"စိုက်ပျိုးပညာမျှဝေရာ" ရေဒီယို အစီအစဉ်မှ ကြိုဆိုပါတယ်ရှင်။
ဒီအစီအစဉ်ကိုတော့ PC Myanmar မှ ENI ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့ပေးမှုဖြင့် မကွေး၊ မင်းလှနှင့် မြို့သစ် ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် စီစဉ်ထုတ်လွှင့်ပေးတာပဲဖြစ်ပါတယ်။
ကောင်းမွန်တဲ့စိုက်ပျိုးနည်းစနစ်တွေနဲ့ စိုက်ပျိုးပေမဲ့ နည်းစနစ်မကျတဲ့ ရိတ်သိမ်းချိန်လွန်နည်းပညာတွေ ဖြစ်နေသေးပါက သီးနှံများရဲ့ အရည်အသွေး၊ ဘေးအန္တရာယ်ကင်းရှင်းမှုတို့မှာ စိုးရိမ်ဖွယ်ဖြစ်နေဦးမှာပါ။
ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံအစာအာဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်းမှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဆရာမကြီးဒေါက်တာရီရီမြင့် က "ဘေးအန္တရာယ်ကင်းရှင်းသောအစားအစာများဖြစ်ရန်အတွက် ရိတ်သိမ်းချိန်လွန်ကောင်းမွန်သည့်အလေ့အကျင့်ကောင်းများဖြင့် စီမံထိန်းသိမ်းခြင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးသွားပါတယ်ရှင်။
ဆရာမက သီးနှံများရိတ်သိမ်းခူးဆွတ်ပြီးချိန်နဲ့ သုံးစွဲချိန်ကြား လေလွင့်ဆုံးရှုံးမှု ဖြစ်ရခြင်းအကြောင်းတရားများနဲ့ ရိတ်သိမ်းပြီးချိန် စနစ်တကျသိုလှောင်ထားရှိရန် လိုအပ်ချက်များကိုပါ ဆွေးနွေးပြောပြသွားတာဖြစ်လို့ အစိမ်းရောင်လမ်း ပရိတ်သတ်တွေအနေနဲ့ လေ့လာနိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more