သကြားဈေးကွက်အပေါ်ချိန်ဆ၍ စိုက်ပျိုးနေရသည့်အတွက် ကြံစိုက်တောင်သူအများစု အဆင်မပြေ
သကြားဈေးကွက် အတက်အကျအပေါ် ချိန်ဆ၍ စိုက်ပျိုးထုတ်လုပ်နေရသည့်အတွက် ကြံစိုက်တောင်သူအများစု အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
"ကျွန်တော်တို့ဆီက ကြံတွေကိုတော့ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာမှာရှိတဲ့ သကြားချက်တဲ့ စက်ရုံကို တင်ပို့ရောင်းချနေပါတယ်။ ကြံအချောင်းလိုက်ကိုခုတ်ပြီး စက်ရုံအရောက် တင်ပို့ရောင်းချတာပါ။ ဒီနှစ် ပေါက်ဈေးကတော့ မသိသေးပေမယ့် မနှစ်ကဈေးကတော့ ကြံတစ်တန်ကို ငွေကျပ် (၄၃၀၀၀) ရခဲ့ပါတယ်။ ဈေးကွက်အခက်အခဲကတော့ ရှိနေပါတယ် ခင်ဗျ။ ကြံဈေးကလည်း သကြားဈေးနဲ့ချိန်ပြီး သွားရတာဆိုတော့လေ။ ပြီးခဲ့တဲ့ သုံးနှစ်လုံးလည်း ကြံဈေးမကောင်းခဲ့လို့ တောင်သူတွေ အဆင်မပြေခဲ့ကြပါဘူး။"
ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ တိလောရွာ အကွက်(၁)မှ ကြံသီးနှံစိုက်ပျိုးထုတ်လုပ်သူ ကိုစိုးဝင်းက ပြောသည်။
ကြံတစ်ဧက စိုက်ပျိုးပါက စတင်စိုက်ပျိုးစဉ်မှ ရိတ်သိမ်းချိန်အထိ စုစုပေါင်း ပျမ်းမျှကုန်ကျစရိတ် (၁၀)သိန်းကျပ်ဝန်းကျင် ကုန်ကျပြီး၊ ဒေသတစ်ခုနှင့်တစ်ခု ကုန်ကျစရိတ်များလည်း မတူကွဲပြားနိုင်ကြောင်း သိရသည်။
"ကြံမျိုးပင်ကျတော့ တောင်သူအချင်းချင်း ဝယ်မယ်ဆိုရင် တစ်ပင်ကို ငွေကျပ် ငါးဆယ်ကနေ၊ တစ်ရာကျပ်အတွင်း ဈေးနှုန်းရှိပါတယ်။ တချို့ဒေသတွေနဲ့လည်း ဈေးမတူတာမျိုး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ဒေသမှာတော့ တစ်ဧက ပျမ်းမျှကုန်ကျစရိတ်စုစုပေါင်းက ကိုးသိန်းကျော်၊ ဆယ်သိန်းကျပ်လောက် ကုန်ကျတယ်။ ကြံတစ်တန်ရောင်းတဲ့အခါမှ ငွေလေးသောင်းကျပ် ကျော်ကျော်ပဲ ရတာဆိုတော့ စိုက်ပျိုးစရိတ်ကုန်ကျထားတာနဲ့ ပြန်ရတာနဲ့က တွက်ခြေမကိုက်ကြပါဘူး။"
ဟု ကိုစိုးဝင်းက ဆက်လက်ပြောသည်။
ကြံပင်၏ စိုက်ပျိုးသက်တမ်းမှာ အချိန် (၁၁)လမှ တစ်နှစ်အတွင်း ကြာမြင့်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ဆက်စပ်မေးခွန်းများ
မဂ်လာပါပန်းအညွန့်တွေက ပုံစံပျက်နေတယ်အထဲမှာပိုးလာခဗျာ ဖြေကြားပေပါဉီး။
bominthu • ဖြေကြားချက် 0 ခု
မူန်ညှင်းအပင်ပုတ်နေတာဘာဆေးသုံးရမလဲဗျ
U Min Lna • ဖြေကြားချက် 1 ခု
ဆရာ သီးလုံးဖောက်ပိုးအတွက် ဒီကောင်လေးပေးလိုက်လို့ဆျာ အဆင်ပြေပါ့မလားဆရာ ဝိစာရက ဘီတာစီပါဆရာ
U Yan • ဖြေကြားချက် 2 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....