ငါးနက်ပြာငါး မွေးမြူနည်း

12/06/2024 13:45 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးနက်ပြာငါးသည် ငါးကြင်းမျိုးနွယ်အုပ်စုတွင် ပါဝင်သဖြင့် ငါးကြင်း၊ ငါးမြစ်ချင်းတို့နှင့် မျိုးနွယ်တူသည်။ ငါးနက်ပြာကို ငါးနံဟူ၍လည်း အမည်တစ်မျိုးဖြင့် ခေါ်ဝေါ်ကြသေးသည်။ အချို့အရပ်တွင် ငါးနက်ပြာ အနည်းငယ် ပုံသဏ္ဌာန် ကွဲပြားသွားသောငါးများနှင့် ငါးနက်ဖူး၊ငါးအုံတုံ၊ ငါးတိန်းတို့ကိုလည်း တွေ့နိုင်ပေသည်။

ငါးနက်ပြာနှင့် မျိုးချင်းနွယ်သည့် အချို့သောငါးတွင် အကြေးခွံမှာ ရွှေရောင်သန်းနေတတ်သောကြောင့် ငါးရွှေ (ရခိုင်ပင်လယ်ဘက်မှာရှိသည့် ကိုယ်ထည်ရှည်လျားလျားနှင့် ပင်လယ်ငါးဖြစ်သော  ငါးရွှေမဟုတ်ပါ) ဟူ၍လည်း ဟင်္သာတဘက်တွင် ခေါ်ဝေါ်ကြသေးသည်။ ငါးနက်ပြာသည် ကိုယ်ထည်တောင့်တင်းကြံ့ခိုင်၍ ပါးစပ်ပေါက်ကျဥ်းလေသည်။ နှာတံနှင့် အထက်နှုတ်ခမ်းတို့တွင် အပေါက်ကလေးများ ရှိသည်။နှုတ်ခမ်းမွေးနှစ်စုံပါသည်။ အမြီးခွစောက်နက်သည်။

ငါးမြစ်ချင်းနှင့် ငါးနက်ပြာကွာခြားချက်မှာ ငါးနက်ပြာ၏ ကျောရိုးဆူးတောင်တွင်ဆူးတက်များ ပိုမိုပါရှိသည်။ အရိုးအမျှင်များ ပိုမိုများပြားစွာ ပါဝင်ခြင်း ​ဖြစ်လေသည်။ ငါး၏အရောင်မှာ မည်းညစ်ညစ်ဖြစ်၍ ဆူးတောင်များမှာလည်း အမည်းရောင်ပင်ဖြစ်သည်။ တစ်ခါတစ်ရံ အမြီးဆူးတောင်၏ အထက်ခြမ်းအဖျားတွင် အဖြူရောင်ရှိတတ်သည်။

ငါးနက်ပြာငါးကို မြန်မာနိုင်ငံတွင် သီးသန့်မွေးမြူကြခြင်း မရှိကြသေးပေ။ သီးသန့်မွေးမြူရန်အတွက်လည်း ငါးနက်ပြာသားပေါက်ကလေးများ မြောက်များစွာ ရရှိနိုင်ရန် မလွယ်ကူသေးပါ။ သို့အတွက် ဖမ်းဆီးရမိသော ငါးနက်ပြာသားပေါက်ကောင်ကလေးများကို မျိုးရင်းတူ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွတို့နှင့် ရောနှောမွေးမြူနိုင်ပေသည်။ အကယ်၍ ငါးနက်ပြာသားပေါက်ကလေးများသီးသန့်ရရှိသဖြင့် မွေးမြူမည်ဆိုပါက အောက်ပါမွေးမြူနည်းအတိုင်းမွေးမြူနိုင်ပါသည်။

အရေးပါသော မြေနေရာရွေးချယ်ခြင်းအကြောင်း

ငါးနက်ပြာ မွေးမြူမည့် မြေနေရာသည် သဲဆန်သောမြေ မဖြစ်စေဘဲ မြေစေးအမျိုးအစားကို ရွေးချယ်ရပါမည်။ မြေစေးဖြစ်သောကြောင့် ကန်အတွင်း ရေမခမ်းဘဲ ထိုငါးအတွက် သင့်လျော်ပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်း၍ စျေးကွက်ရှိသော နေရာကို ရွေးချယ်ရပါမည်။ 

ရေအမျိုးအစား

ငါးနက်ပြာမွေးမြူရန် ကန်အတွင်းရှိ ရေသည် ထုံးဓာတ်များသောရေ မဖြစ်စေရန် ဂရုပြုရပါမည်။ ထုံးဓာတ်များသော ရေဖြစ်နေပါက ပြုပြင်ရန်မှာမူ စရိတ်အလွန်ကြီးသဖြင့် တွက်ချေကိုက်မည် မဟုတ်ပါ။ အကယ်၍ ဂဝံမြေဖြစ်သဖြင့် အချဉ်ပေါက်နေသောရေ ဖြစ်နေပါက ပြုပြင်ရန် ဖြစ်နိုင်ပါသည်။

