စပါးခင်းရေသွင်းရေထုတ် စီမံခန့်ခွဲနည်းသင်တန်း

14/07/2025 10:07 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🌾 စပါးခင်းဆိုတာ အမြဲတမ်းရေလွှမ်းထားဖို့ လိုတာမဟုတ်ပါဘူး...

စပါးပင်ရဲ့ ရေလိုအပ်ချိန်ကိုသာ တွက်ဆတတ်မယ်ဆိုရင် 

ကုန်ကျစရိတ်တွေလည်း ချွေတာနိုင်သလို 

အထွက်ကောင်းအောင်လည်း စိုက်ပျိုးနိုင်မှာပဲ ဖြစ်ပါတယ်။ 

ဆိုတော့ 

🌾 ဘယ်အချိန်တွေဆို စပါးပင်က ရေလိုအပ်တာဖြစ်မလဲ? 

🌾 မိုးလေဝသဒေတာတွေကို ကြည့်ပြီး ရေသွင်းရေထုတ်ဘယ်လိုချိန်ညှိကြမလဲ? 

🌾 ဖေ့ဘုတ်စ်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားဆိုတာ ဘယ်လိုအချက်အလက်ကြည့်ပြီးသိနိုင်မလဲ..? 

စတာတွေကို သင်ကြားပြသပေးဖို့ (အစိမ်းရောင်လမ်းရဲ့ မိုးစပါးစိုက်သင်ခန်းစာ နံပါတ် ၄)မှာ စိုက်ပျိုးရေးပညာရှင် ဦးအေးနိုင်ရဲ့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က 

ယနေ့ ဇူလိုင် ၁၄ - ၁၅ ရက်များရဲ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ Zoom meeting ကို အသုံးပြုပြီး သင်ကြားပေးတော့မှာ ဖြစ်ပါတယ်

သင်တန်းကြေးကတော့ မြန်မာငွေကျပ် ၂၂၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီးတော့ 

👉 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတွေအတွက်လည်း Recording ကို အစိမ်းရောင်လမ်းရဲ့ မိုးစပါးစိုက်ပျိုးသူများ သီးသန့်အဖွဲ့ထဲ ပြန်လည်တင်ပေးသွားမှာဖြစ်ပြီး

👉 မရှင်းလင်းတာကိုလည်း ပြန်လည်ပြီး မေးမြန်းလို့လည်း ရသွားအောင် စီစဉ်ထားတာမို့လို့

စိတ်ဝင်စားသူများ အခုပဲ အစိမ်းရောင်လမ်းရဲ့ page messenger ဒါမှမဟုတ် 095053570 Viber number ကို အခုပဲ ဆက်သွယ်စာရင်းပေးနိုင်ပါပြီ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်