အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများ လုပ်သားအင်အားလိုအပ်နေ

ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများ လုပ်သားအင်အားလိုအပ်နေ

Green Way
Green Way • Greenovator • 13/05/2020

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်ရေသောက်စနစ် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများတွင် လုပ်သားအင်အားများ လိုအပ်လျက်ရှိကြောင်း အဆိုပါဌာနမှ သိရသည်။

    ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသည့် ဆည်ရေသောက်စနစ် (၅) ခု အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ကမ္ဘာဘဏ်ချေးငွေနှင့် ဂျပန်နိုင်ငံ ODA ချေးငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လုပ်သားအင်အားကို အဓိက အသုံးပြုနေသည်။

    သို့ဖြစ်၍ ထိုစီမံကိန်းဆောင်ရွက်နေသည့် ဒေသများမှ အလုပ်အကိုင်လိုအပ်သည့် ဒေသခံများအနေဖြင့် နီးစပ်ရာလုပ်ငန်းခွင်ရှိ တာဝန်ခံများနှင့် ချိတ်ဆက်ပြီး ပါဝင်လုပ်ကိုင်နိုင်ကြောင်းသိရသည်။

    ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းနှင့် သာယာဝတီ၊ သဲကော ဆည်ရေသောက်စနစ်အတွက် လက်ထောက်ညွှန်ကြားရေးမှူး ဦးစဝ်ခွန်ဦး (09-2002059)၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး၊ ဘောနီဆည်ရေသောက်စနစ်အတွက် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးညွှန့် (09-250064909)၊ နေပြည်တော် ဥတ္တရသီရိ ငလိုက်ဆည်ရေသောက်စနစ်အတွက် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင် (09-250689185)၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်၊ ဇီးတော ဆည်ရေသောက်စနစ်အတွက် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မင်း (09-43064297)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုနှင့် ကန့်ဘလူ၊ သဖန်းဆိပ် ဆည်ရေသောက်စနစ်အတွက် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထိုက် (09-428617323) တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ ​သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်

ဦး​နေလင်းထက် • ဖြေကြားချက် 1 ခု

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်​သေဆုံးရသည့် အ​ကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ

Nay L H • ဖြေကြားချက် 1 ခု

GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ

Aye Chan Min • ဖြေကြားချက် 0 ခု

ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ

U Than Toe Aung • ဖြေကြားချက် 1 ခု

ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး

MgMinlwinsoe • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။