အွန်လိုင်းပေါ်မှ နည်းမျိုးစုံလိမ်လည်မှုများ (၂)

21/07/2023 15:29 PM တွင် Okkar Okkar မှ ရေးသား

အွန်လိုင်းပေါ် တွင်အများဆုံးဖြစ်ပေါ်နေသော ငွေလိမ်လည်မှုများထဲမှ ချေးငွေလုပ်ငန်းအကြောင်းပြ လိမ်လည်မှုပုံစံအချို့ကို ယခင်အပတ်က ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအပိုင်းတွင်တော့ တခြားသော အွန်လိုင်းပေါ်မှလိမ်လည်မှုပုံစံများကို ထပ်မံဖော်ပြသွားပါမည်။

မြန်မာနိုင်ငံသည် တခြားသောလူမှုမီဒီယာ(Social media) များကို အသုံးနည်းပြီး Facebook  ကိုသာ အသုံးအများဆုံးဖြစ်သောကြောင့် လိမ်လည်မှုများသည်လည်း တခြားသော လူမှုမီဒီယာများထက် Facebook  တွင်သာ အဖြစ်များသည်။ ယနေ့ခေတ်အချိန်အခါတွင် Facebook သည် လူတဦးနှင့် တဦးဆက်သွယ်ရန်အတွက်သာမက စီးပွားရေးအတွက်ပါ အသုံးပြုနေကြသည်။ Covid - 19 ကာလအတွင်းတွင် အွန်လိုင်းပေါ်မှဈေးရောင်းခြင်းသည်လည်း အလွန်ခေတ်စားလာခဲ့သည်။ 

အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများမှစ၍ အိမ်၊ ခြံ၊ မြေ နှင့် စိန်၊ ရွှေ ရတနာများအထိ အွန်လိုင်းပေါ်မှ ရောင်းချကြသည်။ ပစ္စည်းများကို ပြ၍ တိုက်ရိုက်ထုတ်လွှင့်ရောင်းချခြင်း၊ ပစ္စည်းပုံများကို ဈေးနှင့်တွဲပြ၍ ရောင်းချခြင်းများသည် အလွန်ခေတ်စားသည်။ ထိုသို့ရောင်းချသည့် ဈေးဆိုင်များစွာရှိသည့်အနက် လူကြိုက်များသော၊ လူသိများထင်ရှားသော ဈေးဆိုင်များ၏ စာမျက်နှာ (Page) များကို လူများကြိုက်နှစ်သက်မှု အလွန်များသည်။ 

ထိုလူကြိုက်များသော ဈေးဆိုင်များ၏ Facebook စာမျက်နှာများကို လိမ်လည်ဖို့ကြိုးစားသူများသည် ပုံစံတူ စာမျက်နှာများပြုလုပ်ကြသည်။ ၎င်းတို့ပြုလုပ်ထားသော နာမည်ကြီးဈေးဆိုင်ပုံစံတူ Page များမှ တဆင့် ပစ္စည်းများရောင်းချဟန်ဆောင်ကာ ပိုက်ဆံများလိမ်လည်ရယူကြခြင်း၊ တခြားသော လိမ်လည်မှုများကို ပြုလုပ်ကြသည်။

အထက်ပါပုံတွင်ဖော်ပြထားသည်ကတော့ Facebook တွင် နာမည်ကြီးသော ရတနာအရောင်းဆိုင်၏ မူရင်း စာမျက်နှာဖြစ်သည်။

 

အောက်ပါပုံများတွင် ဖော်ပြထားသည်များကတော့ အဆိုပါနာမည်ကြီးရတနာဆိုင်၏ ပုံစံတူ စာမျက်နှာ များဖြစ်သည်။

ငွေကြေးလိမ်လည်သူများသည် မူရင်းစာမျက်နှာမှ ဓာတ်ပုံများ၊ ဗီဒီယိုများကို ၎င်းတို့၏ စာမျက်နှာအတု များတွင် ပြန်လည်ကူးယူ ဖော်ပြကြသည်။ ထို့နောက် ပစ္စည်းများကို ရောင်းချဟန်ဆောင်ကာ ငွေများကြိုတင်လွှဲခိုင်းခြင်း၊ ကိုယ်ရေးအချက်အလက်များကို တောင်းခြင်းများပြုလုပ်ကြခြင်းများ ဖြစ်သည်။

နောက်ထပ် ပုံစံတူလိမ်လည်မှုများကို ဆက်လက်လေ့လာကြည့်ကြပါစို့..။

အထက်ပါပုံတွင်ပြထားသည်မှာ မြန်မာနိုင်ငံတွင် အသေးစားစီးပွားရေးချေးငွေလုပ်ငန်း ၊ စိုက်ပျိုးရေး ချေးငွေ လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့၏ စာမျက်နှာဖြစ်သည်။

အောက်ပါများကတော့ အဆိုပါ နာမည်ရချေးငွေလုပ်ငန်းပုံစံတူ စာမျက်နှာအတုများဖြစ်ပါသည်။ ယင်းပုံစံများဖြင့် မသိနားမလည်သူများကို ချဉ်းကပ်လိမ်လည်ကြခြင်းဖြစ်သည်။

ထို့ပြင် ၎င်းတို့၏ စာမျက်နှာအတုများတွင် ၎င်းတို့လိမ်လည်တောင်းယူထားသည့် လိမ်လည်ခံရသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ အထူးသဖြင့် လူမှုမီဒီယာတွင် မျှဝေရန် မသင့်သော အချက်အလက်များကို ဖြန့်ဝေခြင်းများ ပြုလုပ်ကြပါတော့သည်။ 

အထက်တွင်ဖော်ပြခဲ့သော ဥပမာများသည် Facebook  တွင်လိမ်လည်ရန်ကြိုးစားနေသော စာမျက်နှာ များစွာထဲမှ နှစ်ခုသာဖြစ်သည်။ ၎င်းပုံစံအတိုင်း နယ်ပယ်အသီးသီးရှိ နာမည်ကြီးသောဈေးဆိုင်များ၊ လူပုဂ္ဂိုလ်များ၏အယောင်ဆောင် စာမျက်နှာများစွာရှိနေပါသေးသည်။

ထို့ကြောင့် လူမှုမီဒီယာကို အသုံးပြုသူများအနေဖြင့် လိမ်လည်သူများ၏ ကျော့ကွင်းအတွင်းသို့ မဝင်ရောက်မိစေရန် အထူးသတိပြုရမည် ဖြစ်ပါသည်။

နောက်အပတ်များတွင်တော့ အဆိုပါလူမှုမီဒီယာများမှ လိမ်လည်မှုများကို ကာကွယ်နိုင်သည့်နည်းလမ်းများကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်