လိမ္မော်သီးဈေးကွက် ဈေးကွက်မပြတ်လည်ပတ်လျက်ရှိနေ
သစ်သီးဝလံများအနက် ရက်အသင့်အတင့်အထားခံသည့် လိမ္မော်သီးဈေးကွက်မှာ ဈေးနှုန်းကျဆင်းခြင်းမျိုးမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိနေကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများက ပြောသည်။
ခူးသီးရှိတဲ့အချိန်ဆိုရင် ခြံမှာတင်ပဲ အသီးကကုန်တာ။ အခုချိန် အသီးထွက်တဲ့ခြံတွေလည်း အရင်ကထက် ဈေးပိုရနေကြပါတယ်။ လိမ္မော်သီးက တခြားအသီးထက်စာရင် ရက်နည်းနည်း ပိုအထားခံတာကြောင့် ဒီနေ့ရောင်းမရ နောက်နေ့ထား၊ နောက်နေ့ရောင်းမရ နောက်နေ့ထားလို့ရတယ်လေ။ တချို့သစ်သီးတွေကျတော့လည်း ရက်လွန်လို့ကို မရဘူးလေ။ လိမ္မော်သီးကတော့ အခွံလေးပါးပြီး ခြောက်လာတာပဲရှိမယ်။ အထဲထဲက အသီးက တအားမပျက်စီးသွားဘူးလေ။
ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ စီးပွားဖြစ်လိမ္မော်ပင်စိုက်ပျိုးသူ ဦးဖိုးတာက ပြောသည်။
လိမ္မော်သီးပင်များသည် ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးချိန်နှင့် ရာသီဥတုအနေအထား၊ ရေမြေအနေအထားတို့အပေါ်မူတည်၍ အသီးသီးချိန်ကွဲပြားလေ့ရှိပြီး၊ အများအားဖြင့် မတ်လ၊ ဧပြီလပိုင်းတို့၌ စတင်အသီးသီးပြီး၊ အောက်တိုဘာလပိုင်းတွင် ပေါများစွာ အသီးခူးဆွတ်နိုင်ပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရှိ လိမ္မော်ခြံများမှ သိရသည်။
အခုလပိုင်းတွေမှာ မျိုးကိုင်းဖြတ်ထားတာမို့ အပင်တွေက ခပ်ပုပုတွေဖြစ်နေတယ်။ အပင်ကြီးချိန်တွေမှာဆို အပင်တစ်ပင်ကို အချိန်နှစ်ဆယ်၊ အစိတ်၊ အချိန်သုံးဆယ်လောက်ကို လိမ္မော်သီးပင်တွေက အသီးထွက်နှုန်းကောင်းတယ်။ ဒီနှစ်က ပိုးမွှားရောဂါကျရောက်မှုလည်း မများပါဘူး။ အပင်တွေမှာ အခွံတွေမှာတော့ မှိုတော့ နည်းနည်းထူလာတဲ့သဘောရှိတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
လတို ရက်တို စိုက်ပျိုးထုတ်လုပ်ရသည့် ဟင်းသီးဟင်းရွက်နှင့် တချို့သီးနှံပင်များ ဈေးကွက်ထိခိုက်မှုများ ကြုံတွေ့ရသော်လည်း နှစ်ရှည်သီးနှံအမျိုးအစားဖြစ်သည့် လိမ္မော်ပင်စိုက်ပျိုးသူများတွင် ထိခိုက်မှု ကြီးကြီးမားမားကြုံတွေ့ရခြင်းမရှိဘဲ ဈေးကွက်လည်ပတ်နေကြောင်း သိရသည်။
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကok
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022