နှစ်ကုန်ပိုင်း ဈေးကွက်ကောင်းမည့်အချိန်ကို တွက်ဆကာ မိုးငရုတ်များစတင်စိုက်ပျိုးရန် ပြင်ဆင်နေ
နှစ်ကုန်ပိုင်း ဈေးကွက်ကောင်းလာမည့်အချိန်ကို ကြိုတင်တွက်ဆကာ မိုးငရုတ်များ စတင်စိုက်ပျိုးရန် ပြင်ဆင်နေကြောင်း မန္တလေးတိုင်းရှိ ငရုတ်စိုက်တောင်သူများထံမှ သိရသည်။
မြန်မာနိုင်ငံမှ နှစ်စဉ်ထွက်ရှိသည့် ငရုတ်သီးများကို ပြည်တွင်းဈေးကွက်အပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုရီးယားနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ကြပြီး၊ ယခုအခါ လမ်းပန်းဆက်သွယ်မှုများကြောင့် တင်ပို့ရောင်းချမှုနှောင့်နှေးနေသော်လည်း လာမယ့်နှစ်ကုန်ပိုင်းတွင် ဈေးကွက်ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ချက်ဖြင့် စိုက်ပျိုးရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။
မိုးငရုတ်တွေကို ဇူလိုင်လကုန် ဩဂုတ်လဆန်းလောက်မှာ စတင်စိုက်ကြမှာပါ။ ကျွန်တော်တို့ဒေသက ငရုတ်စိုက်တောင်သူတွေကတော့ ငရုတ်စိုက်ဖို့ ထယ်ရေးတွေ အခုကတည်းက ကြိုပြင်ထားပြီးပါပြီ။ နိုဝင်ဘာလပိုင်းနဲ့ ဒီဇင်ဘာလပိုင်းတွေရောက်တဲ့အခါ အသီးတွေစတင်ထွက်လာပြီး အသီးကောက်စားရမှာဖြစ်ပါတယ်။ အဲ့ဒီ နိုဝင်ဘာ၊ ဒီဇင်ဘာအချိန်ဟာ တရုတ်နိုင်ငံဘက်မှာက အအေးပိုင်းဒေသတွေဖြစ်လို့ ရေခဲပြီး စိုက်ပျိုးမရတာကြောင့် အိမ်နီးချင်းနိုင်ငံက ငရုတ်သီးတွေကို စျေးကောင်းပေး၀ယ်တတ်တဲ့အချိန်ပါ။ အခုလက်ရှိမှာ ငရုတ်ဈေးတွေကျနေတယ်ဆိုပေမယ့် ပြန်ကောင်းလာလောက်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စိုက်ပျိုးဖို့ပြင်နေကြတာပေါ့။
ဟု မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှ စီးပွားဖြစ်ငရုတ်စိုက်ပျိုးထုတ်လုပ်သူ ကိုမြင့်ထွန်းဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ငရုတ်စိုက်ပျိုးရေးကို အများအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်း၊ ဟင်္သာတနှင့် မအူပင်မြို့ အနီးတဝိုက်ဒေသများ၊ မန္တလေးတိုင်းဒေသကြီးရှိ မြစ်သားမြို့၊ ကျောက်ဆည်မြို့၊ နတ်မောက်မြို့အနီးတဝိုက်ဒေသများနှင့် မကွေးတိုင်းဒေသကြီးရှိ ဒေသတချို့တို့တွင် စိုက်ပျိုးနေကြသည်။
နောက်တစ်ချက်က မိုးရာသီမှာ ငရုတ်စိုက်ပျိုးတယ်ဆိုရင် မိုးရေကိုအားကိုးလို့ ရတဲ့အတွက် ရေတင်စရိတ်၊ စက်ဆီဖိုးနဲ့ ရေဖြန်းစရိတ်တွေလည်း သက်သာနိုင်ပါတယ်။အပူချိန်လျော့နည်းတဲ့အတွက် စုပ်စားပိုးကျရောက်မှုလည်း နည်းသွားနိုင်ပြီး အသီးတင်အားလည်း ကောင်းမှာပါပဲ။ တခြားဒေသက ငရုတ်စိုက်တောင်သူတွေအနေနဲ့လည်း အတူတူစိုက်ပျိုးကြမယ်ဆိုရင် အခုချိန်ကတည်းက ထယ်ရေးပြင်ထားဖို့သင့်ပါပြီ။ စိုက်ပျိုးပြီးနောက် ထွက်ရှိလာတဲ့ငရုတ်တွေကို တောင်သူတွေ စုစိုက်စုရောင်းစနစ်ကို ကျင့်သုံးဖို့သင့်ပါပြီ။ တစ်ဦးတည်းကွဲထွက်ပြီး လုပ်နေတာထက် ညီညီညွတ်ညွတ်စုပေါင်းဈေးကွက်ထိန်းသင့်ပါတယ်။ ကြာရင် ကိုယ့်နိုင်ငံကရထားတဲ့ ဈေးကွက်တွေပါ ပျောက်သွားနိုင်ပါတယ်။
ဟု ကိုမြင့်ထွန်းဦးက ဆက်လက်ပြောသည်။
လက်ရှိဈေးကွက်အတွင်း ငရုတ်သီးအမှည့်အစို တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဝန်းကျင်၊ ငရုတ်သီးအစိမ်း တစ်ပိဿာလျှင် (၆၀၀) ကျပ်ဝန်းကျင်၊ ငရုတ်သီးအခြောက် တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဝန်းကျင် ဈေးနှုန်းများဖြင့် လက်ကားရောင်းချနေပြီး ဈေးနှုန်းများမှာ ယခင်နှစ်များကထက် ကျဆင်းနေကြောင်း သိရသည်။
Mg Paye Phyo Aung
လွန်ခဲ့သော ၂ နှစ် ကဆရာမကျွန်တော်phပြောပြပေးပါဗျာ
aung kyaw kyaw
လွန်ခဲ့သော ၅ နှစ် ကမြနု်မာနိင်ငံအလယ်ပိုင်းဒေသ ရမည်းသင်းမြို့နယ်ကနေတင်ပို့ချင်ပါတယ်ဗျ ဆက်သွယ်ချင်ပါတယ်ဗျ ငရုပ်သီးကိုတင်ပို့ချင်ပါတယ် ဆက်သွယ်ရန်လိပ်စာ ဖုန်းနံပါဆ်ချန်ထားပေးပါဗျ
Kaung Htet Aung
လွန်ခဲ့သော ၅ နှစ် ကသဲနုန်းဆန်သောမြေတွင် ပိုဖြစ်ထွန်းပါတယ်ဗျ
Hlaing Min Thu
လွန်ခဲ့သော ၅ နှစ် ကငရုပ်က မြေနေရာရွေးလား
ဆက်စပ်မေးခွန်းများ
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 0 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022