အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကော်ဖီပင် ပျိုးထောင်ခြင်း

ကော်ဖီပင် ပျိုးထောင်ခြင်း

မြတ်စုဝေ
မြတ်စုဝေ • 07/12/2020

    ဒီတစ်ပတ်မှာတော့ ကော်ဖီပင်ပျိုးထောင်ခြင်းအကြောင်း‌လေး ပြောပြပေးချင်ပါတယ်။ စိုက်ပျိုးရေးစိတ်ဝင်စားသူ တော်တော်များများက  ကော်ဖီစိုက်ဖို့ စိတ်ဝင်စားကြပါတယ်။ ဒါပေမဲ့ ကော်ဖီပင်ဘယ်လိုပျိုးရမလဲကို သိတဲ့သူနည်းတယ်လို့ တွေးမိသောကြောင့် ရေးလိုက်ပါရစေ။ 

    ကော်ဖီအကြောင်းကိုပြောရင် ကုန်းမြင့်ကော်ဖီ (Arabica) နဲ့ မြေနိမ့်ကော်ဖီ (Robusta) ကို မေ့ထားလို့မရပါဘူးနော်။ 

ကော်ဖီပင်ကို ပျိုးမယ်ဆိုပါက ပျိုးနည်း -၃ နည်းရှိပါတယ်။

၁) မျိုးစေ့မှ မျိုးပွားနည်း 

၂) ပင်ပိုင်းမျိုးပွားနည်း 

၃) Tissue Culture နည်းဖြင့်မျိုးပွားနည်း

၁) မျိုးစေ့မှ မျိုးပွားနည်း

    မျိုးစေ့ခံယူရန် မိခင်ပင်သည်

- ၈ -၁၅ နှစ်သား

- ရောဂါပိုးမွှားကင်း၊ အသီးတင်မှုကောင်းပြီး

- ကော်ဖီဆံအရည်အသွေးနှင့် တခြားအရည်အသွေးများကောင်းရန် လိုအပ်ပါတယ်။ 

    မျိုးစေ့ရွေးချယ်ခြင်းနှင့် စုဆောင်းခြင်းကို လုပ်ဆောင်‌တော့မည်ဆိုပါက 

- ပြည့်ပြည့်ဝဝမှည့်နေသော အလယ်ကိုင်းများ၏ အလယ်ပိုင်းမှအသီးကို ခူးရပါမယ်။ 

- ရေစိမ်လိုက်ပါက ရေပေါ်မှာပေါ်သော အစေ့အဆံမအောင်သော အသီးများကို ဖယ်ရပါမယ်။ 

- အခွံချွတ်၊ အကျိအချွဲဆေးရန် 10 နာရီ ရေစိမ်ရပါမယ်။ 

- လေသလပ်အခြောက်ခံပြီး မကောင်းသော၊ ‌မှိုတတ်နေသော၊ အခြမ်းပဲ့နေသော အစေ့များအား ဖယ်ရှားပစ်ပြီး လေလုံအောင် အိတ်နှင့်သိမ်းဆည်းပါ။ 

    ပျိုး‌ထောင်မယ်ဆိုပါက ပျိုးဘောင်ကို  အရိပ် ၇၀ % ရသောနေရာမှာ စနစ်တကျပြင်ဆင်ပါ။ ပုံမှန်အားဖြင့် ဖေဖော်ဝါရီလမှာ ပျိုးကြပါတယ်။ 

    ပျိုးတဲ့အခါမှာ ကော်ဖီစေ့လေးကို မှောက်ခုံလေးစိုက်ပြီး တန်းကြား - ၄ လက်မ၊ မျိုးစေ့ကြား -၁ လက်မနဲ့ မြေအနက် ၀.၅ လက်မ ထား ပျိုးကြပါတယ်။ 

- အပေါ်ကနေ ‌သဲနှင့် မြေအရော ဖုံး၊ ထိုအပေါ်မှာ ကောက်ရိုးဖုံးပေးကြပါတယ်။ 

အပင်လေးပေါက်လာဖို့ 

- ရက် ၃၀ - ၅၀ ကြာမြင့်ပါတယ်။ အပင်ပေါက်ရန် အပူချိန် ၂၈-၃၀ 'C လိုအပ်ပါတယ်။ 

- ၂ - ၃ သားအရွယ်မှာ ပျိုးအိတ်ထဲသို့ပြောင်းပေးပြီး (အမြစ်ကောက်၊ ပျိုးသက်ရင့်၊ ရောဂါကျနေသောအပင်များအား ဖယ်ပါ) ပြုစုစောင့်ရှောက်မှုနှင့် နေရောင်ဒဏ်ခံနိုင်ဖို့ တစ်ဆင့်ချင်းစီ နေကျင့်ပေးထားပါတယ်။ 

