ငရုတ်ကောင်းစျေးကွက်အတွက် မျိုးကောင်းမျိုးသန့်ရရှိရန် အထူးလိုအပ်နေ

18/02/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စျေးကွက်လိုအပ်ချက်ရှိသော်လည်း စျေးကောင်းမရပဲ စျေးနှုန်းတည်ငြိမ်နေခြင်းမှာ မျိုးကောင်းမျိုးသန့်များ လိုအပ်နေခြင်းကြောင့်ဖြစ်ကြောင်း ငရုတ်ကောင်းစိုက်ပျိုးရေး ကျွမ်းကျင်သူများက ပြောသည်။

မြန်မာ့ငရုတ်ကောင်းစျေးကွက်အတွင်း ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ငရုတ်ကောင်းများ ဝင်ရောက်နေရာယူနေပြီး၊ ပြည်တွင်းထွက် ငရုတ်ကောင်းနှင့် နှိုင်းယှဉ်ပါက၊ (ပြည်ပမျိုးများက) စျေးကွက်ဝေစုသာမက စျေးနှုန်းအမြင့်ပိုင်းတွင်ပါ  ဦးဆောင်နေသည်။

ငရုတ်ကောင်း စားသုံးမှုကများတယ်။ စျေးကွက်လည်း ရှိတယ်။ မြန်မာသီးတွေက အလုံအလောက်မရှိဘူး။ ဒီတော့ စျေးကွက်လိုအပ်ချက်ကို မဖြည့်ပေးနိုင်ဘူး။ မြန်မာမျိုးတွေက ခူးခသာသာပဲစျေးရတာကြောင့် တောင်သူတွေက မစိုက်ကြတာပါ။ မျိုးကောင်းမျိုးသန့်သာရရင် ဗီယက်နမ်ကနေ တကူးတက ဝင်နေစရာအကြောင်းမရှိဘူး။ မျိုးကောင်းမျိုးသန့်ရဖို့ကလည်း တစ်ဦးတစ်ယောက်တည်း အင်အားနဲ့ မဖြစ်နိုင်ဘူးလေ။

ဟု ငရုတ်ကောင်း စီးပွားဖြစ်စိုက်ပျိုးသူ တောင်သူအစုအဖွဲ့မှ ဦးအောင်ဆန်းဦး (KKO pepper) က ပြောသည်။

လက်ရှိစျေးကွက်တွင် ငရုတ်ကောင်း ဗီယက်နမ်သီး အောက်စ တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ဝန်းကျင်၊ ဗီယက်နမ်သီး လက်ရွေးစင် အလုံးသန့် တစ်ပိဿာလျှင် ၈၀၀၀ ကျပ် ဝန်းကျင်၊ မြန်မာ့ငရုတ်ကောင်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ဝန်းကျင်ဖြင့် စျေးနှုန်းတည်ငြိမ်နေသည်။

စျေးအတက်အကျ မရှိဘူး။ မြန်မာသီးတွေက စျေးကျဆင်းနေဆဲပဲ။ အဓိကက နည်းပညာပြန့်ပွားရေးလုပ်ဖို့ လိုအပ်နေတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အင်တိုက်အားတိုက် မဖော်ဆောင်ပေးနိုင်သေးဘူး။ အသင်းအဖွဲ့ရယ်လည်း တိတိကျကျ မလုပ်နိုင်သေးဘူးဆိုတော့ ဗီယက်နမ်ကသွင်းနေတဲ့ ငရုတ်ကောင်းတွေကိုပဲ ဈေးကွက်လိုအပ်ချက်အရ အားပြုနေရတာပါဘဲ။

ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။

ငရုတ်ကောင်းပင်ကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးနေကြပြီး ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းရှိ နေရာတချို့နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့တွင်လည်း အနည်းအကျဉ်း စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးမှတ်တမ်းများအရ  သိရသည်။

နန်းထက်ထက်ချစ်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်