မြန်မာကျွဲကော တန်ချိန်နှစ်ထောင်နီးပါး ရုရှနိုင်ငံသို့ ပထမဆုံးတင်ပို့

15/11/2021 13:30 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

နိုဝင်ဘာ - ၁၁၊ မြစ်ကြီးနား

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ စိုက်ပျိုးထုတ်လုပ်နေတဲ့ ကျွဲကောတန်ချိန် ၁၉၃၆ တန်ကို ရုရှနိုင်ငံကို တင်ပို့နေပါတယ်။ ဒီအကြောင်းကို ကျွဲကောတင်ပို့နိုင်ဖို့အတွက် ပိုးမွှားရောဂါကင်းရှင်းကြောင်း သက်သေခံလက်မှတ်ထုတ်ပေးနေတဲ့ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက Green Way ကိုပြောပါ တယ်။

သူတို့က မက်ထရစ်တန်တစ်ရာပို့ရင် တို့ဆီကို One Kg ပေးရတယ်။ ကိုယ်စားပြုပေါ့။ အဲ့ဒါကိုစစ်တယ်။ ကောင်းရင် ထုတ်ပေးလိုက်တယ်။ မကောင်းရင်မပေးဘူး။ ကိုယ့်နိုင်ငံကနေ ရုရှားကို အိတ်စ်ပို့တ်ထွက်နေတာပါ။ ကချင်ပြည်နယ်က ထွက်တာပါ

သီးနှံကာကွယ်ရေးဌာနခွဲက မြန်မာ့လယ်ယာထွက်ကုန်တွေကို ပြည်ပကိုတင်ပို့ရာမှာ တင်သွင်းမယ့်နိုင်ငံတွေက တားမြစ်ထားတဲ့ ပိုးမွှားနဲ့ ရောဂါတွေပါမသွားအောင် စစ်ဆေးဆောင်ရွက်ပေးတဲ့ ဌာနတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ တစ်ဦးတည်း စိုက်ပျိုးထုတ်လုပ်နေတဲ့ အခွံအရောင် အနီရောင်သန်းပြီး အတွင်းသားနီတဲ့ ကျွဲကောမျိုးကို တရုတ်စိုက်ပျိုးရေးပညာရှင်တွေက ဝိုင်းမော်မြို့နယ်မှာ ဦးစီးစိုက်ပျိုးထုတ်လုပ်နေတာဖြစ်ပါတယ်။ အဲ့ဒီကျွဲကောကို ရုရှားနိုင်ငံကိုတင်ပို့နေသလို မြစ်ကြီးနားမြို့တွင်းမှာလည်း လက်လီဆိုင်တွေက တစ်လုံးကို ကျပ်တစ်ထောင်နဲ့ ရောင်းချနေပါတယ်။

ရုရှားနိုင်ငံကိုတင်ပို့နေတဲ့ တရုတ်နိုင်ငံထုတ်ကျွဲကောမျိုးက အရသာချိုပေမယ့် အခွံခွာထားတဲ့ အသီးမွှာမှာ အရည်မပါသလောက် အရည်မရွှမ်းတဲ့အတွက် ပြည်တွင်းကျွဲကောကို နှစ်ခြိုက်စွာစားသုံးဖူးသူတွေအတွက်ကတော့ ကြိုက်နှစ်သက်မှုနည်းတယ်လို့  သိရပါတယ်။

မြန်မာနိုင်ငံမှာ ကျွဲကောစိုက်ဧက သုံးသောင်းခွဲလောက်ရှိပြီး အများစုက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်တို့မှာစိုက်ပျိုးပြီး မကွေးတိုင်းမှာ အနည်းငယ်စိုက်ပျိုးထားပါတယ်။ ဈေးကွက်ကကြိုက်နှစ်သက်ပြီး အများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ ကျွဲကော်မျိုးများမှာ ဒေသမျိုးရင်းဖြစ်တဲ့မော်လမြိုင်ပန်း - ၁ က ဈေးကွက်ကြိုက်နှစ်သက်ဆုံးမျိုးဖြစ်ပြီး သကြားမျိုး၊ ကျောက်စိမ်းမျိုးနဲ့ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ပျားရည်ဆမ်းခေါ်  ခွန်သောင်နီမျိုးတို့ကို အများဆုံးစိုက်ပျိုးကြပါတယ်။

