သံပုရာသီးဈေးကွက် ရေရှည်ခိုင်မာစေရန် တောင်သူများကိုယ်တိုင် ဈေးကွက်သစ်ရှာဖွေကာ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်လာ

27/10/2020 12:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    သံပုရာသီးဈေးကွက် ရေရှည်ခိုင်မာမှုရှိစေရန် တောင်သူများအနေဖြင့် ကိုယ်တိုင် ဈေးကွက်သစ်များရှာဖွေကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာကြောင်း သိရသည်။

ခြံမှာ စိုက်ပျိုးထုတ်လုပ်ထားတဲ့ အော်ဂဲနစ်သံပုရာသီးတွေကို အစိမ်းဈေးကွက်အပြင်၊ အခုဆိုရင် Dried Lime (သံပုရာခြောက်) အဖြစ်နဲ့ Value added ပြုလုပ်၊ တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ရန်ကုန်တိုင်းဒေသကြီးကို တင်ပို့နေပါပြီ။ အောက်တိုဘာလ ၂၂ ရက်မှာတော့ စတင်ဖြန့်ချိသွားမှာပါ။ သံပုရာခြောက်ကို အသေးစားစက်မှုမှာ ဓာတ်ခွဲစစ်ဆေးပြီးသလို၊ မှတ်ပုံလည်းတင်ထားပြီးပါပြီ။

ဟု နေပြည်တော်ရှိ ပြည့်ဝအော်ဂဲနစ်သံပုရာခြံမှ စီမံအုပ်ချုပ်သူ ကိုပြည့်ဝက ပြောသည်။ 

    နှစ်စဉ် မတ်လ၊ ဧပြီလတို့၌ သံပုရာသီးဈေးများ မြင့်တက်လာပြီး၊ ဧပြီလကျော်လာပြီးသည့်နောက် သံပုရာသီးဈေးပြန်ကျသွားတတ်သည်။ အသီးထွက်နှုန်းများသည့် ဇွန်လ၊ ဇူလိုင်လများတွင်မူ သံပုရာသီးဈေး အနိမ့်ဆုံးဖြစ်သွားတတ်သည်။ 

    ထိုကဲ့သို့ ခိုင်မာမှုမရှိသည့် ဈေးကွက်အနေအထားကို ထိန်းချုပ်နိုင်စေရန် တောင်သူများအနေဖြင့် သံပုရာသီးကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အရည်အသွေးမြှင့်တင် ထုတ်လုပ်လာကြခြင်းဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်