အအေးကြိုက်တဲ့ နိုကိုပင် စိုက်ပျိုးကြမယ်

31/10/2019 17:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 မူရင်းဒေသ

နိုကိုအမည်သည် ဂျာမန်ဘာသာအရ Cabbage – Turnip ဟု အဓိပ္ပါယ်ပေါ်သည်။ မူရင်းဒေသမှ ဥရောပတိုက်အနောက်ပိုင်း တိုင်းပြည်များ ဖြစ်နိုင်ပါသည်။ နိုကိုဥကို အသုံးမများချေ။

အမျိုးအစား

ကျော်ကြားသော မျိုးမှာ White Vienna သက်လျင်အမျိုးအဝိုင်းနှင့် အစိမ်းရင့်ရောင်ဖြော့၊ အသားညက်ပြီး၊ အရွက်အလတ်တန်းစား ဖြစ်သည်။ Purple Vienna သည် (၇ ၀ ၁၀) ရက်ပိုမို၍ အသက်ကြီးသည်။ ဥအပြင်အရောင်မှာ ခရမ်းရောင်၊ အတွင်းသားသည် အစိမ်းနုရောင်ဖြစ်ပါသည်။ နိုကိုသည် အအေးကြိုက်အပင်မျိုးဖြစ်ပါသည်။

အာဟာရဓာတ်ပါဝင်မှုမှာ (၁၀၀) ဂရမ်တွင်

အစိုဓာတ် - ၉၂.၇ ဂရမ်

ပရိုတင်းဓာတ် - .၁ ဂရမ်

အဆီဓာတ် - .၂ ဂရမ်

သတ္တုဓာတ် - .၇ ဂရမ်

အမျှင်ဓာတ် - .၅ ဂရမ်

အခြားကာဘိုဟိုက်ဒရိတ် - .၈ ဂရမ်

ကယ်လိုရီ - ၂၅ ဂရမ်

ကယ်လ်ဆီယမ် - ၂၀ မီလီဂရမ်

မဂ္ဂနီစီယမ် - ၁၈ မီလီဂရမ်

မီးစုန်းဓာတ် - ၃၅ မီလီဂရမ်

သံဓာတ် - .၄ မီလီဂရမ်

ဆိုဒီယမ် - ၁၁၂ မီလီဂရမ်

ပိုတက်ဆီယမ် - ၃၇ မီလီဂရမ်

ကန့်ဓာတ် - ၁၃၄ မီလီဂရမ်

ဗီတာမင်အေ - ၃၆ အိုင်ယူ

သိုင်ယာမင်ဓာတ် - .၀၅ မီလီဂရမ်

ဗီတာမင်စီ - ၈၅ မီလီဂရမ်

စိုက်ပျိုးသည့်ဒေသ

အအေးကြိုက်သီးနှံဖြစ်သဖြင့် ရှမ်းပြည်နယ်တွင် အများအပြားစိုက်ပျိုးပါသည်။ ဆောင်းရာသီတွင် မန္တလေးအစရှိသော မြို့များတွင်လည်း အနည်းအကျဉ်းစိုက်ပျိုးပါသည်။

မြန်မာအမည် - နိုကို

အင်္ဂလိပ်အမည် - KNOL-KHOL OR KNOL – RABI

ရုက္ခဗေဒအမည် - BRASSICA OLERACEA LINN

မျိုးရင်း - CRUCIFERAE

မြေအမျိုးအစား

သဲမြေနှင့်အလွန်စေးသောမြေမှ အပ ကျန်မြေအမျိုးအစားတို့တွင် ပြုပြင်၍ စိုက်ပျိုးနိုင်သည်။ pH (၆ – ၆.) မြေမျိုးကို ပို၍ နှစ်သက်ပါသည်။

ရာသီဥတု

နိုကိုဥကောင်းစွာ ဖြစ်ထွန်းနိုင်ရန် အပူချိန် (၆၅) ဒီဂရီမှ (၇၅) ဒီဂရီ ဖာရင်ဟိုက်ရှိရန်လိုအပ်ပါသည်။

စိုက်ပျိုးချိန်

မြေပြန့်ဒေသတွင် အောက်တိုဘာလ – နိုဝင်ဘာ၊ တောင်ပေါ်ဒေသတွင် မေ၊ ဇွန်နှင့်အောက်တိုဘာ နိုဝင်ဘာလတို့တွင် စိုက်ပျိုးသည်။

