အသုံးပြုရန် လွယ်ကူထိရောက်တဲ့ မိုက်ခရိုဂရင်း သိုလှောင်နည်းများ

26/01/2024 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမည့် ဇီဝမြေဩဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၈၇)

စားမှိုစိုက်ပြီး ပွားစာဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၆)

မိုက်ခရိုဂရင်း၏ သိုလှောင်သက်တမ်း တိုးစေသော နည်းများ

စိုက်ပျိုးရလွယ်ကူပြီး အမြတ်အစွန်းရရှိသော  ဈေးကွက်ကျယ်ပြန့်လာသည့် မိုက်ခရိုဂရင်း

စိုက်ပျိုးရလွယ်ကူပြီး အမြတ်အစွန်းရရှိသော ဈေးကွက်ကျယ်ပြန့်လာသည့် မိုက်ခရိုဂရင်း ၂၁ရာစုတွင် မိုက်ခရိုဂရင်း စိုက်ပျိုးထုတ်လုပ်ခြင်းသည် စိုက်ပျိုးနည်းလွယ်သည်။ အိမ်တွင်း စိုက်နိုင်သည်။ အမြတ် ၆၀%ရနိုင်သည်။ အိမ်တွင်းစိုက်သီးနှံများအနက် မိုက်ခရိုဂရင်းစိုက်ခြင်းသည် အမြတ်အများဆုံးရသည်။ စားသုံးသူများအတွက် ဖြည့်စွက်အာဟာရများပါဝင်သဖြင့် စားသောက်ဖွယ်ရာများတွင် အသုံးချမှုကျယ်ပြန့်လာခြင်းကြောင့် အနာဂတ်တွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ၏ ၆% ထိ တိုးချဲ့ စိုက်ပျိုးလာမည်ဖြစ်သည်။

၂၀၂၀ ခုနှစ်တွင် အမေရိကန် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၏ မှန်လုံခြံများတွင် မိုက်ခရိုဂရင်းကို  ၅၉% - ၇၁% ထိ စိုက်ပျိုးကြသည်။ မိုက်ခရိုဂရင်းကို အိမ်ခြံဝင်းအတွင်း ၂၆% စိုက်သည်။ ဥယျာဉ်ခြံငယ်များတွင် ၁၀% စိုက်သည်။

မိုက်ခရိုဂရင်းဈေးကွက် တိုးတက်မှုသည် စားသုံးသူများ၏အလေ့အကျင့်နှင့် ဝင်ငွေအဆင့်အတန်းပေါ် မူတည်သည်။ မိုက်ခရိုဂရင်းကို အိမ်ခြံဝင်းအတွင်း စိုက်ပျိုးရလွယ်သည်။

လိုအပ်သော အပူချိန်၊ စိုထိုင်းဆ၊ အလင်းရောင်ရပြီး မိုက်ခရိုဂရင်း မျိုးစေ့နှင့် သင့်တော်သော မီဒီယာများ အသုံးချရန် အရေးကြီးသည်။ ရိတ်သိမ်းပြီး သိမ်းဆည်းရာတွင် သိုလှောင်သက်တမ်းတိုသဖြင့် အရည်အသွေးကျလွယ်သည်။ ထုပ်ပိုးနည်း၊ သိုလှောင်နည်းနှင့် သိုလှောင်ချိန်တွင်ရှိသော အပူချိန်၊ ပတ်ဝန်းကျင် လေ အခြေအနေများသည် အရေးကြီးသည်။ ဖော်ပြပါ မိုက်ခရိုဂရင်း စိုက်ပျိုးနည်း ၊ ထုပ်ပိုးနည်း၊ သိုလှောင်နည်း များသည် အသုံးပြုရလွယ်သည်။ အရည်အသွေးထိန်းသည်။ တပိုင်တနိုင်သာမက ကျယ်ကျယ်ပြန့်ပြန့် မှန်လုံခြံစိုက်ပျိုးသူများလည်း ယနေ့တိုင် အသုံးပြုသည်။ ၂၁ရာစုတွင် ပိုမိုတိုးတက်လာသော နည်းပညာများအရ အပင်အာဟာရအတွက် နာနိုအမှုန်များ အသုံးချခြင်း၊ ဇီဝဗေဒဆိုင်ရာနည်းများ ၊ မော်လီကျူလာဆိုင်ရာချဉ်းကပ်မှုများကို မိုက်ခရိုဂရင်းအရည်အသွေး တိုးစေရန် ဆောင်ရွက်လာသည်။ မိုက်ခရိုဂရင်းမျိုးစေ့ကုမ္ပဏီများက ဗီဇ ပြုပြင်ထားသာ မျိုးစေ့မဟုတ်ကြောင်း ခိုင်ခိုင်မာမာ ကြော်ငြာ ရောင်းချကြသည်။ နိုင်ငံအလိုက် စီးပွားဖြစ် အသုံးချနိုင်မှု ကွဲပြားနေသေးသည်။ မည်သို့ဆိုစေ အခြေခံကျသော ပတ်ဝန်းကျင် လေထုလျှော့ချသော လေမဲ့အိတ်များသုံးပြီး ထုပ်ပိုးနည်း၊ သိုလှောင်နည်းနှင့် သိုလှောင်ချိန်တွင် အပူချိန် (၄-၅ဒီဂရီ ဆဲလ်စီးယပ် ) တွင် သိုလှောင်ခြင်း နှင့်အကျိုးရှိသော သိုလှောင်နည်းစနစ်များသည် အမြတ်အစွန်းအတွက် အရေးကြီးသော သိုလှောင်သက်တမ်းတိုးသည်။ အရည်အသွေးထိန်းသည်။ အပင်ရောဂါသက်ရှိများကို ဟန့်တားသည်။

