆိုင်သော သုတေသနများစွာကို စာတမ်းများစွာ ရေးသားခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ 

နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်တဲ့ FAO, World Bank, ADB, UNIDO စတဲ့ အဖွဲ့အစည်းတွေမှာ စိုက်ပျိုးရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်  တာဝန် ထမ်းဆောင်ခဲ့ဖူးပြီးတော့ 

ယခုလက်ရှိတွင် အလွတ်တန်းအကြံပေးပညာရှင်အဖြစ် စိုက်ပျိုးရေးသင်တန်းများ ပို့ချနေသူဖြစ်ပါတယ်။ 

🌾 ယခုသင်တန်းဟာဆိုရင် အစိမ်းရောင်နဲ့အတူ မိုးစပါးစိုက်ပျိုးလို့ရတဲ့ သင်တန်းရဲ့ သင်ခန်းစာ ၃ ထဲမှာပါဝင်တဲ့ ခေါင်းစဉ်တစ်ခုဖြစ်ပြီးတော့ 

ဇူလိုင်လ ၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ Zoom Platform ကို အသုံးပြု သင်ကြားသွားမှာ ဖြစ်ပါတယ်။ 

💻 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတောင်သူတွေအတွက်  Recorded Video များကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်တောင်သူအဖွဲ့အတွင်း ပြန်လည်တင်ပေးသွားမှာမို့

မရှင်းမလင်းတာတွေကိုလည်း ပညာရှင်တွေနဲ့ တိုက်ရိုက်ပြန်လည်မေးမြန်းနိုင်ပါတယ်နော်

သင်တန်းသားဦးရေလည်း အကန့်အသတ်ရှိတာမို့လို့ အစိမ်းရောင်လမ်းနဲ့အတူ မိုးစပါးစိုက်ပျိုးကြမယ့် ဦးကြီးတို့က အခုပဲ   Page Messenger မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်