ပဲပုစွန်သီးစိုက်ပျိုးနည်း
ပဲပုစွန်သီးကို လူတိုင်းနှစ်ခြိုက်စွာစားသုံးလေ့ရှိကြပြီး နူးညံ့သောပဲတစ်မျိုးဖြစ်သည်။ ပဲသီးနုနုများကို အရည်သောက် ရေနွေးဖျော၍ပြုတ်စား ကြော်စားလေ့ရှိကြသည်။ အိမ်တွင်တစ်နိုင်တစ်ပိုင်စိုက်ပါကလည်း လွယ်ကူစွာစိုက်ပျိုးဖြစ်ထွန်းသည်။ စင်ထောင်၍သော်လည်းကောင်း ခြံစည်းရိုးများတွင် ကပ်၍သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။
ပဲပုစွန်သီးကိုရာသီမရွေးစိုက်ပျိုးနိုင်သော်လည်း မိုးရာသီကုန်ဆုံးသောအချိန် သီတင်းကျွတ်လနှင့် တန်ဆောင်းမုန်းလများသည် စိုက်ပျိုးလို့ကောင်းသောအချိန်ဖြစ်သည်။
စိုက်ပျိုးခြင်း
အရှည် ၃ ပေ၊ အကျယ်၁ပေခွဲရှိသောကျင်းများကို ၁ပေခန့်နက်အောင်တူးရမည်။ မြေဆွေးနှင့် အပေါ်ယံမြေသား ဆတူရော၍ ကျင်းထဲသို့ထည့်ပေးပါ။ ကျင်းအလယ်တွင် ၄-၅ စေ့ခန့်ကို ၄ လက်မအနက်ချပြီး မြေပြန်ဖုံးစိုက်ပေးပါ။ ရေနေ့စဉ်မှန်မှန်လောင်းပေးဖို့လိုမည်။
အပင်ငယ်များ ၁ ပေခန့်ရှိပါက စင်ထိုး၍ အပင်တက်ရန်တိုင်များခပ်ကျဲကျဲထောင်ပေးပါ။ နှမ်းဖတ်/ပဲဖတ်ပုပ်ရည် ငါးအမိုင်နိုများ လောင်းပေးခြင်းဖြင့် အပင်ပြုစုနိုင်သည်။ စုပ်စားပိုးမကျရောက်အောင် ကင်းထောက်ပြီး သတိပြုရမည်။ စုပ်စားပိုးတွေ့လျှင် ဆပ်ပြာပိုးသတ်ဆေး တမာပိုးသတ်ဆေး ဆေးရွက်ကြီးစိမ်ရည်တို့ကို ဖျန်းပေးခြင်းဖြင့် နှိမ်နင်းနိုင်သည်။
ခူးဆွတ်ချိန်
ဆောင်းရာသီစိုက်ပျိုးသောအပင်များသည် ရက်ပေါင်း ၉၀ တွင် အသီးစတင်သီးသည်။ ၄၅ ရက်ခန့်ဆက်တိုက်သီးသည်။ နွေရာသီစိုက်ပျိုးသောအပင်မှာ အသီးလှီကင်းသည်။ တစ်ပတ်လျှင် ၅ ပိဿာခန့်ဆွတ်ခူးနိုင်သည်။
နည်းပညာများကို အောင်ဝင်းထွဋ်၏ “ပဲမျိုးစုံစိုက်ပျိုးနည်း” စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
Yin Yin Htay
လွန်ခဲ့သော ၄ နှစ် ကသက်တမ်း
Yin Yin Htay
လွန်ခဲ့သော ၄ နှစ် ကပဲဇီးကွက်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မြေကွက်လပ် 10×20 ပေလောက်ရှိပါတယ် ဒီတိုင်းထားထားတာထက် စိုက်ပျိုးရေးလေး သေချာ အချိန်ပေးလုပ်ချင်လို့ပါ ဘာအပင်တွေကို ဘယ်လိုမျိုး စိုကိရမလဲ ဆွေးနွေးပေးကြပါအူံးဗျ မြေက အညာမြေရွှံ့နည်းနည်းပါပါတယ် အပူပိုင်းဒေသပါ ခုတော့ မိုးခနခနရွာနေပါတယ် အချိန်ပေးပြီး ဂရုစိုက်ရလည်း အဆင်ပြေပါတယ် တစ်လတစ်လ 400k+ အသားတင်အမြတ်ကျန်နိုင်မလား မသိဘူး ရေလောင်းပေါင်းသင် နေ့တိုင်းလုပ်နိုင်ပါတယ်
Helium • ဖြေကြားချက် 3 ခု
ဘာရောဂါ လည်းဆရာတို့ ဘာဆေးဖြန်းသင့်လည်းဗျ အပန်းမကြီးရင် ဖြေကြားပေးပါခင်မျ
Aung kaung myat • ဖြေကြားချက် 2 ခု
အယ်နီညိုရာသီမှာမတ်ပဲအသက်ရင်စိုက်သက်ကြီးစိုက်ရမလားဘယ်လိုမျိုူတွေရွှေချယ်ရမလည်း
ko san • ဖြေကြားချက် 3 ခု
နွေစပါး ပျိုးခင်းမှာ ပေါင်းသတ်ဆေးသုံးသင့်လား၊ ပေါင်းသတ်ဆေး မသုံးရအောင် ဘယ်လို မြေပြုပြင်သင့်လဲ၊ ပေါင်းသတ်ဆေးသုံးရရင် ဘယ်လို သုံးရမလဲ၊
Win Naing • ဖြေကြားချက် 1 ခု
ကြက်သွန်နီပျိုးဖို့မြေကိုပေါင်းမပေါက်အောင်ဘယ်လို့လုပ်ရ စိုက်ရင်ရောဘာပေါင်းအုပ်ဆေးသုံးရ
မောပ်တိုးတတ် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်
05/11/2026
မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
05/11/2026
More from Green Way
အားလုံး
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026