ကိုယ်ရေးကိုယ်တာအချက်အလက်များခိုးယူခံရခြင်းနှင့် ကာကွယ်မှုနည်းလမ်းများ

04/06/2023 11:00 AM တွင် Okkar Okkar မှ ရေးသား

အပိုင်း (၁) ကိုယ်ရေးကိုယ်တာအချက်အလက်များခိုးယူခံရခြင်း

အင်တာနက်ပေါ်တွင် ကိုယ်ရေးကိုယ်တာအချက်အလက်များသည် နည်းလမ်းမျိုးစုံဖြင့် ခိုးယူခြင်းခံနေရပါတယ်။

အောက်တွင်ဖော်ပြထားသော အချက်များမှာအချက်အလက်ခိုးယူသူများ အများဆုံးအသုံးပြုသော အချက်အလက်ခိုးယူသည့်နည်းလမ်းများဖြစ်ပါတယ်။

၁) Phishing Attacks - အချက်အလက်ခိုးယူသူများသည် တရားဝင်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဘဏ်များနှင့် လူကြိုက်များသော အွန်လိုင်းဝန်ဆောင်မှုများကဲ့သို့ ဟန်ဆောင်ကာ အယောင်ဆောင် Emailများ၊ စာတိုများနှင့် ဝက်ဆိုဒ်များကို ဖန်တီးသည်။ ထို့နောက် သုံးစွဲသူများထံသို့ ၎င်း Email  အတုများ၊ စာတိုများ၊ ဝက်ဆိုဒ် link များပေးပို့သည်။ ထို Link  အတုများကို သုံးစွဲသူများမှ နှိပ်၍ ဝင်ရောက်မိပြီး အချက်အလက်များ ဖြည့်မိပါက သုံးစွဲသူများ၏ အချက်အလက်များသည် အချက်အလက်ခိုးယူသူများထံသို့ အလိုအလျောက် ရောက်ရှိသွားမည်ဖြစ်သည်။

 ၂) Data Breaches - အချက်အလက်ခိုးယူသူများသည် ကိုယ်ရေးကိုယ်တာအချက်အလက်များပါရှိသော ကုမ္ပဏီများ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများ၏ အချက်အလက်သိမ်းဆည်းထားသောနေရာများသို့ (ဥပမာ - ကုမ္ပဏီ၏ server များ) သို့ လုံခြုံရေးအားနည်းသောနေရာများမှ ဝင်ရောက်၍ ခိုးယူခြင်းဖြစ်သည်။

၃) Malware Attacks -  အချက်အလက်ခိုးယူသူများသည် မိုဘိုင်းဖုန်းများ၊ တစ်ကိုယ်ရေသုံးကွန်ပျူတာများ၊ လက်တော့များအတွင်းသို့ softwareများ၊ application များမှ တဆင့် ဗိုင်းရပ်စ်များထည့်သွင်း၍ ကိုယ်ရေးကိုယ်တာ အချက်အလက်များခိုးယူခြင်း၊ သုံးစွဲနေသူ၏ သုံးစွဲနေသောအကြောင်းအရာများ၊ အချက်အလက်မှတ်တမ်းများကို ကြည့်ရှုဖြင့် သုံးစွဲသူ၏ ကင်မရာမှတဆင့်သူစွဲနေသူကို တိုက်ရိုက်ကြည့်ရှုခြင်းများပြုလုပ်နိုင်သည်။

၄) Weak Passwords - အားနည်းသော စကားဝှက်များကို အသုံးပြုခြင်းသည် အချက်အလက်ခိုးယူသူများအား သုံးစွဲသူများ၏ လူမှုမီဒီယာများ၏စကားဝှက်များကို အလွယ်တကူ ခန့်မှန်းမိစေပြီး အချက်အလက်များကို ဝင်ရောက်ရယူနိုင်စေသည်။ထို့အပြင် အားနည်းသော စကားဝှက်များကို စကားဝှက်ဖော်သော software များအသုံးပြု၍လည်းကောင်း၊ အတင်းဓမ္မဝင်ရောက်ခြင်းဖြင့်လည်းကောင်း ဖော်ထုတ်နိုင်သည်။

၅) အများသုံးWi-Fi ကွန်ယက်များ - အထူးသဖြင့် လုံလောက်သော လုံခြုံရေးအစီအမံများအများသုံး Wi-Fi  ကွန်ယက်များသည် အချက်အလက်များကို ကြားမှဖြတ်ယူရန် အလွယ်ကူဆုံးနေရာများဖြစ်သည်။ ထို့ကြောင့် အချက်အလက်ခိုးယူသူများသည် အများသုံးWi-Fi များမှတဆင့် သုံးစွဲသူများ၏ အချက်အလက်များကို ကြားဖြတ်ခိုးယူ ကြသည်။

