ရေ၊ မြေ၊ တောတောင်သဘာဝကွာခြားမှုကြောင့် အရသာထူးခြားကောင်းမွန်သည့် ပြင်ဦးလွင်ကညွတ်များကို စားသုံးသူများ ပိုနှစ်သက်ကြောင်း ကညွတ်ဈေးကွက်မှ သိရသည်။
မြန်မာပြည်အထက်ပိုင်း ရှမ်းပြည်နယ်၊ တောင်ကြီး၊ ပြင်ဦးလွင်မှ စိုက်ပျိုးသည့် ကညွတ်နှင့် ဟင်္သာတ၊ ကျောက်ဆည်၊ မြင်းခြံ၊ မြစ်သား၊ မန္တလေးအောက်ပိုင်းဒေသများမှ စိုက်ပျိုးသည့် ကညွတ် မျိုးချင်းတူသော်လည်း အရသာကွာခြားနေသည်ဟု သိရသည်။
မေမြို့ကညွတ်က အောက်ပိုင်းကညွှတ်ထက်စာရင် စျေးရပါတယ်။ တစ်ဧက လှိုင်တဲ့ရက်ဆို တစ်နေ့ အချိန်ရှစ်ပိဿာထွက်တယ်။ အောက်ပိုင်းက လူတွေက ၁၅ ပိဿာလောက် ထွက်မယ်ထင်တယ်။ ဒါပေမယ့် အောက်ပိုင်းဒေသတွေမှာ ဒိုင်က မသိမ်းတစ်ချက် သိမ်းတစ်ချက်မို့ အဆင်မပြေကြဘူး။ ပြင်ဦးလွင်ကဒိုင်ကတော့ နေ့စဉ်သိမ်းပေးနေတာပါ။ ကိုဗစ်ကြောင့် နားရတဲ့ရက် ရှိတာပေါ့။
ဟု ပြင်ဦးလွင်မှ ကညွတ်စိုက်တောင်သူ မခင်မျိုးသန့်က ပြောသည်။
မတ်လမှ အောက်တိုဘာလအတွင်းကာလများ၌ ကညွတ်စပေါ်ပြီး အခုလက်ရှိ ကညွတ်ဈေးကွက်မှာ ပြင်ဦးလွင် (မေမြို့) ရှယ်ဆ တစ်ပိဿာကို ၄၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အတွင်း၊ တခြား အောက်ပြည်အောက်ရွာမှ ကညွတ် တစ်ပိဿာကို ၂၀၀၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေသည်။
ဘာလို့ ဒီလိုဈေးကွာခြားနေသလဲဆိုရင် အောက်ပြည်ကကညွတ်က ခါးတယ်လေ။ စားသုံးသူတွေ မကြိုက်ကြဘူး။ တချို့တော့ သိပ်မခါးဘူး စားလို့ရတယ်။ လူတိုင်းတော့ မခါးဘူးပေါ့။ တချို့ ကြက်ဟင်းခါးသီးလောက်ကို ခါးတယ်။ စားတဲ့သူကပြောတာကတော့ မေမြို့က ချိုတယ် နုတယ် ကြိုက်ကြတယ်။ ကြည့်တတ်ရင် အရောင်က ကွာပါတယ်။
ဟု ကညွတ်ဝယ်ယူ ရောင်းချနေသူတစ်ဦးက ပြောသည်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်