ရော်ဘာစျေးနှုန်းမတည်ငြိမ်သော်လည်း မြိတ်မြို့ရှိ ရော်ဘာထုတ်လုပ်သူများအနေဖြင့် အရည်အသွေးမီအောင် ထုတ်လုပ်ပြီး စျေးကွက်ထိန်းချုပ်နေဆဲဖြစ်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ပြောသည်။
မှိုင်းခံရော်ဘာ RSS သည် အရည်အသွေးကောင်းပါက စျေးနှုန်းမြင့်သဖြင့် မြိတ်မြို့ရှိ ရော်ဘာခြံများအနက် မှိုင်းခံရော်ဘာ RSS ကိုသာ ထုတ်လုပ်နေသည့် ခြံများလည်း ရှိကြောင်း သိရသည်။
ဒီဒေသက ရော်ဘာထုတ်လုပ်သူတွေက RSS ကို အဓိက ထုတ်လုပ်တယ်။ ဈေးပိုရတဲ့ဝယ်လက်ကိုသာ သူတို့ရောင်းကြတယ်။ RSS က ထားသိုလို့ရတယ်လေ။ ဈေးတက်လာချိန်အထိ သိမ်းထားလို့ရလို့ RSS ကိုသာ အများစုထုတ်လုပ်ကြတာပါ။ အရည်အသွေးကောင်းတဲ့ရော်ဘာက နိုင်ငံတကာမှာ ဈေးပိုရတာ ထုံးစံပါ။
ဟု စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က ပြောသည်။
ရော်ဘာစျေးနှုန်းများကျဆင်းခြင်း မြင့်တက်ခြင်းမှာ ဒေသတစ်ခုနှင့်တစ်ခု တူညီမှုမရှိပဲ သက်ဆိုင်ရာစျေးကွက်နှင့် ထုတ်လုပ်သည့် ရော်ဘာအရည်အသွေးအပေါ် များစွာမူတည်နေသည်။
ဈေးကွက်အရပေါ့။ တခြားဒေသတွေမှာက အရည်အသွေးပိုင်းအားနည်းတာကိုဝယ်တဲ့ ဈေးကွက်ပဲရှိတာလည်း ဖြစ်နိုင်ပါတယ်။ အရည်အသွေးပိုင်းအားနည်းတာကိုဝယ်ပြီး ပြုပြင်ပြီး အမြတ်တင်ရောင်းတဲ့ ဈေးကွက်ဆိုပါတော့။
ဟု ဦးဝင်းဇော်က ဆက်လက် ပြောသည်။
ထရပ်ကားတာယာ၊ လေယာဉ်ပျံတာယာ အစရှိသည့် အရည်အသွေးကောင်းတာယာများကို အဆင့်မြင့် RSS ရော်ဘာဖြင့် ထုတ်လုပ်ခြင်းဖြစ်ပြီး RSS အဆင့်မြင့်ရော်ဘာကို ရန်ကုန်တိုင်းရှိ တာယာစက်ရုံများနှင့် အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံတို့ရှိ တာယာစက်ရုံများမှ ဝယ်ယူနေသည်။
နန်းထက်ထက်ချစ်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more