ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းကြောင့် အပင်ဖျက်ပိုးကျရောက်မှု ပိုများလာနိုင်

09/12/2020 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် ပိုးသတ်ဆေးများကို မလိုအပ်ဘဲ အလွန်အကျွံသုံးစွဲခြင်းကြောင့် အပင်ဖျက်ပိုးကျရောက်မှု ပိုမိုများပြားလာနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပိုးသတ်ဆေးအများကြီးဖျန်းတဲ့အတွက်ကြောင့် ဖျက်ပိုးတွေ ပိုပြီးတောင်ကျလာနိုင်ပါတယ်။ ပိုးသတ်ဆေးဆိုတာက အမှန်တကယ်လိုအပ်မှ စနစ်တကျ အညွှန်းပါအတိုင်း ဖျန်းပေးသင့်တာပါ။ ဖျန်းရမယ့်အဆင့်မရောက်သေးခင် ကြိုဖျန်းကြတဲ့အတွက် စိုက်ခင်းတွေထဲ ပိုးကျရောက်မှုတွေ များလာတတ်တယ်။ ကြိုတင်ကာကွယ် ပိုးနှင်တဲ့အနေနဲ့ ဆေးဖျန်းချင်တယ်ဆိုရင် ဓာတုပိုးသတ်ဆေးတွေကို မဖျန်းသင့်ဘဲ ဂျင်း၊ ကြက်သွန်ဖြူ၊ တမာရွက်၊ ငရုတ်သီး၊ ဆေးရွက်ကြီး စတာတွေနဲ့ ဖော်စပ်ပြုလုပ်တဲ့ သဘာဝပိုးနှင်ဆေးတွေကိုသာ သုံးစွဲပေးသင့်ပါတယ်။

ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလှမိုးကျော်က ပြောသည်။

    ဖျက်ပိုးများကာကွယ်နှိမ်နင်းရန်အတွက် ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းသည် ဖျက်ပိုးများသာမကဘဲ မြေဆီလွှာကိုအကျိုးပြုစေသည့် အဏုဇီဝပိုးမွှားများ၊ မိတ်ဆွေပိုးကောင်လေးများကိုပါ သေကြေပျက်စီးသွားစေနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေခြင်း၊ ပိုးသတ်ဆေးများ ထိတွေ့ကိုင်တွယ်ရသည့်အတွက် တောင်သူများ၏ ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ ပိုးသတ်ဆေးများ ဝယ်ယူသုံးစွဲရသည့်အတွက် တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်များ မြင့်တက်သွားခြင်း၊ နောက်ဆုံးတွင် ဖျက်ပိုးများ ဆေးယဉ်ပါးလာကာ ဆေးမတိုးတော့ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

သဘာဝပိုးသတ်ဆေးတွေက တောင်သူကိုယ်တိုင် ဖော်စပ်လို့ရတယ်။ Home-made ပိုးနှင်ဆေးလို့လည်း ခေါ်တာပေါ့။ ဒီလို သဘာဝဆေးတွေကိုသုံးစွဲမယ်ဆိုရင် နံပါတ်တစ် စိုက်ပျိုးကုန်ကျစရိတ် သက်သာမယ်။ နံပါတ်နှစ် အကျိုးပြုပိုးမွှားတွေကို မပျက်စီးစေတော့ဘူး။ နံပါတ်သုံးက လူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘူး။ ပိုးသတ်ဆေးဖျန်းတယ်ဆိုတာ စိုက်ခင်းထဲက ပိုးသေဖို့တစ်ခုတည်းမဟုတ်ဘူး၊ ဖျန်းတဲ့လူမှာလည်း အန္တရာယ်ရှိတတ်တာကြောင့်ပါ။

ဟု ဦးလှမိုးကျော်က ဆက်လက်ရှင်းပြသည်။

    အဆိုပါ သဘာဝပိုးနှင်ဆေးဖျော်ရည်များကို ကိုယ်တိုင်ဖော်စပ် အသုံးပြုလိုသည့် တောင်သူများအနေဖြင့် မိမိတို့နေထိုင်ရာ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများထံသို့ အကူအညီတောင်းခံနိုင်ပြီး စိုက်ပျိုးရေးဦးစီးဌာနရှိ ပညာရှင်/ဝန်ထမ်းများမှ နည်းစနစ်များပေးခြင်း၊ လက်တွေ့သင်ကြားပြသပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်