၆) လူမှုမီဒီယာများတွင် မျှဝေခြင်း - အထူးသဖြင့် လူမှုမီဒီယာသုံးစွဲသူ အများစုသည် မိမိတို့၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လူမှုမီဒီယာများပေါ် တွင် မျှဝေတတ်ကြသည်။ ထိုသို့ မျှဝေခြင်းသည် အချက်အလက်ခိုးယူသူများမှ သုံးစွဲသူများ၏ အချက်အလက်များကို အလွယ်တကူ သိမ်းဆည်း  ထားနိုင်သည်။

အပိုင်း (၂) ကိုယ်ရေးကိုယ်တာအချက်အလက်များကိုကာကွယ်ခြင်း

ကိုယ်ရေးကိုယ်တာအချက်အလက်များခိုးယူခံရခြင်းမှ ကာကွယ်ရန် နည်းလမ်းများကို အောက်တွင်ဖော်ပြထားပါသည်။

၁) သံသယဖြစ်စရာ Link များကိုမဝင်ပါနှင့်။ မိမိမသိသော Email များ၊ စာတိုများ (သို့မဟုတ်) ဝက်ဆိုဒ် များကိုဝင်ရောက်ကြည့်ရှုလျှင် အချက်အလက်များတောင်းဆိုပါက မဖြည့်ပါနှင့်။

၂) အားကောင်းသောစကားဝှက်များကို အသုံးပြုပါ။ သူတစ်ပါးခန့်မှန်းလွယ်သော စကားဝှက်များကို အသုံးမပြုဘဲ မိမိကိုယ်တိုင်မှတ်မိ၍ ခိုင်မာ ထူခြားသော စကားဝှက်များကို အသုံးပြုပါ။

၃) မိမိအသုံးပြုသော မိုဘိုင်းဖုန်းများ၊ တစ်ကိုယ်ရေသုံးကွန်ပျူတာများ၊ လက်တော့များ အတွင်းရှိ software များ၊ application များတွင် လုံခြုံရေး အလွှာများကို ဖြည့်ထားပါ။ ဥပမာ - two - factor authentication (2FA) အသုံးပြုခြင်း)

၄) အသုံးပြုနေသော Software များ၊ application များကို နောက်ဆုံးအဆင့်သို့ အမြဲမြှင့်ထားခြင်းဖြင့် လုံခြုံရေးစနစ်ကို ပိုမိုကောင်းမွန်စေသည်။

၅) အသုံးပြုနေသော  မိုဘိုင်းများ၊ ကွန်ပျူတာများတွင် တရားဝင် ဗိုင်းရပ်စ်ကာကွယ်သော Software များအသုံးပြုခြင်းဖြင့် အချက်အလက်ခိုးယူသူများ ကျူးကျော်ဝင်ရောက်ခြင်းမှကာကွယ်နိုင်သည်။

၆) အများသုံး Wifi များကိုအသုံးပြုလျှင် VPN (virtual private network ) ကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာများကို အမြဲအသုံးပြုပါ။ ထို့အပြင် အများသုံး Wifi ကို အသုံးပြုနေချိန်တွင် မိမိ၏အရေးကြီးသောအချက်အလက်များကို လက်ခံခြင်း၊ အသုံးပြုခြင်းရှောင်ကြဉ်ပါ။

၇) လူမှုမီဒီယာများတွင် မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်သို့မှ မမျှဝေပါနှင့်။ လူမှုမီဒီယာ Profile များကို လူတိုင်းဝင်ရောက်ကြည့်ရှုခြင်းမပြုနိုင်ရန် ပိတ်ထားပါ။ 

၈) လုံခြုံရေးဆိုင်ရာနှင့်ပတ်သက်သောအကြောင်းအရာ၊ သတင်းအချက်အလက်များ၏ နောက်ဆုံးသတင်းများကို အမြဲဖတ်ရှုလေ့လာပါ။ ထို့အပြင် လူမှုမီဒီယာများတွင် လိမ်လည်လှည့်ဖြားမှုသတင်းများကို အမြဲဖတ်ရှုလေ့လာပါ။

အထက်တွင်ဖော်ပြခဲ့သောနည်းလမ်းများသည် ကိုယ်ရေးကိုယ်တာအချက်အလက်များ ခိုးယူခံရခြင်းမှကာကွယ်ရန် ပြုလုပ်သင့်သော အလေ့အကျင့်များနှင့် နည်းလမ်းများဖြစ်ပါတယ်။

စာဖတ်သူအားလုံး ကိုယ်ရေးကိုယ်တာအချက်အလက်များခိုးယူခံရခြင်းမှကင်းဝေ၍ လုံခြုံစိတ်ချသော အင်တာနက်ကမ္ဘာကြီးတွင် ပျော်ရွှင်နိုင်ကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်