ခြင်တွေပြေးအောင် မောင်းထုတ်ပေးမဲ့ အပင် ၆ မျိုး

20/12/2022 11:30 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

ခြင်တွေက ပုံမှန်ဆို ပန်းဝတ်ရည်လေးတွေပဲစားကြပေမဲ့ ခြင်မတွေက သူတို့မျိုးပွားဖို့အတွက် (သူတို့ဗိုက်ထဲက ခြင်ကလေးတွေ အသက်ရှင်ဖို့အတွက်) လူတွေရဲ့ သွေးတွေကို လိုက်စုပ်နေရတာပဲ ဖြစ်ပါတယ်။ ခြင်မမျိုးဥတွေ ဖွံ့ဖြိုးဖို့အတွက်ဆို သွေးထဲက ပရိုတင်းဓာတ်တွေက လိုအပ်ပါတယ်။ ဒီလို ကိုယ်ဝန်ဆောင် ခြင်မေမေတွေပဲ ကျွန်မတို့ကို ကိုက်တာဆိုတော့ ဘယ်လိုအနေအထားတွေမှာ သူတို့ ပိုကိုက်တတ်သလဲ..?

အိုသွေးအမျိုးအစားဖြစ်နေခြင်း

သုတေသနပြုချက်တွေအရ ခြင်တွေကျွန်မတို့ကို လာကိုက်အောင်စွဲဆောင်နိုင်တဲ့ အချက်တွေ အများကြီး ရှိနေပေမဲ့လည်း အိုသွေးပိုင်ရှင် အမျိုးအစားရှိတဲ့ လူတွေက ခြင်ပိုကိုက်ခံရတယ်လို့ ဆိုထားကြပါတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်အပူချိန်လိုမျိုး ဇီဝဖြစ်ပျက်မှုကလည်း အခန်းကဏ္ဍတစ်ခု အနေနဲ့ ပါဝင်ပါတယ်။

အသက်ရှုခြင်း

ခြင်တွေဟာ ကျွန်မတို့ အသက်ရှုတဲ့အခါ ထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ရဲ့အနံ့ကို အာရုံခံနိုင်တဲ့ အနံ့ခံအာရုံ ပါလာတဲ့အတွက် ကျွန်မတို့ဆီကို အမြဲစိုက်စိုက်မတ်မတ်ကြီး ရောက်လာတတ်ပါတယ်။ ခြင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပြင်းအားအနံ့ကို ပေပေါင်း ၁၅၀ ကျော်ကနေတောင် လှမ်းပြီး အာရုံခံနိုင်ပါတယ်တဲ့ရှင့်။ ဒီလိုအနံ့ရလိုက်တာနဲ့ ငါတို့အတွက် အစာတော့ရပြီဟေ့ဆိုပြီး သိသွားတော့ တာပါပဲ။

အနံ့ကြောင့်

လူတွေကထွက်တဲ့ ချွေးနံ့တွေကြောင့်လည်း ခြင်တွေကို ပိုပြီးဆွဲဆောင်နိုင်တယ်လို့ သုတေသနပြုချက် တွေက ဖော်ပြထားပါသေးတယ်။ နွေရာသီလိုမျိုးမှာအလုပ်လုပ်လို့ ချွေးများများထွက်တဲ့အချိန်မှာ လူရဲ့အရေပြားမှာရှိတဲ့ ဘတ်တီရီးယားတွေက ယူရစ်အက်ဆစ်၊ လက်တစ်အက်ဆစ်၊ အမိုနီးယား အက်ဆစ်တွေကို  ထုတ်လုပ်ပေးလိုက်ပြီး ခြင်ပိုကိုက်ခံရစေတော့တာပါပဲ။

တစ်ခါတလေ အပင်ချစ်သူလေးတွေအနေနဲ့ သတိထားနေပါရဲ့ နှိမ်နင်းနေပါရဲ့နဲ့ ခြင်တွေက ပိုပိုဆိုး လာတယ်ဆို အနီးအနားမှာ ရေနဲ့ စိုက်ပျိုးထားတဲ့အပင်လေးတွေရှိနေလားဆိုတာ ကြည့်ကြည့်ပါ။ ခြင် တွေက ရေထဲမှာ ဥပြီးပိုရှင်သန်ပေါက်ဖွားနိုင်တာကိုး။

ကျွန်မတို့တစ်တွေအတွက် ခြင်တွေကို တိုက်ခိုက်ပေးမဲ့ အစွမ်းရှိအပင်လေးတွေဆိုတာလည်း ရှိလို့ နေပါတယ်။

အဲ့ဒါတွေကတော့...

(၁) ပင်စိမ်း

ပင်စိမ်းဟာ ခြင်ပြေးဆေးတွေထဲက အကောင်းဆုံးအပင်လို့တောင် ဆိုနိုင်ပါတယ်။ ပင်စိမ်းအမျိုး အစားတွေ အများကြီးရှိတဲ့အထဲက လီမွန်အနံ့ရှိတဲ့ ပင်စိမ်းနဲ့ သစ်ကြံပိုးခေါက်အနံ့ရှိတဲ့ ပင်စိမ်းက ရနံ့ပိုပြင်းတာကြောင့် ခြင်ပြေးစေချင်ရင်တော့ အဲ့ဒီပင်စိမ်း ၂ မျိုးရရင် စိုက်ထားဖို့ သုတေသနတွေက အကြံပြုထားပါတယ်။

