ဈေးကွက်အတွင်း “ဝါး”လိုအပ်ချက်များပြားနေ

09/07/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ပြည်တွင်းဈေးကွက်အတွင်း “ဝါး”လိုအပ်ချက်များပြား၍ ဈေးကွက်မှာ ရေရှည်ခိုင်မာမှုရှိနေကြောင်း မြန်မာနိုင်ငံ “ဝါး”စိုက်ပျိုးရေးအသင်းမှ သိရသည်။

နိုင်ငံရဲ့ “ဝါး”လိုအပ်ချက်ကိုက သန်းလေးရာလောက် လိုအပ်နေတာကိုး။ ကိုယ့်နိုင်ငံထဲ မှာတင် လိုအပ်ချက်ကများနေတာ။ မျှစ်ကလည်း သဘာဝအတိုင်း ထွက်နေတာတောင် တောက်လျှောက်ကို ဝယ်လက်ရှိနေတာ။ မျှစ်စက်ရုံတွေဆို မျှစ်ကို နေရာအနှံ့က လိုက်လံ ဝယ်ယူနေကြတယ်။ ဒါတောင် လိုအပ်ချက် အပြည့်အဝမရတာမျိုး တွေ့နေရတယ်။ နောက်တစ်ခုက ဝါးက စက်မှုကုန်ကြမ်းသီးနှံအမျိုးအစားတစ်ခုလည်း ဖြစ်သွားပြီဆိုတော့ နိုင်ငံတော်ရဲ့ ကူညီအားပေးမှုတွေလည်း အများကြီးဖြစ်ထွန်းလာဖို့ ရှိပါတယ်။

ဟု မြန်မာနိုင်ငံ “ဝါး”စိုက်ပျိုးရေးအသင်း ဥက္ကဌ ဦးကျော်ဝင်း က ပြောသည်။

    ဒေသအလိုက် ဈေးကွက်လိုအပ်ချက်ပေါ် မူတည်၍ ကြက်သောင်းဝါး၊ ဝါးပိုးဝါး၊ မျှစ်ချိုဝါး၊ သိုက်ဝါး၊ မျှင်ဝါး၊ ဝါးနက်ဝါး၊ ထီးရိုးဝါး စသည့် ဝါးအမျိုးအစားတို့မှ မျှစ်စို၊ မျှစ်ခြောက်၊ မျှစ်ချဉ်များ ထုတ်လုပ်ရောင်းချနေကြသည်။

သရက်၊ ဖရဲသခွားတို့ကို စိုက်ပျိုးထားတယ်ဆိုရင် ဒီအချိန်မှာ ခူးဆွတ်ရမယ့်အသီးက ခူးကိုခူးရမှာပဲ။ ကျန်တဲ့သီးနှံတွေလည်း ဒီအတိုင်းပဲ။ မျှစ်ကတော့ ဒီအချိန်မှာ ချိုးကို ချိုးရမယ်လို့ ကန့်သတ်ချက် မရှိဘူး။ တစ်ပေအရွယ်မှာ မျှစ်ချိုးမလား၊ ငါးပေအရွယ်မှ ချိုးမလား၊ ချိုးပြီးမှ မျှစ်စိမ်း မရောင်းဖြစ်ဘူးဆို ပြုတ်ပြီး ရောင်းလို့ရသေးတယ်လေ။ ပြုတ်ပြီး ရောင်းလို့မှ အဆင်မပြေဘူးဆို အခြောက်လှမ်းထားမလား၊ မျှစ်ချဉ်တည်လိုက်မလား အဆင်ပြေတယ်။ လွှင့်ပစ်လိုက်ရတယ်ဆိုတာ မရှိဘူး။ မျှစ်မချိုးဖြစ်လိုက်လို့ ဝါးဖြစ်သွားလည်း အသုံးတည့်တာပဲလေ။ လုံးလုံးဆုံးရှုံးတဲ့ အမျိုးအစားထဲမပါဘူး။

ဟု ဦးကျော်ဝင်း က ဆက်လက်ပြောသည်။

    ကမ္ဘာပေါ်တွင် “ဝါး” မျိုးစိတ်ပေါင်းများစွာရှိသည့်အနက်၊ မျိုးစိတ်ပေါင်း ၁၀၀ ကျော်ကို စီးပွားဖြစ် အသုံးပြုရန် စိုက်ပျိုးထုတ်လုပ်နေကြသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်