ကြက်သွန်နီ ကောက်ရိုးဖုံးစိုက်ပျိုးနည်း
ကြက်သွန်နီမျိုးစေ့ ပျိုးထောင်မှုကို ကြိုတင်ပြုလုပ်ထားရသည်။ စိုက်ခင်းကို စိတ်ကြိုက် ထယ်ရေးရအောင် ပြင်ဆင်ပြီး မြေညီညာအောင် ညှိရသည်။ မြေညီညာလျှင် ရေသွင်းလမ်းများကို ထယ်ကြောင်း ပေးဖော်ရသည်။ အနံ(၄-၅)ပေနှင့် အလျား သင့်တော်သလိုထားပြီး စိုက်ခင်းဘောင်နှုတ်ခမ်း ထောင်ပေးရသည်။ ကန်သင်းဖော်ပေးခြင်း ဖြစ်သည်။
မစိုက်မီ စိုက်ခင်း အကွက်များသို့ ရေ၀အောင်သွင်းပြီး မြေအနေတော်ဖြစ်အောင် စောင့်ရသည် ။ စိုက်ခင်းတွင် ခြေနင်းခံသော အချိန်သို့ရောက်လာပါက စိုက်ကွက်များကို ကောက်ရိုးဖြန့် ပေးရသည်။ ကောက်ရိုးအထူ (၂-၃) လက်မခန့် ညီညာစွာရအောင်ဖြန့်ပေးရသည်။
ယင်းသို့ ဆောင်ရွက်ပြီးမှ ဝါးခြမ်းတုတ်ချောင်းကလေးဖြင့် ကောက်ရိုးကြားတွင် တွင်းငယ်ကလေး ထိုးဖောက်ပြီး ကြက်သွန်ပျိုးပင်၏ အမြစ်များကိုချ၍ မြေဖုံးပေးရသည်။ ပျိုးပင်၏အမြစ်များကိုသာ မြေဖုံး၍ လက်ဖြင့်ဖိပေးရသည်။ အမြစ်ရှည်လွန်းလျှင် (၁) လက်မခန့် ချန်၍ ဖြတ်ပေးသင့်သည်။ ကြီးထွားလာသော ကြက်သွန်ဥကလေများ အနေနှင့် မြေလွှာအထက် ကောက်ရိုးများကြားမှာ လွတ်လွတ်လပ်လပ် ကြီးထွားခွင့်ရသဖြင့် ကြီးထွားနှုန်းမြန်ခြင်း၊ ဥကြီးခြင်း၊ ဥလှခြင်း စသည့်အကျိုးများ ရှိသည်ဟုဆိုသည်။
ကောက်ရိုးအစား၊ မြက်ခြောက်၊ ကောက်ရိုးဆွေး အသုံးပြုနိုင်သည့် ကောက်ရိုးကို ဓားဖြင့် မရှည်မတို ခုတ်စဉ်း၍လည်း အသုံးပြုနိုင်သည်။ တန်ကြား(၄-၆) လက်မနှင့် ပင်ကြား (၃-၄) လက်မခြား စိုက်သင့်သည်။
အထက်ပါ စိုက်နည်းစနစ်သည် တစ်နိုင်တစ်ပိုင်သာ ဆောင်ရွက်နိုင်မည် ဖြစ်သောနည်းမျိုး ဖြစ်သည်။ ကျယ်ပြန့်များပြားသော စီးပွားအဖြစ် စိုက်ပျိုးနိုင်ရန် အခက်အခဲရှိသည်။
ဤနည်းစနစ်၏ အားသာချက်များတွင် ရေသွင်းစရိတ်၊ မြေဆွစရိတ်၊ ပေါင်းနှုတ်စရိတ်နှင့် နုတ်သိမ်းစရိတ် စသည်များ သက်သာသည်ကို တွေ့ရသည်။ အထွက်လည်းပိုသည်ဟု ဆိုကြသည်။
စိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ-ဂုဏ်ထူး)
ကြက်သွန်နီအကြောင်း သိကောင်းစုံလင်စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကြက်သွန်နီစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
soenaing
လွန်ခဲ့သော ၃ နှစ် ကကြက်သွန်နီပျိုးထောင်ထားတာ-20-သားကျော်ပါပြီခင်မျာအပင်အနည်ငယ်ဝါနေပါသည်ဘာဆေးသုံးရင်ကောင်းမည်းလည်းဖြေကြာစေလိုပါသည်🙏🏻🙏🏻🙏🏻
မြင့်ချို
လွန်ခဲ့သော ၃ နှစ် ကကြက်သွန်က ဆောင်းသီးနှံပါ စက်တင်ဘာ။ အောက်တိုဘာစိုက်ရပါတယ် အပင်သက်တမ်းက 3.5 လရှိတယ် ရေကိုအပင်အခြေအနေကြည့်ပြီးလိုအပ်သလို ဖြန်းပေး သွင်းပေးရပါတယ် ဥ ချဆေး ဂိုးလ် ကိုအပင်သက်တန်း 2 လပြည့်ချိန်မှာ တစ်ဧက 6 ပုံးဖြန်းပါ ကောက်ရိုးဖြန့်စိုက်နည်းက အစိုဓါတ် ထိမ်းတာ မြက်ပေါက်နဲစေတာပေါ့
ကိုဖြိုး
လွန်ခဲ့သော ၅ နှစ် ကဘယ်နှစ်လကြာလဲဗျ
မြတ်ခိုင်
လွန်ခဲ့သော ၅ နှစ် ကဥချဆေးသိချင်တယ်သုံရမည်ဆေးနာမည်သိချင်တယ်
Thiha
လွန်ခဲ့သော ၅ နှစ် ကရေပြန်သွန်းရလားစိုက်ပြီးရင်
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 0 ခု
မတ်ပဲစိုက်ပျိုးစရိတ်နှင့် နည်းလမ်းများ
Sumyat Nwe • ဖြေကြားချက် 2 ခု
ဆရာများခဗျာ ဂန္ဓမာစူပါကျောက်စိမ်ကို များသောအားဖြင့်မီးထွန်းပြီးစိုက်ကြပါတယ် မီးမထွန်းဘဲစိုက်လို့ရပါသလာ မီးထွန်းပီးစိုက်တာနဲ့ မီးမထွန်းပဲစိုက်တာဘာကွာသွားလဲခဗျာဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 5 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026