လူသုံးကုန်၊ စားသောက်ကုန်များ ထုတ်လုပ်နိုင်ပြီး ဈေးကွက်ဝယ်လိုအားများသည့် ဝဥသီးနှံကို တိုးချဲ့ထုတ်လုပ်နိုင်ရန် ပံ့ပိုးကူညီမှုများ လိုအပ်နေကြောင်း တောင်သူများထံမှ သိရသည်။
ဝဥ စတင်စိုက်ပျိုးရာမှာ အဓိကကျတာကတော့ စိုက်ပျိုးစရိတ်နဲ့ အလုပ်သမားခတွေပါပဲ။ ကျွန်တော်တို့ချင်းပြည်နယ်မှာ ဝဥသီးနှံကို ကိုယ်ထူကိုယ်ထစနစ်နဲ့ စိုက်ပျိုးနေရတဲ့အတွက် ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိပဲ လုပ်နိုင်ပါသေးတယ်။ တိုးချဲ့စိုက်ပျိုးဖို့အတွက်တော့ အခက်အခဲတွေ ရှိနေပါတယ်။
ဟု ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့မှ စီးပွားဖြစ် ဝဥစိုက်ပျိုးသူ ဦးကီးထန်း က ပြောသည်။
ချင်းပြည်နယ်မှ ထွက်ရှိသည့် ဝဥကုန်ကြမ်း၊ ကုန်ချောများကို မန္တလေးပွဲရုံဈေးကွက်နှင့် ဝဥ စက်ရုံများသို့ အများဆုံး တင်ပို့ရောင်းချကြောင်း သိရသည်။
လက်ရှိအခြေအနေမှာ ဝဥက ဈေးကွက်ဝယ်လိုအားများနေပါတယ်။ ဒါပေမယ့်လည်း စိုက်ဧကတွေတိုးလာဖို့နဲ့ အရည်အသွေးပြည့်မီတဲ့ဝဥတွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ဆိုရင် တောင်သူတော်တော်များများအတွက်တော့ မ,တည်ရင်းနှီးငွေ (စိုက်ပျိုးစရိတ်) နဲ့ နိုင်ငံတော်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးမှုတွေ အများကြီးလိုအပ်နေပါသေးတယ်။
ဟု ဦးကီးထန်း က ဆက်လက်ပြောသည်။
လက်ရှိဈေးကွက်တွင် ဝဥပေါက်စျေး ဝဥအစို တစ်ပိဿာလျှင် ကျပ် ၂၀၀၀ မှ ၂၂၀၀ ကျပ် ဝန်းကျင်၊ ဝဥခြောက် တစ်ပိဿာလျှင် ၁၁၅၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်အထိ ဈေးနှုန်း အသီးသီးရှိနေကြောင်း သိရသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator