ပြာသိုလပြည့် အမေများနေ့

02/01/2026 10:22 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်နေသော နှစ်တစ်နှစ်ကို ပိုင်ဆိုင်ကြပါစေလို့ အစိမ်းရောင်လမ်းက ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 

#အမေများနေ့ ဖြစ်ပေါ်လာပုံ 

အမေနေ့ (မိခင်များနေ့) (Mother's Day)သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေမိခင်နေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြသည်။ မြန်မာနိုင်ငံတွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြသည်။ မြန်မာပြည်တွင် စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ပြက္ခဒိန်တွင် ပြာသိုလပြည့်အမေနေ့အဖြစ် ကမ္ပည်းတင်နိုင်ခဲ့ပေသည်။ မြန်မာ့ယဉ်ကျေးမှုအရ အမေကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး မာတာပိတုဂုဏောအနန္တော ဟူ၍ ပူဇော်အရိုအသေပေးခဲ့ကြသည်။ ဆရာကြီးဦးသုခက တရားဝင်ဖြစ်စေရန် ကြိုးပမ်းပေးသူ ဖြစ်သည်။ (၁၉၉၅)ခုနှစ်၊ ပြာသိုလပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်ကျင်းပပြုလုပ်ခဲ့သည်။ (၁၉၉၇)တွင် ပြာသိုလပြည့်နေ့အား အမေနေ့အဖြစ် တရားဝင်သတ်မှတ်နိုင်ခဲ့သည်။ မိဘကျေးဇူးဆပ်နည်းစသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု Wikipedia တွင် ရေးသားဖော်ပြထားပါသည်။ 

#အမေများနေ့ 

#ပြာသိုလပြည့် 

#အစိမ်းရောင်လမ်း 

#Green_Way


ဆွေးနွေးချက်များ

ဆွေးနွေးရန်