ရုရှားနိုင်ငံကို ကျွဲကောတင်ပို့ရာမှာ တားမြစ်ထားတဲ့ ပိုးမွှား၊ ရောဂါနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးဝါးများနဲ့ပတ်သက်ပြီး အထူးတင်းကြပ်ထားတာမျိုး မရှိတဲ့အတွက် ဒီလိုအနေထားကလည်း ကျွဲကောတင်ပို့လိုသူတွေအတွက် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ရုရှားနိုင်ငံကို မြန်မာနိုင်ငံကနေ ကျွဲကောတင်ပို့နိုင်တာက စိုက်ပျိုးစီးပွားလုပ်ငန်းအတွက် အခွင့်အလမ်းတွေရှိလာမယ်လို့ မြန်မာနိုင်ငံ ကျွဲကောအသင်းဥက္ကဌ ဦးမြင့်သိန်းက Green Way ကိုပြောပါတယ်။

ရုရှားက ဒီအသီးညံ့ဖြစ်တဲ့ တရုတ်သီးမျိုးကိုတောင်လက်ခံရင် ကျွန်တော်တို့မြန်မာအသီးကို ပိုပြီး မကြိုက်စရာအကြောင်းမရှိဘူးလေ။ ကိုယ့်ဘက်က အဆက်အသွယ်အဓိကလိုတာပေါ့။ ပြောရင်။ ချိတ်ဆက်နိုင်ဖို့လိုတာပေါ့။ ဘာကိုချိတ်ဆက်နိုင်မလဲဆိုရင် သူများလုပ်သလို၊ သူများသွားသလို သူ့လမ်းကြောင်းနဲ့သူသွားရမှာပဲလေ။ ရှေ့ကလုပ်သွားတဲ့သူက လမ်းကြောင်းပြခဲ့ပြီးပြီ။ အရည်အသွေးကောင်းကောင်းမဟုတ် အရည်အသွေးညံ့တဲ့အသီးကို ပို့လို့ရတယ်ဆိုတာ လမ်းကြောင်းပြခဲ့ပြီးပြီ။ ကျွန်တော်တို့က ဒီလမ်းကြောင်းကိုလိုက်ကြည့်ရမှာပဲ။ နောက်ပိုင်းကျရင်တော့ ကျွန် တော်တို့အသီးတွေအတွက် အခွင့်အလမ်းအများကြီးရလာမှာပဲ။ ကျွဲကောက တိုးလည်းတိုးချဲ့စိုက်နေပြီလေ။ ခါတိုင်းထက်စာရင် ပြည်နယ်နဲ့တိုင်းအလိုက်ကို အခုဆိုရင် နှစ်စဉ်နှစ်စဉ် ပိုလာပြီလေ။ ပြည်နယ်နဲ့တိုင်း တော်တော်များများမှာ စိုက်လာကြပြီ။ ကချင်လည်း အ များကြီးစိုက်လာကြပြီ။ မန်းလေးတိုင်းတောင် စိုက်လာကြပြီ။ ကျွဲကောစိုက်လို့မရတာဆိုရင် ချင်းတောင်ပဲရှိတယ်။ ချင်းနဲ့ ရှမ်းပဲမရတာ။ တစ်နိုင်ငံလုံး စိုက်လို့ရတယ်လေ။ စိုက်လည်းစိုက်သင့်တယ်။ ပြည်တွင်းအကျိုးရှိတဲ့ သီးနှံလည်းဖြစ်တယ်

ရုရှားနိုင်ငံကိုတင်ပို့နေတဲ့ တရုတ်နိုင်ငံထုတ်ကျွဲကောသီးရဲ့ သိပ္ပံအမည်က Citrus maxima ဖြစ်ပြီး  Myanmar Golden Fruits Agriculture ကုမ္ပဏီကနေ တင်ပို့နေတာဖြစ်ပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်