၂၀၂၀ ခုနှစ် ဩဂုတ်လမှစတင်ကာ ငုဝါသီးတင်ပို့ရောင်းချသည့်ဈေးကွက် ဈေးနှုန်းကျဆင်းမှုရှိ

02/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ၂၀၂၀ ခုနှစ် ဩဂုတ်လပိုင်းမှစတင်ကာ ငုဝါပင်မှရရှိသည့် ငုဝါသီးတောင့်များကို တင်ပို့ရောင်းချသည့် ဈေးကွက်အတွင်း ဈေးနှုန်းများကျဆင်းမှုရှိနေကြောင်း သိရသည်။

    ၂၀၁၉ ခုနှစ်က ငုဝါသီးတောင့် တစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၈၀၀၀) ကျပ် အထိ ပေါက်ဈေးများ ရှိခဲ့ကြောင်း သိရသည်။

ငုဝါသီးက လောလောဆယ် ဈေးကွက်ကျနေတယ်။ ပြီးခဲ့တဲ့ သုံးလလောက်ကအထိ ငုဝါသီးတောင့် တစ်ပိဿာကို ၃,၀၀၀၊ ၄,၀၀၀ ကျပ်လောက် ဈေးရှိသေးတယ်။ အခု နောက်ပိုင်းမှာတော့ ၁,၆၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ် ဝန်းကျင်ပဲရှိတယ်။ မူဆယ်မှာတော့ ၂,၃၀၀ ကျပ်လောက် ပေါက်ဈေးရှိတယ်။ ပစ္စည်းအရောက်များတာကြောင့်လည်း ပါတယ်။ ကိုဗစ်ရောဂါအခြေအနေကြောင့် နယ်စပ်ကုန်သွယ်ရေးက သိပ်မတွင်ကျယ်တာကြောင့်လည်း ပါတယ်။

ဟုမြဝတီမှ နယ်စပ်ကုန်သည်တစ်ဦးဖြစ်သူ ဦးတင်မျိုးနိုင် က ပြောသည်။

    ပြည်တွင်း၌ အလေ့ကျပေါက်ရောက်နေသည့် ငုရွှေဝါဟုခေါ်သည့် ငုဝါပင်မှရသည့် ငုဝါသီးတောင့်များနှင့် နယ်စပ်မှတင်သွင်းသည့် ငုဝါသီးတောင့်များကို (ဆေးဝါးအဖြစ်ဖော်စပ်ရန် ဈေးကွက်လိုအပ်ချက်ရှိသဖြင့်) တရုတ်ဈေးကွက်သို့ တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။

တရုတ်ကိုပို့တဲ့အခါ မြန်မာနိုင်ငံကနေ မူဆယ်အထိကို တရားဝင်တင်ပို့နေတာပါ။ မူဆယ်ကနေ ဟိုဘက်ပိုင်းကိုတော့ ဝယ်လက်ဘက်က ဆက်လက်လုပ်ဆောင်သွားတာပေါ့နော်။ ပြည်တွင်းမှာခေတ်စားနေတာ ငါးနှစ်၊ ခြောက်နှစ်လောက်ကိုရှိပါပြီ။ အပင်မှာတွဲလောင်းကျနေတဲ့ အတောင့်ရှည်ရှည်ကြီးတွေကို အရောင်းအဝယ်လုပ်တာပါ။ အခွံတွေပါအပါ၊ အတောင့်လိုက် ဝယ်ယူတာပါ။ သူတို့က ဝယ်ယူပြီး အပိုင်းပိုင်းဖြတ် တံဆိပ်ကပ်၊ ပါကင်ပြန်ထုပ်ရောင်းချတာပါ။ အဲ့ဒီဟာကို တစ်ရက် ငါးပြားလောက် ပုံမှန်စားသုံးရင် ဝမ်းမှန်တယ်။ ပိန်ဆေးဖော်စပ်ရာမှာ အသုံးပြုကြတယ်။ အစာအိမ်အူလမ်းကြောင်း ရှင်းလင်းပြီး အဆီကျစေတာကြောင့် ဈေးကွက်ဝင်တာပါ။ အတောင့်ထဲမှာပါတဲ့ အဝိုင်းပတ်ကလေးတွေကိုတော့ သီးသန့် ဈေးကွက်ရှိပါသေးတယ်။

ဟု ဦးတင်မျိုးနိုင်က ဆက်လက်ပြောသည်။ 

    လက်ရှိအခြေအနေအထိ မြန်မာနိုင်ငံတွင် ငုဝါပင်ကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ မရှိသေးဘဲ အလေ့ကျပေါက်ရောက်နေသည့် အပင်များသာရှိသေးကြောင်း သိရသည်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်