(၂) လာဗင်ဒါ

လာဗင်ဒါဆိုတာနဲ့ တမျှော်တခေါ် ခရမ်းရောင်ပန်းခင်းကြီးနဲ့ပုံတွေကို ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ ဒီပန်းရဲ့ရနံ့ဟာ လူတွေအတွက်အဆင်ပြေပေမဲ့ ခြင်တွေအတွက်တော့ အဆင်မပြေပါဘူးတဲ့နော်။ ခရမ်း ရောင် ပန်းခင်းကြီး စိုက်ထားမယ်ဆို ပန်းခင်းကြီးတစ်ခု အနားမှာရောက်နေတဲ့အတွက် သင့်အိမ်ကို အနံ့ ပိုကောင်းစေပြီး ခြင်တွေလည်း မောင်းထုတ်နိုင်မှာပါ။ မြန်မာနိုင်ငံမှာတော့ စိုက်ဖို့ခက်ခဲနိုင်တဲ့ အပင်မျိုးပါ။

(၃) ရို့စ်မေရီ

ရေအများကြီးလိုအပ်တဲ့ အပင်မဟုတ်ပေမဲ့ ကြီးထွားမှုကတော့ မယုံနိုင်လောက်အောင်ပါ။ ဒါ့အပြင် ရို့စ်မေရီ ကိုင်းတွေဟာဆိုရင် အလွယ်တကူဖြတ်တောက်နိုင်တဲ့အတွက် အိမ်ပတ်ဝန်းကျင်လှပဖို့လည်း အလွယ်တကူ ပုံဖော်နိုင်ပါတယ်။ ခြင်လည်းပြေး၊ အိမ်လည်းလှပေါ့။

(၄) ထပ်တစ်ရာပန်း

ခြင်တွေကို တိုက်ထုတ်ဖို့ အကောင်းဆုံးအပင်တွေထဲက တစ်ခုကတော့ ထပ်တစ်ရာပင်ပါ။။ သူ့မှာ ပါဝင်တဲ့ဓာတ် ပိုင်ရီသရန်ဟာ အင်းဆက်ပိုးမွှားတွေကို တွန်းထုတ်ဖို့အကောင်းဆုံးဓာတ်တစ်မျိုးဖြစ်ပြီး ဒီဓာတ်ဟာဆိုရင် ခြင်တွေလည်းကြောက်ရတဲ့ ဓာတ်ပါပဲတဲ့ရှင့်။ ဒါ့ကြောင့် တံခါးနဲ့ ပြတင်းပေါက်မှာ ထပ်တရာပန်းကို အိုးလေးနဲ့ထည့်ပြီး စိုက်ထားလိုက်ရင် ခြင်တွေအိမ်ထဲကို ဝင်မလာနိုင်တော့ဘူး။ အိမ်ခြံ ဝန်းထဲ စိုက်ထားမယ်ဆို မျက်စိပသာဒဖြစ်ပြီး ပတ်ဝန်းကျင်ကို ပိုလှပစေတဲ့ အပင်လေးတွေပေါ့။

(၅) ကြောင်ဆေးပင်

အနံ့ရတာနဲ့ ကြောင်လေးတွေတက်ကြွလန်းဆန်းလာတဲ့ ကြောင်ဆေးပင်ဟာ ခြင်တွေအတွက်တော့ မနှစ်သက်စရာအပင်ဖြစ်နေပါတယ်။ အင်းဆက်နဲ့ခြင်တွေ မကိုက်အောင် ကာကွယ်ပေးတဲ့ ဆေး DEET ထက်စာရင် ကြောင်ဆေးပင်က ပိုတောင်အသုံးဝင်တယ်လို့ သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိထားပါတယ်။

(၆) ကဒူးဖိုပန်း

မြန်မာပြည်မှာတော့ ပေါင်းပင်အမျိုးအစားတစ်ခုသာဖြစ်တဲ့ ကဒူးဖိုပန်းဟာ ဆေးဖက်ဝင်ပင်တစ်မျိုးဖြစ် သလို သူ့မှာပါဝင်တဲ့ ကေမရင်ဓာတ်ဟာဆိုရင် စီးပွားဖြစ် ခြင်ဆေးခွေတွေမှာ ထည့်သွင်းအသုံးပြုနေတဲ့ ဓာတ်ပဲဖြစ်ပါတယ်။ ကဒူးဖိုပန်းအများစုဟာ အပြာရောင်ရှိပြီး ခရမ်းရောင်၊ ပန်းရောင်၊ အဖြူရောင်တွေ အနေနဲ့လည်း တွေ့ရပါတယ်။ ကဒူးဖိုပန်းတွေက နေရောင်ခြည်နဲ့ မြေဆီကောင်းကောင်းမရှိလည်းပဲ ရှင်သန်နိုင်ကြပါတယ်။ ဒါ့ကြောင့် ကျောက်သားဥယျာဉ်တွေမှာဆို အရောင်အသွေးစုံစုံလင်လင်နဲ့ လှပဖို့ ကဒူးဖိုပန်းကို ထည့်သွင်းစိုက်ပျိုးကြလေ့ ရှိကြပါတယ်။

အထက်ပါအပင်တွေက ခြင်တွေမလာအောင်ကာကွယ်ပေးနိုင်တယ်ဆိုပေမဲ့ ဦးကြီးတို့ရဲ့အိမ်နားမှာ ရေကန်တို့ ဒါမှမဟုတ် ကြာပန်း၊ ဗေဒါ၊ ရေဆလတ်၊ ပိန်းပင် စတဲ့အပင်တွေပါတဲ့ ဥယျာဉ်တစ်ခု ရှိနေမယ်ဆိုရင်တော့ ခြင်တွေပွားများနေတာကိုတော့ တားဆီးနိုင်လိမ့်မှာမဟုတ်ပါဘူး။

 ref; https://www.evergreenpc.com/about/our-blog/7-plants-naturally-repel-mosquitoes

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်