ပျိုးအိတ်အတွင်းသို့ ရွှေ့ပြောင်းခြင်းတွင် 

- ပျိုးအိတ်အရွယ်အစား -၆ x ၈ လက်မ ကိုသုံးပါ။ 

- တောမြေဆွေး ၄ ဆ, နွားချေးမြေဆွေး ၁ ဆ ရောထည့်ပါ။ 

    ပျိုးအိတ်ထဲ ထည့်မည်ဆိုပါက ၂ လက်မအနက် ကျင်းလေးဖောက်ပြီး၊ ပျိုးပင်ကို တည့်တည့်စိုက်ပြီး၊ မြေကိုသေ‌သေချာချာ ဖိသိပ်ပေးပြီး ပျိုးဘောင်စနစ်တကျဖြင့် စီစီရီရီထားရပါမယ်။ 

နေကျင့်ရာတွင် မြေချမစိုက်မီ 

၂ လခွဲခန့်အလိုတွင် -၂၅ % အရိပ်ဖယ်ပါမယ်။ 

၁ လခွဲခန့်အလိုတွင် - ၂၅ % နှင့် 

၁၅ ရက်ခန့်အလိုတွင် -၁၀၀ % လုံးဝ အရိပ်ဖယ်ပေးရပါသည်။ 

- ပျိုးသက် ၈ - ၁၂ လသားအရွယ်၊ အရွက် ၆ - ၈ ရွက်စုံပါက စိုက်ခင်းသို့ ပြောင်းရွေ့စိုက်နိုင်ပါပြီ။ 

၂) ပင်ပိုင်းမျိုးပွားနည်း 

ဒီမှာတော့ ကိုင်းထိုးနည်း၊ ကိုင်းဆက်နည်း၊ အဖူးမြှပ်ခြင်းများဖြင့် လိုအပ်သလို ပျိုးနိုင်ပါတယ်။ 

၃) Tissue Culture နည်းဖြင့်မျိုးပွားနည်း 

    ဒါကိုတော့ မြန်မာပြည်မှာလုပ်ဆောင်တာ မကြာသေးပါဘူး။ Culture နည်းဖြင့် မျိုးပွားဖို့ကိုတော့ ပျိုးပင်သက် ၁ နှစ်ဆိုပြီး သုံးကြပါတယ်။ ပြင်ဦးလွင် ကော်ဖီသုတေသနခြံမှာ စတင်မွေးမြူရာ အောင်မြင်တယ်လို့သိရှိရပါတယ်။

    နောက်ဆုံးအနေနဲ့ ကော်ဖီက အစေ့အပင်ပေါက်ရန် ကြားနေကာလမရှိပါဘူး။ ကုန်းမြင့်ကော်ဖီ အစေ့သက်တမ်းက ၆ လထိခံပြီး မြေနိမ့်ကော်ဖီကတော့ ၂ လပဲခံတာကိုတော့ သတိပြုသင့်ပါတယ်။ 

ကော်ဖီပင်ပျိုးထောင်နည်းဆောင်းပါးကို KMSS အဖွဲ့က ပံ့ပိုးကူးညီထားပါတယ်ရှင်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

9
Shwe Myint

Shwe Myint

လွန်ခဲ့သော ၈ လ က

ဘယ်နှစ်လသားအရွယ်မှာပျိုးအိတ်ထဲထည့်သင့်သလဲ

May Thu Htaik

May Thu Htaik

လွန်ခဲ့သော ၂ နှစ် က

ကော်ဖီပင်က လေးလအတွင်း ဘယ်လောက်ထိကြီးထွားနိုင်လဲ

khun kyaw htee

khun kyaw htee

လွန်ခဲ့သော ၂ နှစ် က

မိုးရာသီ မှာ စိုက်ရင် အကောင်းဆုံးပါ ကော်ဖီက

သန့်ဇင်ဝင်း

သန့်ဇင်ဝင်း

လွန်ခဲ့သော ၄ နှစ် က

ဦးကြီးတို့စာလေးသေချာဖက်ပေကြပါ

မမြတ်မြတ်စိုး

မမြတ်မြတ်စိုး

လွန်ခဲ့သော ၄ နှစ် က

မျိုးစေ့ဘယ်မှာဝယ်ရမလဲမြေနိမ့်မျိုး

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။