ရိတ်သိမ်းချိန်လွန် အဆုံးအရှုံးတွေ

05/11/2019 12:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မင်္ဂလာရှိတဲ့ နေ့လေးဖြစ်ပါစေ

စိုက်ထား၊ ပျိုးထားတာတွေအများကြီး အောင်မြင်နေတယ်။ အဲ့အထိကတော့ လုပ်နေကိုင်နေကြ တောင်သူ ဦးကြီးတွေက စိုက်တတ်ပ၊ အထွက်တွေ (၁၀၀) ကျော် (၂၀၀) နီးပါးထွက်အောင် လုပ်တတ်ကြပ။ အဲ့ဒါက အဆင်ပြေပါသေးတယ်။ နောက်ပိုင်းကျတော့ ဆုံးရှုံးတာတွေ တွေ့လာကြရတယ်။

ရိတ်သိမ်းချိန်မှာဖြစ်တတ်တဲ့ အလေအလွင့်တွေ

ရိတ်သိမ်းချိန်မှာဖြစ်တတ်တဲ့ ဆုံးရှုံးမှုတွေဆိုတာက ကြွက်ကိုက်တာပဲမဟုတ်ပါဘူး။ အရည်အသွေးရော အရေအတွက်ရော လေလွင့်ဆုံးရှုံးတာကို ဆိုလိုပါတယ်။ အဲ့လို ဆုံးရှုံးလေလွင့်မှုတွေဆိုတာက ထုတ်လုပ်လိုက်ပြီးတော့ စားသုံးတဲ့အဆင့်အထိ ကြားထဲမှာဖြစ်ပျက်သွားတဲ့အဆင့်တိုင်း အဖြစ်တိုင်းက ဆုံးရှုံးမှုတွေကို ဆိုလိုပါတယ်။

စိုက်ပျိုးရေးပိုင်းက အလေအလွင့်တွေ

ဖြစ်တာပေါ့။ သီးနှံရိတ်သိမ်းချိန်မှာဖြစ်တဲ့ ဆုံးရှုံးတာတွေကို အရည်အသွေးရော အရေအတွက်ကိုရော ထည့်ပြီးတော့တွက်ရပါတယ်။ စပါးဆိုလည်း ကွင်းထဲမှာ ကျန်တာတွေ၊ လှန်းထားတုန်း မိုးမိတာတွေဆိုရင် ဈေး ကောင်းကောင်းမရနိုင်တာကြောင့် ဆုံးရှုံးတာပါပဲ။

လတ်လတ်ဆတ်ဆတ်စားရတဲ့ သီးနှံတွေမှာလည်း ဆုံးရှုံးမှုတွေဖြစ်တာပေါ့။ ရောထွေးစရာတစ်ခုတော့ ရှိတယ်၊ ထိခိုက်မိတာနဲ့ ဆုံးရှုံးတာမတူပါဘူး။ ထိခိုက်တယ်ဆိုတာက သုံးလို့ရစရာကျန်သေးပြီးတော့ လေလွင့်တာက လုံးဝသုံးလို့မရတော့တဲ့အခြေအနေကို ဆိုလိုတာပါ။

သီးနှံရိတ်သိမ်းတဲ့အချိန်ကနေစလို့ စားသုံးတဲ့အချိန်ထိ ဆုံးရှုံးမှုတွေကို ယျေဘုယတွက်ချက်ကြည့်တဲ့အခါ အောက်ကအတိုင်း တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က အရှေ့အာရှမှာတွေ့ရတဲ့ လေ့လာချက်တွေပါ။

 

အစားအစာ ဆုံးရှုံးမှုတွေ

ဘာကိုဆိုလိုတာလဲဆိုတော့ စားလို့ရတဲ့အရာတွေဆုံးရှုံးသွားတာကို အရေအတွက်ဆုံးရှုံးမှု၊ အာဟာရတန်ဖိုးတွေ ဆုံးရှုံးသွားတာက အရည်အသွေးဆုံးရှုံးမှုလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ အဲ့လို အစားအစာဆုံးရှုံးမှုတွေဆိုတာက ထုတ်လုပ်တဲ့အချိန်မှာရော၊ ရိတ်သိမ်းတဲ့အချိန်မှာရော၊ ထုပ်ပိုးတာ တစ်ခြားအသွင်ပြောင်းလဲထုတ်လုပ်တာ စတဲ့လုပ်ငန်းစဉ်တွေတိုင်းမှာ ဖြစ်ပေါ်နိုင်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းတွေမှာဆိုရင် လုံလောက်တဲ့ အဆောက်အဦတွေမရှိတာ၊ သယ်ယူပို့ဆောင်ရေးတွေ ကောင်းကောင်းမွန်မွန်မရှိတာ၊ နည်းပညာတွေ ကောင်းကောင်းမသုံးနိုင်တာ၊ ကျွမ်းကျင်မှု၊ အသိပညာနဲ့ စီမံအုပ်ချုပ်မှုတွေ လိုအပ်တာနဲ့ ဈေးကွက်မသေချာတာတွေကြောင့်ဖြစ်ပါတယ်။

အစားအစာ အလေအလွင့်ဖြစ်မှု

အစားအစာအလေအလွင့်ဖြစ်တယ်ဆိုတာက လူသားတွေစားသုံးပြီးတော့ ကျန်တာတွေကိုလည်း ထည့်တွက်ပါတယ်။ အဲ့လို စားမကုန်လို့ဖြစ်ဖြစ်၊ မစားချင်လို့ပဲဖြစ်ဖြစ်၊ အသိမ်းလွန်ပြီး ရက်လွန် ရက်ကျော်သွားတဲ့ အစားအစာပဲဖြစ်ဖြစ် အကုန်လုံးကို ထည့်ပြီးတော့တွက်ပါတယ်။ ဆိုင်မှာကြာနေတဲ့ စားသုံးကုန်ပစ္စည်းတွေကိုလည်း ထည့်တွက်ပါတယ်။

အဲ့လို ဆုံးရှုံးမှုတွေမှာဆိုရင် တစ်ချို့ဟာတွေက စားသုံးလို့ရနေတဲ့အရာတွေ ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် “အစားအစာအလေအလွင့်တွေဟာ လူသားတွေစားသုံးဖို့ အစားအစာဆုံးရှုံးသွားတာပါပဲ” လို့ Hodges က ၂၀၁၁ မှာပြောခဲ့ပါတယ်။ ရှေးလူကြီးတွေဆိုလည်း ထမင်းကျန် ဟင်းကျန်တာ လုံးဝမကြိုက်ကြပါဘူးနော်။ ထမင်းတစ်စေ့ဆို တစ်စေ့ အပြောခံရပါတယ်။

ကဲ ဒီနေ့မှာ စိုက်ရေးပျိုးရေးကနေ ဆုံးရှုံးတတ်တဲ့ အမျိုးအစားတွေကိုသိပြီးတော့ မဖြစ်အောင် သတိထားမိနိုင်ကြမယ်လို့ ထင်ပါတယ်။

ထွန်းဝင်းကျော်

Reference

Victor Kiaya, Scientific & Technical Department POST-HARVEST LOSSES, AND STRATEGIES TOREDUCE THEM, January 2014.


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်