သွင်းအားစုစရိတ်များ မြင့်တက်နေသည့်အတွက် မိုးစပါးစိုက်ပျိုးသည့် ကုန်ကျစရိတ် ယခင်ကထက် (၂) ဆတိုးကုန်ကျ

24/08/2021 20:15 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ၂၀၂၁ ခုနှစ် မိုးဦးရာသီတွင် သွင်းအားစုစရိတ်များမြင့်တက်နေသည့်အတွက် မိုးစပါးစိုက်ပျိုးသည့် ကုန်ကျစရိတ်မှာ ယခင်နှစ်ကထက် (၂)ဆခန့် တိုးမြင့်ကုန်ကျခဲ့ကြောင်း တောင်သူများက ပြောသည်။

ကျွန်တော့်လယ်က တစ်ဧကကို ပျမ်းမျှအားဖြင့် စပါးတင်းတစ်ရာနှုန်းဝန်းကျင်တော့ ထွက်ပါတယ်။ ဆင်းသုခစပါး တစ်ဧကအတွက် စုစုပေါင်းစိုက်စရိတ်က ပုံမှန်ဆိုရင် ငွေတစ်သိန်းရှစ်သောင်းကျပ်လောက်ပဲ ကုန်ကျတယ်။ ဒီနှစ်အနေအထားအရတော့ တစ်ဧကကို စိုက်စရိတ် သုံးသိန်းလောက်ကျသွားမယ်။ စပါးပေါ်တဲ့အချိန်မှာ ဈေးနှုန်းကျဆင်းတာမျိုး ကြုံရတတ်ပါတယ်။ ဒီနှစ်ဆိုရင် သွင်းအားစုစရိတ်တွေက တက်နေတော့ ပိုဆိုးတာပေါ့ ခင်ဗျာ။

ဟု ပဲခူးတိုင်းဒေသကြီး၊ ဇေယျဝတီမြို့၊ ဖြူးမြို့နယ်မှ မိုးစပါးစိုက်ပျိုးသူ ကိုအောင်ခိုင်မင်းက ပြောသည်။

    မိုးစပါးစိုက်ပျိုးကြရာတွင် အများအားဖြင့် ဇွန်လတွင် ပျိုးထောင်၍ ဇူလိုင်လတွင် စတင်စိုက်ပျိုးလေ့ရှိကာ အောက်တိုဘာလကုန်တွင် ရိတ်သိမ်းကြသည်။

    စပါးပေါ်သည့်ရာသီချိန်တွင် ဈေးနှုန်းကျဆင်းခြင်းကို တောင်သူများ နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး၊ တချို့ဒေသများတွင် ဈေးကွက်တိုက်ရိုက်မရှိဘဲ တစ်ဆင့်ခံတင်ပို့ရောင်းချရသဖြင့် လမ်းပန်းဆက်သွယ်ရေးကုန်ကျစရိတ်များလည်း ကုန်ကျနေကြောင်း သိရသည်။

ကျွန်တော်တို့က တောင်ငူမြို့ပေါ်ကို စပါးတင်ပို့ရောင်းချပါတယ်။ နယ်အဝယ်ဒိုင်တချို့က ဆင်းဝယ်ကြတာမျိုးလည်း ရှိတတ်ပါတယ်။ ဈေးကွက်အခက်အခဲကတော့ ကျွန်တော်တို့ဘက်မှာ ဒေသအဝယ်ဒိုင်တွေမရှိဘူး။ အဝေးကိုတင်ပို့ရတဲ့အတွက် လမ်းခရီးတင်ပို့တဲ့ ကုန်ကျစရိတ်က နည်းနည်းဈေးကြီးတာပေါ့။ သယ်ခ ပို့ခတွေ ပိုကုန်သွားတာပေါ့။ ဒါ့ကြောင့် ခါတိုင်း စပါး (၁၆) ပြည်တစ်တင်းကို ခြောက်ထောင်ကျပ်လောက်ရရင် တွက်ခြေကိုက်ပေမယ့် အခုနှစ်က စိုက်စရိတ်ပိုများတဲ့အတွက် စပါးတစ်တင်းကို ရှစ်ထောင်/ကိုးထောင်ကျပ်လောက်ရမှ အဆင်ပြေမယ့်သဘော ဖြစ်နေပါတယ်။

ဟု ကိုအောင်ခိုင်မင်းက ဆက်လက်ပြောသည်။

    မိုးစပါးစိုက်ပျိုးရာတွင် မိုးခေါင်ရေရှားသည့်ဒေသများ၌ ကြဲပက်စနစ်ဖြင့် အများစုစိုက်ပျိုးကြပြီး၊ ရေအလုံအလောက်ရရှိသည့်ဒေသများတွင်မူ သမန်းဆွဲစနစ်ဖြင့် စိုက်ပျိုးလေ့ရှိကြသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်