ကြက်သွန်နီကို ပမာဏများများ စိုက်ပျိုးမည်ဆိုပါက တွက်ခြေကိုက်စေရန် ကိုယ်တိုင်မျိုးထောင် စိုက်ပျိုးသင့်ကြောင်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူများက ဆိုသည်။
ကြက်သွန်နီကို နည်းနည်းစိုက်တာမဟုတ်ဘဲ သုံးဧက၊ ငါးဧက တို့လို ဧကကြီးစိုက်တဲ့သူတွေက မျိုးပင်ကို ကိုယ်တိုင်မျိုးထောင်ပြီး စိုက်ပျိုးသင့်ပါတယ်။ အပြင်ကဝယ်ရင် မျိုးတစ်ဘောင်စာကို တစ်သိန်းရှစ်သောင်း၊ တစ်ခါတရံဆို နှစ်သိန်းရှစ်သောင်းလောက်အထိကို ဈေးများတတ်၊ ကုန်ကျတတ်လို့ပါ။
ဟု မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ရွာမှ ကြက်သွန်စီးပွားဖြစ် စိုက်ပျိုးသူ ဦးဝင်းမြင့်ဌေးက ပြောသည်။
မျိုးထောင်စိုက်ပျိုးခြင်းဆိုသည်မှာ မိမိစိုက်ပျိုးထားသည့် ကြက်သွန်အခင်းထဲမှ မိမိကြိုက်နှစ်သက်သည့် ကြက်သွန်မျိုး (သို့မဟုတ်) မျိုးပြုလုပ်ရန် ရည်ရွယ်၍ သီးခြားဖယ်ထားသည့်မျိုးကို စိုက်ခင်းအတွင်း ချမစိုက်ခင် ကနဦးမျိုးထောင်ခြင်း ဖြစ်သည်။
ကြက်သွန်ဥကြီးကို သွားနှုတ်ပြီး မျိုးယူရတာမဟုတ်ပါဘူး။ အပင်ရဲ့အညှာကနေ အပွင့်ပွင့်၊ အဲ့ဒီအပွင့်လေးတွေကနေမှ အစေ့လေးတွေကို ဩဂုတ်လလောက်မှာထုတ်ယူပြီး အောက်တိုဘာ၊ နိုဝင်ဘာလပိုင်းတွေမှာ စတင်စိုက်ထားတာပါ။ အပင်သက် တစ်လသားလောက်ရောက်မှ ကိုယ်တကယ်စိုက်ပျိုးမယ့်အခင်းထဲ ရွေ့ပြောင်းစိုက်ပျိုးရတာပါ။
ဟု ဦးဝင်းမြင့်ဌေးက ဆက်လက်ပြောသည်။
ကြက်သွန်နီကို ဒီဇင်ဘာလကုန်တွင် စတင်စိုက်ပျိုးပြီး ဧပြီလဝန်းကျင်တွင် ရိတ်သိမ်းနိုင်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more