နာနတ်သီးဈေးနှုန်းများကျဆင်းနေပြီး တောင်သူများ ဈေးကွက်အခက်အခဲများစွာ ရင်ဆိုင်နေရ

23/07/2021 17:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    နာနတ်သီးဈေးနှုန်းများ အဆမတန်ကျဆင်းနေပြီး နာနတ်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ဈေးကွက်အခက်အခဲများစွာကို ရင်ဆိုင်နေကြရကြောင်း သစ်သီးဝလံဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

နာနတ်သီးစိုက်ပျိုးသူတွေအတွက်တော့ ဒီနှစ် နာနတ်သီးဈေးကွက် မကောင်းပါဘူး။ ဂျပန်သီး(ပြင်ဦးလွင်သီး)၊ ရှမ်းပြည်နယ် သီပေါသီး အားလုံးအတူတူပဲ။ စိုက်ဧကများတဲ့သူတွေလည်း အရင်းအနှီးများပြီး ဈေးကွက်မကောင်းတဲ့အတွက် ဒီနှစ်တော်တော်လေး ဒုက္ခရောက်ကြတယ်။ အခုတော့ ပြင်ဦးလွင်ကထွက်တဲ့ နာနတ်သီးတွေက အသီးခူးရက်ပြီးလို့ အားလုံးကုန်ပြီ။ ဈေးကောင်းမရခဲ့ကြဘဲ ပွဲရုံတွေကပေးတဲ့ ဈေးအနိမ့်နဲ့ ရောင်းခဲ့ရတာပါ။ သီပေါသီးတွေကတော့ အသီးခူးရက်ကျန်သေးတယ်။ သူတို့ဘက်မှာလည်း ဈေးကွက်အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရပါတယ်။

ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ အော်ဂဲနစ်နာနတ်သီးစိုက်ပျိုးထုတ်လုပ်သူ ဦးထွန်းထွန်းညွှန့်က ပြောသည်။

    နာနတ်သီးခူးဆွတ်သည့် ရာသီချိန်မှာ ဒေသတစ်ခုနှင့်တစ်ခု မတူညီကြဘဲ၊ ပြင်ဦးလွင်အနီးတဝိုက်ဒေသများတွင် မေလဆန်းမှ ဇူလိုင်လလယ်အတွင်းဖြစ်ပြီး၊ ရှမ်းပြည်နယ်အနီးတဝိုက် ဒေသများတွင်မူ ဇူလိုင်လလယ်မှ စတင်ခူးဆွတ်ကြခြင်း ဖြစ်သည်။

    ယခင်နှစ်က တစ်လုံးလျှင် (၃၀၀)ကျပ် ရရှိခဲ့သည့် နာနတ်သီးတစ်လုံးမှာ ယခုနှစ်တွင် (၁၀၀)ကျပ်အောက်အထိ ဈေးနှုန်းများ ကျဆင်းသွားကြောင်း နာနတ်သီးစိုက်ပျိုးထုတ်လုပ်နေသူများက ပြောသည်။

ရန်ကုန်မြို့၊ မန္တလေးမြို့မှာရှိတဲ့ အော်ဂဲနစ်ဆိုင်တွေကလည်း ကိုဗစ်ကာလဖြစ်တဲ့အတွက် တချို့တစ်ဝက်ပဲ ပြန်ဖွင့်သေးတယ်။ ခါတိုင်းက ဆိုင် ၆ ဆိုင်ကို နာနတ်သီးပို့နေရတာ၊ ဒီနှစ်မှာ ဆိုင် ၃ ဆိုင်ကိုပဲ ပို့လို့ရတယ်။ အဲ့ဒီမှာတင် စားသုံးမှုကကျနေပြီ။ ရောင်းသူတွေဘက်မှာလည်း အသွားအလာတွေကန့်သတ်ထားတဲ့အတွက် delivery ဖိုး ပိုပေးရတယ်လေ။ ဝယ်သူတွေကလည်း ဆိုင်တွေကို မလာချင်ဘူး။ ဒါ့ကြောင့် ဝယ်လိုအားကျလာတယ်။ နာနတ်သီးတွေက ဆိုင်တွေမှာ ၁၅ ရာခိုင်နှုန်းလောက်ပဲ ဖြုန်းအားရှိတဲ့အတွက်၊ ကျန် ၈၅ ရာခိုင်နှုန်းကို ပွဲရုံတွေကို ရောင်းရတယ်။ ပွဲရုံစျေးကပေးတဲ့ ဈေးနှုန်းက အရင်တုန်းကရခဲ့တဲ့စျေးရဲ့ ၃၀ ရာခိုင်နှုန်းပဲ ရပါတယ်။

ဟု ဦးထွန်းထွန်းညွှန့်က ဆက်လက်ပြောသည်။ 

    စီးပွားဖြစ်စိုက်ပျိုးသူတချို့မှာလည်း နာနတ်ဈေးကွက်ကျဆင်းသည့်အတွက် နာနတ်ခြံအတွင်း နာနတ်သီးခူးချိုးသည့်လုပ်သားခပင် ပြန်မရခြင်း၊ နာနတ်ခြံ စိုက်ပျိုးစရိတ်နှင့် သွင်းအားစုစရိတ်များ အရှုံးပေါ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်ကာလဖြစ်သဖြင့် နာနတ်သီးများ အမှည့်လွန်၍ ပြန်လာရခြင်း၊ ပွဲရုံများတွင် ရောင်းမကုန်သည့်အတွက် နာနတ်သီးခူးဆွတ်မှုကို ရပ်တန့်ထားရခြင်း စသည့် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်