ထုတ်ပိုးပစ္စည်းများသုံးခြင်း

လေထုတ်ထားသော အိတ်များ

မိုက်ခရိုဂရင်း၏ သိုလှောင်သက်တမ်း တိုးစေသော နည်းများ

အသုံးပြုရန် လွယ်ကူထိရောက်သော ရိတ်သိမ်းချိန်လွန် မိုက်ခရိုဂရင်း သိုလှောင်နည်းများ

မုန်ညင်းမုန်လာ မိုက်ခရိုဂရင်း

ဘရိုကိုလီ ပန်းမုံလာအစိမ်း

ပဲအမျိုးမျိုး မိုက်ခရိုဂရင်း

နေကြာ မိုက်ခရိုဂရင်း

ဆန်းသစ်တိုးတက်လာသော သိုလှောင်သက်တမ်း ပိုရှည်စေသော အထူးပြု သိုလှောင်နည်းများ

၁။ မိုက်ခရိုဂရင်းများသည် ပိုလီအီသလင်း ၊ ပိုလီပရိုပိုင်လင်း ၊ ပိုလီအက်စတာ အိတ်များတွင် သိုလှောင်သက်တမ်း ပိုရှည်သည်။ ပုံမှန်ဆောင်ရွက်သော ရေဆေးခြင်း ၊ သန့်ရှင်းခြင်းများသည်လည်း မိုက်ခရိုဂရင်းများ လတ်ဆတ်မှု၊ အာဟာရဓာတ်ပါဝင်မှုနှင့် သိုလှောင်သက်တမ်း ထိန်းသိမ်းရန်အတွက် အရေးကြီးသည်။

၂။ ကယ်လ်စီယမ်အရည် ဖြန်းပေးပါက မိုက်ခရိုဂရင်းများသည် အာဟာရဓာတ်ပါဝင်မှုအတွက် အရေးပါသည်။ သိုလှောင်သက်တမ်း တိုးစေသည်။

၃။ အော်ဂဲနစ်အက်စစ်ဖြစ်သော  ဆစ်ထရစ် အက်ဆစ်၊ အက်စကောဘစ် အက်ဆစ် ပျော်ရည် ဖြန်းခြင်းသည်  မိုက်ခရိုဂရင်း၏ အနံ့၊ အရသာ ကို ထိန်းထားသည်၊ အာဟာရဓာတ်ပါဝင်မှု ထိန်းထားသည်၊ မိုက်ခရုတ်များ ကြီးထွားမှုကို ဟန့်တားသည်။

၄။ မိုက်ခရိုဂရင်းများ အရည်အသွေး ထိန်းသိမ်းရန်လိုအပ်သော အပူချိန် နှင့် သိုလှောင်သက်တမ်းသည် မျိုးအလိုက် ကွဲပြားသည်။

၅။ အရည်အသွေးထိန်းနိုင်ရန် ရိတ်သိမ်းချိန်တွင် မိုက်ခရိုဂရင်း၏ရင့်ကျက်မှု ပေါ်မူတည်သည်။ မုန်လာဥကို ၇ ရက်သားတွင် ရိတ်သိမ်းခြင်း၊ မုန်လာထုတ်အနီကို ၁၁ ရက်သားတွင် ရိတ်သိမ်းခြင်းများသည် စက်ရုံထုတ်ကုန်အဖြစ် လိုအပ်ချက် ပြည့်မီသည်။  မုန်လာဥ၊ ဂေါ်ဖီအနီ မိုက်ခရို ဂရင်းများသည် ၄ ဒီဂရီ စင်တီဂရိတ် တွင် သိုလှောင်ပါက၊ ရေဓါတ်ကျပြီး စိုထိုင်းဆ ထိန်းထားသည်။ သိုလှောင်သက်တမ်းသည် ၂၁ ရက်နှင့် ၁၄ ရက် အသီးသီး ဖြစ်သည်၊

ကိုးကား

Dayarathna, N.N.; et al.,Effect of Storage Temperature on Storage Life and Sensory Attributes of Packaged Mustard Microgreens. Life 2023, 13, 393. https://doi.org/10.3390/ life13020393

Lin, P. et al.,  Packaging with different color bags under light exposure improves baby mustard (Brassica juncea var. gemmifera) postharvest preservationFront. Plant Sci., 13 (2022), pp. 1-18, 10.3389/fpls.2022.880271

Partap M. et al., Microgreen: A tiny plant with superfood potential. Journal of Functional Foods. Volume 107, August 2023, 105697

Sharma A. et al., Influence of storage conditions, packaging, post-harvest technology, nanotechnology and molecular approaches on shelf life of microgreens. Journal of Agriculture and Food Research. Volume 14, December 2023, 100835

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်