(၂) နှစ်တာအတွင်း ပဲတီစိမ်းဈေးကွက် ပုံမှန်လည်ပတ်နေပြီး စိုက်ပျိုးသူများအဆင်ပြေနေ

14/12/2021 13:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်များအတွင်း ပဲတီစိမ်းဈေးကွက် ပုံမှန်လည်ပတ်နေပြီး၊ စိုက်ပျိုးသူများ အဆင်ပြေနေကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသူများထံမှ သိရသည်။

ပြီးခဲ့တဲ့ ၂ နှစ် ဝန်းကျင်လောက်ကတော့ ဈေးကွက်ကျဆင်းတာမျိုး ဖြစ်ခဲ့ဖူးသေးတယ်။ အခုဆိုရင် ၂ နှစ်ဆက်တိုက်ရှိပြီ၊ ဈေးကွက်ပုံမှန်ဖြစ်နေတာ။ မနှစ်ကနဲ့ ဒီနှစ်လည်း ဈေးသိပ်မကွာဘူး။ ဘာဖြစ်လို့ဈေးကွက်ငြိမ်လာလဲတော့ မသိဘူး။ စိုက်ပျိုးသူနည်းလို့ပဲလား၊ ဝယ်လက်များလို့ပဲလား တစ်ခုခုပါပဲ။ ကျွန်တော်တို့ဒေသကစိုက်ပျိုးတဲ့ ပဲတီစိမ်းတွေကို မကွေး၊ မင်းဘူးမြို့တွေကို တင်ပို့ရောင်းချတယ်။ အဲ့ဒီမြို့တွေက ကုန်သည်တွေကတဆင့် ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကို အဓိကတင်ပို့ကြတယ်။ ရန်ကုန်ကနေမှ ကျန်တဲ့ဈေးကွက်အမျိုးမျိုးကို ဖြန့်တယ်လို့ သိရပါတယ်။

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ ပဲအမျိုးမျိုးစိုက်ပျိုးသူ ဦးသိန်းလွင်က ပြောသည်။

    ပဲတီစိမ်းအပါအဝင် ပဲအမျိုးမျိုးကို နေပြည်တော်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး (ခရမ်း၊ သုံးခွ၊ ကျောက်တန်း အစရှိသောဒေသများ)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး စသဖြင့် နေရာဒေသတော်တော်များများတွင် စိုက်ပျိုးနေသည်။

ကျွန်တော်က ပဲတီစိမ်းသီးသန့်ကို ၅၅ ဧက စိုက်ပျိုးထားပါတယ်။ ပဲတီစိမ်းစိုက်တာက စီးပွားရေးအရ တွက်ခြေကိုက်တဲ့အတွက် မိရိုးဖလာစိုက်ပျိုးခဲ့တာပါ။ ကျွန်တော်တို့ဒေသတစ်ဝိုက်မှာတင် ကုန်သည်တွေရှိတာမို့ သူတို့ကတဆင့် မန္တလေးမြို့ကို တိုက်ရိုက်တင်ပို့ရောင်းချတယ်။ မနှစ်ကရောင်းချခဲ့တာတော့ ပိဿာချိန် ၂၀ (တစ်တင်း) ကို ၄၂၀၀၀ ကျပ် ရခဲ့ပါတယ်။ ပဲတီစိမ်းက သူ့ဈေးကွက်နဲ့သူ ဈေးကွက်ပုံမှန်ရှိနေတာကြောင့်မို့ တကူးတကတော့ ဈေးကွက်မရှာဖွေရပါဘူး။ ဈေးကွက်တင်ပို့ရာမှာတော့ အရည်အသွေးပိုင်းက အဓိကပါပဲ။ ရိတ်သိမ်းခါနီးမှာ မိုးမမိအောင်တော့ သတိထားရပါတယ်။

ဟု ရန်ကုန်တိုင်းဒေသကြီး၊  သုံးခွမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ မကျီးပေါက်ကန်ကျေးရွာမှ ပဲတီစိမ်းစိုက်ပျိုးသူ ကိုသူရထွန်းက ပြောသည်။

    ပဲတီစိမ်းစိုက်ပျိုးရာတွင် မိုးကြိုရာသီ ဖေဖော်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီ မေလမှဇွန်လလယ်အတွင်း၊ မိုးနှောင်းရာသီ အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်အတွင်း ကာလများတွင် စိုက်ပျိုးလေ့ရှိကြသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်