ကောက်ရိုးမှို ဈေးကွက်သစ်ရရှိစေရန်အတွက် မှိုစည်သွပ်ဗူးစက်ရုံတည်မည်

08/01/2021 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ကောက်ရိုးမှို ဈေးကွက်သစ်ရရှိစေရန်အတွက် မှိုစည်သွပ်ဗူးစက်ရုံတည်ရန် အစီအစဉ်များလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ သိရသည်။

ဈေးကွက်ပိုင်းမှာဆိုရင် ကောက်ရိုးမှိုဈေးကွက်က လက်ရှိမှာ သီရိမင်္ဂလာဈေး ဈေးကွက်တစ်ခုကိုပဲ မှီခိုနေရတယ်။ ကျန်တဲ့မှိုတွေကလည်း ကိုဗစ်ကာလအတွင်း စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းတွေ အားနည်းတဲ့အတွက် ဈေးကွက်ခက်ခဲနေတယ်။ ဒါ့ကြောင့်မို့လို့ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း (၄) မြို့နယ်အနီးတဝိုက်က ကောက်ရိုးမှိုစိုက်တောင်သူတွေ ဈေးကွက်အဆင်ပြေအောင် မှိုစည်သွပ်ဗူးစက်ရုံတစ်ခု တည်ဆောက်ပေးသွားမယ်လို့ သိရှိရတယ်။

ဟု အဆိုပါအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းသန်းမောင်မောင်က ပြောသည်။

    စည်သွပ်ဗူးစက်ရုံ တည်ဆောက်ရန်အတွက် မှိုများ ရေသန့်စင်ဆေးကြောနိုင်ပြီး ရေထဲ၌  ကလိုရင်းဓာတ်ပါဝင်ခြင်းမရှိရန်၊ ရေရရှိမှုကောင်းမွန်သည့် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာတွင် စည်သွပ်ဗူးစက်ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဲ့ဒီ စည်သွပ်ဗူးစက်ရုံကို မြန်မာ့လယ်ယာအကျိုးစီးပွား အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ဆန်စပါးအသင်းချုပ်ရဲ့ ချိတ်ဆက်ကူညီမှုတို့နဲ့ တည်ဆောက်သွားမယ်လို့ သိရတယ်။ အိန္ဒိယပညာရှင်တွေကို ငှားရမ်းတည်ဆောက်မှာဖြစ်ပြီး စက်ရုံတည်ဖို့ မြေဝယ်တာတွေ၊ လိုအပ်တဲ့တိုင်းတာမှုတွေကို လုပ်ပြီးသွားပြီလို့ သိရတယ်။ ၂၀၂၁ ခုနှစ်အတွင် တည်ဆောက်ပြီး၊ ၂၀၂၂ ခုနှစ်မှာ စက်ရုံပြီးသွားတာနဲ့ မှိုစိုက်တောင်သူတွေ ဈေးကွက်ရရှိအောင် ကူညီပေးနိုင်မှာပါ။

ဟု ဦးသိန်းသန်းမောင်မောင်က ဆက်လက်ပြောသည်။

    မှိုစိုက်တောင်သူများ နိုင်ငံတကာဈေးကွက်သစ် ချိတ်ဆက်နိုင်စေရန်အတွက် မှိုဂျီအေပီ (Mushroom GAP)ကို စိုက်ပျိုးရေးဦးစီးဌာနမှလည်း သီးသန့်လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်