ပိုးသတ်ဆေးများ၏ အဆိပ်သင့်စေနိုင်မှုစွမ်းရည်နှင့် ခန္ဓာကိုယ်တွင်း ပိုးသတ်ဆေး ၀င်ရောက်ရာလမ်းကြောင်းများ

02/01/2023 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပိုးသတ်ဆေးများအားလုံးသည် အဆိပ်များဖြစ်သည်၊၊ ပိုးသတ်ဆေးတွင်ပါ၀င်သော အဆိပ်စွမ်းအားကို ဖော်ပြရာတွင် အများအားဖြင့် သေနှုန်း ၅၀ (သန - ၅၀) ဖြင့် ဖော်ပြပါသည်။ သက်ရှိသတ္တဝါများစွာကို ပိုးသတ်ဆေးနှုန်းအမျိုးမျိုးဖြင့် ကျွေး၍သော်လည်းကောင်း၊ အရေပြားတွင် သုတ်လိမ်း၍ သော်လည်းကောင်း စမ်းသပ်ခြင်းဖြင့် အစာအိမ်နှင့်ခန္ဓာကိုယ်အတွင်းသို့ ဆေးရောက်ရှိစေသည်။ ဤသို့စမ်းသပ်ရာတွင် သက်ရှိအကောင်(၁၀၀) အနက် (၅၀) သေစေသော ပိုးသတ်ဆေးပမာဏကို သေနှုန်း ၅၀ ဟုခေါ်သည်။

အော်ဂင်နိုကလိုရင်း အုပ်စု၀င်ဖြစ်သော ဒီဒီတီ၊ အော်ဒရင်း၊ ဒီအယ်ဒရင်း၊ လင်ဒိန်း၊ အင်ဒရင်း အစရှိသော ပိုးသတ်ဆေးများသည် ထိတွေ့ကိုင်တွယ်သော လူ၏ခန္ဓာကိုယ်အဆီပြင်တွင် စုဝေးနိုင်သည်။ အဆီပြင်တွင် စုမိသော အော်ဂင်နိုကလိုရင်းပိုးသတ်ဆေးများကို ဓာတ်ပြယ်ရန် ချေဖျက်နိုင်စွမ်းမရှိချေ။ ထို့ကြောင့် လူနှင့်နို့တိုက်သတ္တဝါတို့တွင် မိခင်မှတစ်ဆင့် သားငယ်သို့ နို့ရည်မှတစ်ဆင့် အဆိပ်အာနိသင်ပါသွားစေနိုင်သည်၊၊ အဆီပြင်တွင်အဆိပ်များစွာစုမိသောအခါ အဆိပ်သင့်ခြင်း ဖြစ်စေသည်။ ယခုအခါ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအားလုံးလိုလိုမှာပင် အထက်ဖော်ပြပါ အာ်ဂင်နိုကလိုရင်း အုပ်စု၀င် ပိုးသတ်ဆေးများကို သုံးစွဲခြင်းမှ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါသည်။

ခန္ဓာကိုယ်တွင်း ပိုးသတ်ဆေး ၀င်ရောက်ရာလမ်းကြောင်းများ

ပိုးသတ်ဆေးမတော်တဆ ဖိတ်စဉ်ခြင်း၊ ဆေးဖျန်းကိုင်တွယ်အသုံးပြုရာတွင် သတိမပြုခြင်းတို့ကြောင့် လူ၏အရေပြားနှင့် အသက်ရှုလမ်းကြောင်းများမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်နိုင်ပါသည်။ စမ်းသပ်ချက်အရ နဖူးပြင်နှင့်ဦးခေါင်းခွံမှ ၀င်ရောက်ခြင်းတို့မှာ အလွန်မြန်ဆန်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ပိုးသတ်ဆေးကိုင်တွယ်အသုံးပြုသူမှာ ခန္ဓာကိုယ်ကိုသာမက ဦးခေါင်းကိုပါ ကာကွယ်ရန် လိုအပ်ပါသည်။ ဦးခေါင်းကို ကာကွယ်ရန်အတွက် ဗြက်ကျယ်သည့် ဦးထုပ်ဆောင်းရန် အထူးလိုအပ်ပါသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်