ပြည်ပမှပြောင်းဆံများ တင်သွင်းခွင့်ပြုရန်တင်ပြခြင်းကို မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ တရားဝင်ကန့်ကွက်

02/10/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပြည်ပမှပြောင်းဆံများ တင်သွင်းခွင့်ပြုရန် ကုမ္ပဏီတစ်ခုက တင်ပြတောင်းဆိုသည့်အတွက် သက်ဆိုင်ရာအစိုးရဌာနမှ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၏ သဘောထားမှတ်ချက်ကိုတောင်းခံရာ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း (Myanmar Corn Industrial Association) မှ တရားဝင်ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဇွန်လမှ နိုဝင်ဘာလအတွင်း ပြောင်းဆံရှားပါးတဲ့အတွက် ပြည်ပကနေ တင်သွင်းခွင့်ပြုပေးပါလို့ သူတို့ဘက်က တောင်းဆိုထားတာကိုတွေ့ရတယ်။ တကယ်က မြန်မာနိုင်ငံမှာ တစ်နှစ်ပတ်လုံးနီးပါး ပြောင်းဆံထွက်ရှိတယ်။ မထွက်တာ ဇူလိုင်လနဲ့ ဩဂုတ်လ နှစ်လပဲရှိတယ်။ အဲ့ဒီနှစ်လအတွင်းမှာ ပြောင်းဆံပြတ်လပ်ရအောင်လည်း အဲ့ဒီလတွေက မြန်မာနိုင်ငံမှာ Export ရှိတဲ့ကာလတွေ မဟုတ်ဘူး။ ပြည်တွင်းမှာပြောင်းဆံတွေရှိနေသေးတဲ့ လတွေဖြစ်တယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ပြောင်းဆံတွေမရှိလို့ တင်သွင်းချင်တာမဟုတ်ဘဲ ပြည်ပကသွင်းရင် ပြောင်းဆံဈေးနှုန်း ပိုများသက်သာမလား၊ သူတို့အတွက် ပိုတွက်ချေကိုက်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်သွင်းချင်နေတာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အစေ့ထုတ်ပြောင်းထုတ်လုပ်မှုက ပြည်တွင်းဖူလုံတဲ့အပြင် ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချလို့ပါ ရနေတာကြောင့် ပြောင်းတင်သွင်းမယ့်ကိစ္စကို အခုလို ကန့်ကွက်ရတာဖြစ်ပါတယ်။

ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဌ ဦးမင်းခိုင်က ပြောသည်။

    ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နှင့် (၂၄) ရက်များက သက်ဆိုင်ရာဌာနများ၊ အစာစပ်လုပ်ငန်းများနှင့် မြန်မာနိုင်ငံပြောင်းအသင်းတို့ပူးပေါင်း၍ Zoom Meeting ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင်လည်း ပြောင်းဆံများ တင်သွင်းခွင့်မပြုသင့်သည့်အကြောင်း၊ ပြည်ပမှ ပြောင်းဆံများတင်သွင်းပါက ပြည်တွင်းရှိ ပြောင်းစိုက်တောင်သူများ ထိခိုက်နစ်နာနိုင်သည့်အပြင် ပြောင်းဈေးကွက်ပျက်သည်အထိ အကျိုးသက်ရောက်မှုများ ရှိလာနိုင်ကြောင်း တရားဝင် တင်ပြကန့်ကွက်ခဲ့သည်ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

ပြောင်းဆံတွေ တင်ပို့ရောင်းချရာမှာ အရင်က တရုတ်နိုင်ငံတစ်ခုတည်းကို အားထားရောင်းခဲ့တယ်။ ပြောင်းလုပ်ငန်းအသင်းကဦးဆောင်ပြီး ပြည်ပဈေးကွက်သစ်တွေ ရှာဖွေခဲ့တာ အခုဆိုရင် ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့ရောင်းချနေရပြီဖြစ်တယ်။ နောက်တစ်ခုက အစေ့ထုတ်ပြောင်းမှာ GMO လို့ခေါ်တဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ပြောင်းရယ်၊ Non-GMO လို့ခေါ်တဲ့ မျိုးရိုးဗီဇမပြုပြင်ထားတဲ့ပြောင်းရယ် နှစ်မျိုးရှိတယ်။ ကမ္ဘာပေါ်မှာ အမေရိကန်အပါအဝင် နိုင်ငံကြီးတွေက GMO ပြောင်းကို စိုက်နေကြတယ်။ မြန်မာနိုင်ငံက ပြောင်းဆံက Non-GMO ဖြစ်တယ်။ ဒီတော့ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့က GMOပြောင်းကို မနှစ်သက်တဲ့အတွက် မြန်မာနိုင်ငံကနေ Non-GMO ပြောင်းကို ဝယ်ယူနေတာဖြစ်တယ်။ အခုလိုမျိုး ပြည်ပကပြောင်းဆံတွေ တင်သွင်းခွင့်ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံကနေ လက်ရှိဝယ်ယူနေတဲ့ နိုင်ငံတွေက၊ သူတို့ဝယ်ယူမယ့်ပြောင်းက မြန်မာနိုင်ငံက တကယ်ထွက်ရှိတာမှ ဟုတ်ရဲ့လား Re-export လုပ်နေတာများလား (GMO ပြောင်း အမျိုးအစားများ ဖြစ်နေမလား)လို့ သံသယသာရှိသွားရင် ရပြီးသားဈေးကွက်ကြီးတွေပါ ပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်။

ဟု ဦးမင်းခိုင်က ဆက်လက်ပြောသည်။

    ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်စာရင်းအရ မြန်မာနိုင်ငံ၏ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် စုစုပေါင်း မက်ထရစ်တန်ချိန် (၂၇)သိန်းကျော် ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းသုံးစွဲမှုစုစုပေါင်းသည် (အစာစပ်စက်ရုံများ၊ အရက်ချက်စက်ရုံများ၊ အခြားလုပ်ငန်းများမှ သုံးစွဲမှုများအပါအဝင်) မက်ထရစ်တန်ချိန် (၁၂) သိန်းဝန်းကျင်သာ ရှိနေသည်။ 

    ထို့သို့ ပြည်တွင်း၌ ပိုလျှံနေသည့် ပြောင်းဆံများကို ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများထံသို့ တင်ပို့ရောင်းချနေရသဖြင့် ပြည်ပမှ ပြောင်းဆံတင်သွင်းခွင့်ပြုရန် တင်ပြလာသည်ကို မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ တရားဝင်ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်