မွေးမြူကန်

ငါးနက်ပြာမွေးမြူရန်ကန်ကို အနည်းဆုံး အလျားပေ-၂၀၀၊ အနံပေ-၁၀၀ ရှိ ဧကဝက်ခန့် အကျယ်ဖြစ်အောင်တူးပါ။ ကန်ကို တစ်နှစ်ပတ်လုံး ရေအနက် (၄)ပေ ရှိနေစေရန် (၆) ပေခန့်နက်အောင် တူးထားရပါမည်။

ကန်ဘောင်ဖို့လျှင်လည်း ကန်နှုတ်ခမ်းမှ နေ၍ နောက်သို့ (၅) ပေဆုတ်ပြီးကန်ဘောင် ဖို့ထားပေးပါ။ ကန်ဘောင်ထိပ်မှနေ၍ အောက်တည့်တည့်သို့ (၁)တောင် (သို့မဟုတ်) (၁၈) လက်မ အကွာတွင် ရေလျှံပေါက်တစ်ခု တပ်ထားပြီး ကန်ဘောင် မပြိုရန် ကန်ဘောင်တွင် မြက်များအပြည့်ကပ်၍ စိုက်ထားပေးပါ။

ကန်ကို ရေမထည့်မီ ထုံးမှုန့်ပိဿာ (၁၅၀) ကို ဖြန့်ပြီး ဖြူးပေးပါ။ ထုံးမှုန့်ထည့်ပြီးလျှင် ရေထည့်ပါ။ ရေထည့်ပြီး (၁)ပတ်ကြာလျှင် နွားချေး၊ ကျွဲချေး၊ ဝက်ချေး၊ ကြက်ချေး၊ ဘဲချေးစသော မည်သည့်တိရစ္ဆာန်ချေးများကို ဖြစ်စေ (၄)ဂါလံဝင်ပုံးနှင့် ပုံး(၁၅၀) ထည့်ပေးပါ။

တစ်ပတ်ကြာလျှင် ကန်ရေသည် စိမ်းလာပါမည်။ ကန်ရေစိမ်းလာသောအခါ ငါးနက်ပြာငါးသားပေါက်များ ထည့်နိုင်ပါသည်။

 

ငါးသားပေါက်ထည့်သွင်းနှုန်း

ငါးနက်ပြာ  ငါးသားပေါက်များ ဝယ်ယူထည့်သွင်းသည့်အခါ အရွယ်(၄)လက်မအောက် ဖြစ်ပါက ပိုမိုသင့်လျော်ပါသည်။ ငါးသားပေါက် အရွယ်ငယ်လေ သယ်ယူရလွယ်လေ ဖြစ်ပါသည်။ သယ်ယူသောအခါ ပလပ်စတစ်အိတ်တွင် ရေထည့်ပြီး အောက်ဆီဂျင် ဓာတ်ငွေ့ဖြင့် သယ်ယူလျှင် အနည်းဆုံး (၁၂) နာရီခန့်ကြာသည်အထိ ခံပါသည်။

ငါးနက်ပြာမွေးလျှင် ငါးသားပေါက်တစ်မျိုးတည်းကို ကန်အတွင်း၌ ထည့်၍ မွေးမြူပါ။ အလျားပေ (၂၀၀)၊ အနံပေ (၁၀၀) ရှိ ဧကဝက်ခန့် ကျယ်သော ငါးကန်တစ်ကန်တွင် ငါးသားပေါက်ကောင်ရေ (၁၆၅၀) ကောင် ထည့်၍ မွေးမြူနိုင်ပါသည်။

အစာကျွေးနှုန်း

ငါးနက်ပြာ  ငါးသားပေါက်များကို အစာကျွေးလျှင် နံနက် (၇) နာရီ မထိုးမီကျွေးပါ။ ငါးတစ်ကောင်လျှင် (၁) ကျပ်သားအရွယ်ရှိသော ငါးကောင်ရေ (၁၆၅၀) အတွက် တစ်နေ့ကို ဖွဲနုနှင့် နှမ်းဖတ် ရောထားသော အစာ (၆၅) ကျပ်သားကို ကျွေးရမည် ဖြစ်သည်။

ငါးသားပေါက်အစာကျွေးနှုန်း အချိုးအစား

ငါးနက်ပြာ သားပေါက်လေးများအား  ဖွဲနု (၅၀) ကျပ်သားနှင့် နှမ်းဖတ် (၁၅) ကျပ်သားကို ရေနှင့် ရောနယ်ပြီး အလုံးများလုပ်၍ ကျွေးပါ။ ဤအချိုးအစားအတိုင်း ငါး၏ အလေးချိန်များလာသည်နှင့် အမျှ အစာကို တိုး၍ ကျွေးပါ။ အစာစိမ်းရရန်အတွက်လည်း ဘဲစာပင်ကို (၁)လ (၁)ကြိမ် တင်း (၁)စိတ်ခန့် ကျွေးပေးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်