မျိုးစေ့နှုန်း

တစ်ဧကအတွက် မျိုးစေ့ (၁၀ – ၁၃) အောင်စ လိုအပ်ပါသည်။

ပျိုးထောင်ခြင်း

အနံ တစ်ပေခွဲ နှစ်ပေ၊ အလျား ၁၀ ပေရှိသော မြေဘောင် ၅ ဘောင်ကို ပြုပြင်ပြီး ဘောင်ပေါ်တွင် ကောင်းစွာ ဆွေးမြေးသော မြေဆွေးကို ပါးပါး ဖြန့်ထားပေးရမည်။ ထို့နောက် မျိုးစေ့ ၁၀ အောင်စကို ညီညာစွာ ၂ လက်မခြား၍ မျိုးစေ့ချပေးရမည်။ တစ်ဖန် ၎င်းမျိုးစေ့ပေါ်တွင် မြေသားနှင့်သဲအနည်းငယ် ရောထားသော မြေဖြင့် ဖုံးအုပ်ထားရမည်။ ၁ လက်မ မှ ၂ လက်မရှည်သော ကောက်ရိုးပြတ်များ ပါးလွှာစွာအုပ်ပြီး ရေပန်းခရားပေါက်သေးသေးဖြင့် ရေဖြန်းပေးရမည်။ လိုအပ်လျှင် သတင်းစာ စက္ကူဖြင့် ၂ ရက်ခန့် အုပ်ပေးရမည်။ ၃ – ၄ ရက်ခန့်ကြာလျှင် အညှောက်ပေါက်လာသည်။

စိုက်ခင်းပြုပြင်ခြင်း

စိုက်ခင်းမြေကို တစ်လခန့်ကြို၍ ပြုပြင်ထားရမည်။ နွားချေး၊ မြေဆွေးကို () တန်ခန့်ထည့်ပေးရပါမည်။ ထို့နောက် ထယ်တစပ် ထွန် () စပ် ဝင်ရပါမည်။

ဓာတ်မြေသြဇာကျွေးခြင်း

သဘာဝမြေသြဇာအပြင် ဓာတ်မြေသြဇာကိုလည်း မြေပြုပြင်စဉ်အချိန်၌ တစ်ဧကလျှင် ယူရီးယား (၁၁၂) ပေါင်၊ တီစူပါ (၁၆၀) ပေါင်၊ မြူရိတ်အော့ဖ်ပိုတက် (၅၆) ပေါင်ထည့်ပေးရပါမည်။ စိုက်ပျိုးပြီး တစ်လခွဲခန့်တွင် ယူရီယား (၁၁၂) ပေါက်ကို စိုက်ခင်းတွင် ထည့်ပေးရပါမည်။

ရွေ့ပြောင်းစိုက်ပျိုးခြင်း

ပျိုးသက် (၃၀ – ၄၀) ရက်အတွင်း ပြောင်းရွေ့၍ စိုက်ပျိုးရပါမည်။ တစ်ပင်နှင်တစ်ပင် (၆ – ၈) လက်မ၊ တစ်တန်းနှင့်တစ်တန်း (၁၀ – ၁၂) လက်မခန့်ထား၍ စိုက်ပျိုးသင့်ပါသည်။ ပေါင်းမြက်နှုတ်ခြင်း၊ မြေဆွေခြင်းကို (၁၅) ရက်ခြား၍ ဆောင်ရွက်သင့်ပါသည်။ ရွေ့ပြောင်းစိုက်ပျိုးခြင်းကို ညနေပိုင်းတွင် ပြုလုပ်သင့်သည်။

ဆွတ်ခူးခြင်း

မြေပေါ်ရှိ ပင်စည်ဥကြီး၏ အရွယ်သည် အချင်း (၂ – ၃ ) လက်မ ရှိလျှင် အပင်နှုတ်ပြီး ရေဆေးပြီး ရောင်းချရပါသည်။

အထွက်

တစ်ဧကလျှင် ပျမ်းမျှ (၁၀ – ၁၂) တင်းခန့် ထွက်ပါသည်။

ထားသိုခြင်း

အများအားဖြင့် နိုကို ကို ကြာရှည်ထားသို၍ ရောင်းချလေ့မရှိပါ။ သို့သော် စိုက်ခင်းနှင့်ဝေးလံသော စျေးကွက်သို့ ပို့ဆောင်ရာတွင် လည်းကောင်း၊ ရက်ပိုင်းထားသိုရာတွင် အကောင်းဆုံးအနေအထားမှာ စိုထိုင်းဆ (၉၀ – ၉၅) ရာခိုင်နှုန်း၊ အပူချိန် (၃၂) ဒီဂရီဖာရင်ဟိုက်ဖြစ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်