မင်းတပ်ကို စားနပ်ရိက္ခာထောက်ပံ့ရန် WFP ပြင်ဆင်နေ

03/06/2021 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    မင်းတပ်မြို့ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများထောက်ပံ့နိုင်ရန် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အနေဖြင့် နည်းလမ်းများရှာဖွေလျှက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Marcus Prior က Green Way ကိုပြောသည်။ 

WFP ဟာမင်းတပ်မြို့ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ စားနပ်ရိက္ခာအထောက်အပံ့လိုအပ်ချက် ဖြစ်ပေါ်လာတဲ့အခြေအနေ၊ ဒေသအတွင်း မိတ် ဖက်အဖွဲ့အစည်းတွေကနေတစ်ဆင့်ပဲဖြစ်ဖြစ် WFP အနေနဲ့ ထိခိုက်နစ်နာရတဲ့ မိသားစု လူမှုအသိုင်းအဝိုင်းတွေထံကို အထောက်အပံ့တွေပေးပို့နိုင်မယ့် အခြေအနေတွေပေါ်မူ တည်ပြီး  အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးနိုင်ဖို့ နည်းလမ်းတွေ ကိုရှာဖွေနေပါတယ်

ဟုပြောသည်။ 

    ချင်းပြည်နယ်တွင်း စိုက်ပျိုးနိုင်သော မြေယာ ၂၃ သိန်းကျော်ရှိသော်လည်း အသားတင် စိုက်ပျိုးမြေမှာ ၂ သိန်းသာရှိသည်။ အသားတင်စိုက်ပျိုးမြေထဲတွင် လယ်စပါးစိုက်ဧက ၂၅၅၈၉ ဧက၊ တောင်ယာစပါးစိုက်ဧက ၅၃၂၆၂ ဧကရှိပြီး တစ်ပြည်လုံး၏ ပျှမ်းမျှ စပါး အထွက်နှုန်းမှာ တင်း ၄၀ ကျော်သာရှိသည်။ ယင်းပမာဏသည် တစ်ပြည်လုံးစပါးအထွက်နှုန်းနှင့်နှိုင်းယှဉ်ပါက တင်း ၂၀ ခန့် လျော့နည်းနေခြင်းဖြစ်သည်။ ချင်းပြည် နယ်၏ စိုက်ပျိုးရေးလုပ်ငန်းမှာ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်မှု၊ စိုက်ပျိုးရေးနည်းပညာများ အသုံးပြုနိုင်ရန် အကူအညီများ လိုအပ်နေသည့်အတွက် မိရိုးဖလာစိုက်ပျိုး နည်းစနစ်များနှင့် ဗီဇယုတ်လျော့လာသဖြင့် သွေးသစ်လောင်းပေးရန်လိုအပ်နေသော ဒေသမျိုးများကိုသာ အဓိကထား စိုက်ပျိုးထုတ်လုပ်နေရသည်။ ထို့ကြောင့် ချင်းတောင်သူများ စစ်ဘေးရှောင်နေရသည့်အတွက် ယခုလိုမိုးရာသီစိုက်ပျိုးချိန်တွင် သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိပါက လာမည့်နှစ်များအတွက် စိုက်ပျိုးထုတ်လုပ်နိုင်ရန် မျိုးစေ့လိုအပ်ချက်များရှိလာမည်ဖြစ်ပြီး စားနပ်ရိက္ခာအခက်အခဲမှာ ပို၍ကြီးမာလာ ဖွယ်ရှိကြောင်း မင်းတပ်ဒေသခံ ကော်ဖီစိုက်ပျိုူးထုတ်လုပ်တင်ပို့ရောင်းချသူ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ 

အခုက  ဒီလိုဖြစ်ပြီးမှတော့ တောင်ယာတွေ ဘယ်သူမှ မလုပ်နိုင်တော့ဘူးလေ။ မလုပ်နိုင်တော့ဘူးဆိုတော့ ကျွန်တော်တို့ အပြင်ထွက်ဖို့အရေးကိုတောင်မှ တော်တော်လေးကို အခြေအနေအရ ဘယ်သူမှမထွက်ရဲတဲ့အနေထားမှာဆိုတော့ တောင်ယာလုပ်လို့မရတော့ဘူးပေါ့နော်။ ဆိုတော့ အဲ့လိုဟာမျိုးအနေထားနဲ့ဆိုရင် တော်တော်လေးကို အခက်အခဲဖြစ်လိမ့်မယ်။ အဲ့ဒါက ဒီတစ်နှစ်ထဲအတွက်မဟုတ်တော့ဘူး။ နောက်နှစ်၊ နောက်နှစ်တွေပါ ထိခိုက်မှုရှိမယ်။ မျိုးတွေက ဒီနှစ်ကရတဲ့ဟာတွေလည်း နောက်နှစ်ပြန်သုံးရတာ။ ဒီနှစ်မလုပ်ဘူးဆိုရင် ဘယ်ကမျိုး ပြန်သုံးမလဲ။ ဒါကအရေးကြီးလာပြီ။ ဒီနှစ်မှာ ခက်ခဲမှုထက် နောက်နှစ်ရဲ့ အခက်အခဲက ပိုပြီးတော့မှ များလာလိမ့်မယ်

ဟု ဒေသခံတစ်ဦးက ပြောသည်။

    ယခုအခါတွင် ဆက်သွယ်စုံစမ်းမှုများအရ မင်းတပ်တွင် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ရှစ်ထောင်ကျော်ရှိလာပြီဖြစ်သည််။

မိမိဇော်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်