၂၀၂၁ ခုနှစ်အတွက် ပထမဆုံးအကြိမ် မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်မည်

05/11/2021 19:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

     ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ  စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း (၁/၂၀၂၁) ကို (၁၀)မိုင်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း၊ ပဲခူးမြို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။    

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကနေ ကာကွယ်နိုင်ဖို့အတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလလောက်ကစပြီး သင်တန်းတွေ ရပ်နားခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်ကတော့ ကျွန်တော်တို့ဌာနက သင်တန်းတွေ တောက်လျှောက်ဖွင့်လှစ်ခဲ့တာပါ။ ၁၉၈၉ ခုနှစ်ကတည်းက မှိုမျိုးစုံစိုက်ပျိုးနည်းသင်တန်းတွေ စတင်ဖွင့်လှစ်ခဲ့တာဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော် ဖွင့်လှစ်ပို့ချခဲ့ပြီးပါပြီ။ ကိုဗစ်-၁၉ ကာလအတွင်းမှာတော့ ဒီသင်တန်းက ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ သင်တန်း စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ဟု စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောသည်။

    အဆိုပါ သင်တန်းကို နိုဝင်ဘာလ (၁၀) ရက်မှ နိုဝင်ဘာလ (၁၆) ရက်အထိဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး၊ သင်တန်းကြေး အခမဲ့အပြင် ​သင်တန်းကာလအတွင်း သင်တန်းသားကို ဌာနသင်တန်းဆောင်တွင် အခမဲ့နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ သိရသည်။

သင်တန်းကျောင်းကလည်း ဝင်ဆံ့တဲ့အတွက် ကိုဗစ်မဖြစ်ခင်အခြေအနေတုန်းကတော့ သင်တန်းသား ၄၀ ဦးအထိ လက်ခံသင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ သင်တန်းသား ၄၀ ဦးဆံ့တဲ့ ခန်းမလည်းရှိတယ်၊ နေစရာအိပ်ဆောင်လည်း ရှိပါတယ်။ အခုတော့ ကိုဗစ်-၁၉ ကာကွယ်ကုသ ထိန်းချုပ်ရေးကော်မတီရဲ့လမ်းညွှန်ချက်နဲ့ညီညွတ်အောင် သင်တန်းသားဦးရေကို ထက်ဝက်လျှော့ချပြီး သင်တန်းသား ၂၀ ဦးကိုသာ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလအတွင်း သင်တန်းသားအားလုံး ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး စိတ်ချလက်ချရှိစေဖို့ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူတွေကို ဦးစားပေးလက်ခံပေးသွားမှာ ဖြစ်ပါတယ်။

ဟု ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။          

    သင်တန်းကြေးပေးအပ်ရန် မလိုဘဲ အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး၊ သင်တန်းသား၏ စားစရိတ်၊ သင်တန်းမှတ်စုများ၊ လက်တွေ့လုပ်ငန်းဆောင်ရွက်မှုနှင့် ပြင်ပမှိုခြံ လေ့လာရေးခရီးစဥ်များအတွက်မူ သင်တန်းသားဘက်မှ ကိုယ့်စားရိတ်ကိုယ် ကျခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    သင်တန်းတက်ရောက်လိုသည့်သင်တန်းသားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၇/၈) ရက်နေ့ နောက်ဆုံးထား၍ ဖုန်းနံပါတ် ၀၉-၄၂၀၁၇၇၁၁၅၊ ၀၉-၉၇၀၁၇၈၄၈၉ ထံသို့ စာရင်းပေးသွင်းနိုင်ကြောင်း ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ သိရသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်