ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်

25/01/2022 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ကိုင်သူများထံမှ သိရသည်။

"ကျွန်တော်တို့ကျတော့ နိုဝင်ဘာလကနေ ဇန်နဝါရီလအတွင်း စိုက်ပျိုးတဲ့ ကြက်သွန်ကို စိုက်ပျိုးပါတယ်။ အခုအချိန်က စိုက်ထားတုန်းကာလပါ။ သင်္ကြန်လောက်မှာ တူးဖော်ရမှာပါ။ ကြက်သွန်က ပေါ်ကာစအတိုင်း ရောင်းမယ်ဆိုရင် ဈေးတစ်မျိုးရတယ်။ ဈေးကွက်ကောင်းကိုစောင့်ဖို့အတွက် နိုင်သလောက်လေး ခဏလှောင်ထားမယ်ဆိုရင်လည်း ရပါတယ်။ စနစ်တကျလှောင်တတ်ဖို့တော့ လိုတာပေါ့နော်။"

ဟု စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် သမန္တာကျေးရွာမှ ကြက်သွန်နီစီးပွားဖြစ်စိုက်ပျိုးသူ ကိုမျိုးမင်းဆွေက ပြောသည်။

ပေါ်ဦးပေါ်ဖျား ကြက်သွန်နီကို ရောင်းချရာတွင် တစ်ပိဿာလျှင် (၅၀၀) ကျပ်ဝန်းကျင် ရရှိနိုင်ပြီး အနည်းငယ်အချိန်စောင့်ဆိုင်းပြီးမှ ရောင်းချပါက (ဈေးကွက်ကောင်းနှင့်တိုးလျှင်) ကျပ် (၇၀၀)မှ ကျပ် (၁၀၀၀)ကျော်အထိ ရရှိနိုင်ကြောင်း သိရသည်။

"ကြက်သွန်နီလှောင်ထားတဲ့အခါမှာ ကြက်သွန်တွေကို ထုထည်အများကြီး ထပ်ထပ်ပြီးတော့ မထားသင့်ပါဘူး။ ဖြစ်နိုင်ရင် ကျယ်ကျယ်ဝန်းဝန်းနဲ့ လေဝင်လေထွက်ကောင်းကောင်းရတဲ့နေရာမျိုး ဖြစ်ဖို့လိုပါတယ်။ မြေကြီးအစိုဓာတ်များတဲ့နေရာမှာလည်း မထားသင့်ပါဘူး။ ဒါတွေကို သတိထားမှလည်း ကြက်သွန်ရဲ့အရည်အသွေးကို မထိခိုက်ဘဲ ဈေးကွက်ကောင်းကို စောင့်ဆိုင်းနိုင်မှာ ဖြစ်ပါတယ်။"

ဟု ကိုမျိုးမင်းဆွေက ဆက်လက်ပြောသည်။

ကြက်သွန်နီကို မြန်မာနိုင်ငံအလယ်ပိုင်း (ဆိပ်ဖြူ၊ ပခုက္ကူ၊ မြင်းခြံ၊ မြစ်သား၊ ကျောက်ဆည်၊ ရွှေဘို) စသည့် ဒေသများတွင် အဓိကစိုက်ပျိုးကြပြီး၊ သွင်းအားစုစရိတ် အတက်အကျနှင့် ရာသီဥတုအခြေအနေတို့အပေါ်မူတည်၍ တစ်ဧကစိုက်ပျိုးစရိတ်စုစုပေါင်း ကျပ်(၆)သိန်းမှ ကျပ်(၈)သိန်းဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရှိရသည်။

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်