အရေးကြီးလာပြီဖြစ်သော ရိတ်သိမ်းချိန်လွန်နည်းပညာ (၁/၂)

15/01/2018 13:57 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကမ္ဘာ့ လူဦးရေ တိုးတက်မှု နှုန်းမှာ အလွန်လျင်မြန်သည်။ FAO မှ ၂၀၅၀ ခုနှစ်တွင်၊ ကမ္ဘာ့လူဦးရေ (၉) ဘီလီယံ ဖြစ်လာမည်ဟု ခန့်မှန်းထားပါသည်။ လူဦးရေတိုးတက်လာသည်နှင့်အမျှ လူတို့၏ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံ စံများ၊ ပြောင်းလဲလာကြသည်။ ကမ္ဘာ့ကုန်သွယ် မှုလုပ်ငန်းများလည်း တိုးတက် များပြားလာ ခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံရှိ လူမျိုးများသည်လည်း ခေတ်နှင့်အညီ တိုးတက်စေရန် စားသောက်နေထိုင်မှုပုံစံများပြောင်းလဲ လာကြသည်။

မြန်မာနိုင်ငံသည် မတူညီသော ရာသီဥတုအခြေနေ၊ မြေမျက်နှာသွင်ပြင်၊ စိုက်ပျိုး စီးပွားရေးဇုန်၊ ရေအရင်းအမြစ်များစွာနှင့် ထွန်ယက်စိုက်ပျိုးနိုင်သောမြေ အမြောက် အများ ရှိသောကြောင့် သီးနှံအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်နိုင်သော နိုင်ငံဖြစ်သည်။ အအေးပိုင်းသီးနှံများကို ချင်းတောင်တန်း၊ ကချင်ပြည်နယ် တို့တွင် စိုက်ပျိုးနိုင်၍ အပူလျှော့ ပိုင်းသီးနှံများကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် မိုးကုတ်မြို့နယ်များတွင် စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပြီး အပူပိုင်းသီးနှံများကို မြန်မာပြည် အနှံ့အပြားတွင် ရာသီအလိုက် နှစ်ပတ်လည် စိုက်ပျိုးထုတ်လုပ်လျှက် ရှိပါသည်။ စိုက်ပျိုးရေး ဖြစ်ထွန်းသည်နှင့် အညီ ကမ္ဘာတဝှမ်းတွင် လူဦးရေ တိုးတက်လာပြီး လူနေမှုအဆင့်အတန်း မြင့်မား လာသည် နှင့်အမျှ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စားသုံးမှုနှင့်ထုတ်လုပ်မှုများလည်း နှစ်စဉ်တိုးတက် လာလျှက်ရှိပါသည်။ အချို့ လူမှုအဖွဲ့အစည်းများတွင် တိရစ္ဆာန်များမှ ရရှိသော အစာအစားများကို တန်ဖိုးထား စားသုံးသော်လည်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများမှာ လူသားတို၏ ကျန်းမာရေးအတွက် အရေးပါကြောင်းကို သိရှိခဲ့ကြပြီး လူမှုရေး၊ စီးပွာရေး၊ ဘာသာရေးများ ကြောင့်လည်း သက်သတ်လွတ်စားသူ တိုးတက်များပြားလာလျှက် ရှိပါသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတွင် အဆီဓာတ်နည်းပါးခြင်း၊ အမျှင်ဓာတ် ကြွယ်ဝခြင်းတို့ကြောင့် တိရစ္ဆာန်မှရရှိသော အစားအစာများထက် ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံများကို ပိုမိုစားသုံးလာ ကြခြင်းဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအပေါ် လူအများအာရုံ စူးစိုက်လာရခြင်း အကြောင်းမှာ ၎င်းတို့တွင် ကင်ဆာအမျိုးမျိုး ကို တားဆီးပေးနိုင်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ (Antioxidants) ၊ Phenolic Compounds များနှင့် β - Carotene နှင့် Lycopene ကဲ့သို့သော Carotenoid များ ပါဝင်သော ကြောင့်လည်း ဖြစ်ပါသည်။

ထိုသို့စျေးနှိမ်ခြင်း၊ စျေးကွက်ဖျက်ခြင်း၊ စျေးကစားခြင်းကို ဘာ့ကြောင့် စိုက်ပျိုး သူတွေ ခံစားနေရတာလဲ သိသင့်ပြီ ဖြစ်ပါသည်။ စိုက်ပျိုးသူများသည် တိတိကျကျ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ရှိပါသည်။ စိုက်ပျိုးသူများသည် တိတိကျကျ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မှာ ရိတ်သိမ်းချိန်လွန်လုပ်ငန်းစဉ် ဖြစ်ပါသည်။ ရိတ်သိမ်းချိန်လွန် ဆိုသည်မှာ သီးနှံများခူးဆွတ်သည်မှ တင်ပို့ရောင်းချ သည်အထိ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ရိတ်သိမ်းချိန်လွန် လုပ်ငန်း စဉ်တွင် ပါဝင်သူများသည် စိုက်ပျိုး ထုတ်လုပ်သူ၊ ပွဲစားများ၊ တဆင့်ဝယ်ယူ ရောင်းချ သူများ၊ လက်လီလက်ကား ရောင်းချသူများ၊ သယ်ယူပို့ဆောင်သူယာဉ်မောင်း လုပ်သားများ၊ ကုန်တင်ကုန်ချသူများနှင့် နောက်ဆုံး စားသုံးသူများအထိ ပါဝင်ပါသည်။ ၎င်း ပါဝင်သူများ အားလုံး တနည်းအားဖြင့် ဟင်းသီးဟင်းရွက်သစ်သီးဝလံများ ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက် တလျှောက်လုံးတွင် ပါဝင်သူများ အားလုံးသည် သီးနှံ၏ သဘာဝ အထားခံနိုင်မှုတို့ကို အကြမ်းဖြင်း နားလည်ပြီး ဖြစ်ပါသည်။ သို့ပါ၍ နားလည်ပြီး လုပ်ငန်းများကို ပြီးပြီးရောလုပ်သည့်စနစ် ပြင်ရမည် ဖြစ်သည်။ အနည်းငယ် ပြင်ဆင်ရုံမျှဖြင့် ရိတ်သိမ်းချိန်လွန် လုပ်ငန်းစဉ် များကို လိုက်နာဆောင်ရွက်ပြီး ဖြစ်ပါသည်။ (ဥပမာ - သရက်သီးသည် မမှည့်ခင် အချိန်တွင် မာနေတတ်သော်လည်း မှည့်လာ သောအခါ အစိမ်းဘဝက နာနာပြစ်ချခံထားရသဖြင့် အတွင်းသားပျော့နေကာ အရည် လည်နေတတ်ခြင်း) ထိုသို့တွေ့ရှိရပါက သရက် သီးကို အစိမ်းဘဝမှာ ကတည်းက စနစ်တကျ သေခြာစွာ ကိုင်တွယ်ဆောင်ရွက် စေခြင်းဖြင့် ပျက်စီးမှုကို ကာကွယ်ပြီး ဖြစ်ပါသည်။
 

(ဆက်ရန်ရှိပါသေးသည်)

ဝါရွှေမိုးအေး

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်