- ချင်း(ဂျင်း) ပင်သည် ပူနွေးစိုစွတ်သော အပူပိုင်း (သို့) သမပိုင်းရာသီဥတုကို နှစ်သက်ပြီး အလွန်နိမ့်သောအပူချိန်ကို ခံနိုင်ရည် မရှိပါ။ ချင်း(ဂျင်း) ပင်သည် နုန်းမြေ၊ ရွှံ့စေးမြေ၊ သဲဆန်သောမြေနှင့် မြေနီများကဲ့သို့သော မြေအမျိုးအစားများစွာတွင် ကောင်းစွာ ပေါက်ရောက်နိုင်သည်။
- အပူပိုင်းဒေသများတွင် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၅၀၀ အထိ စိုက်ပျိုးနိုင်ပြီး အသင့်တော်ဆုံးမှာ မီတာ ၃၀၀ မှ ၉၀၀ ကြား ဖြစ်သည်။
- အပင်ကောင်းစွာကြီးထွားဖွံ့ဖြိုးရန်အတွက် အခြေခံလိုအပ်သောအပူချိန်မှာ ၁၃ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အသင့်တော်ဆုံးမှာ ၁၉ မှ ၂၈ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ အပူချိန်အလွန်မြင့်မားပါက အပင်ကိုနေလောင်စေပြီး အပူချိန်နိမ့်ပါက အပင်ပေါက်နိုင် စွမ်းကို ငုပ်လျှိုးသွားစေနိုင်သည်။
- ချင်း(ဂျင်း) စိုက်ပျိုးရန် စိုထိုင်းဆ ၇၀ မှ ၉၀ ရာခိုင်နှုန်းရှိရန် လိုအပ်သည်။

- မြေချဥ်ငန်ဓာတ် ၅.၅ မှ ၈.၅ အတွင်းတွင် စိုက်ပျိုးနိုင်သည်။ ချင်း(ဂျင်း) တက်များ ကောင်းစွာဖွံ့ဖြိုးရန်အတွက် မြေချဥ်ငန်ဓာတ် ၆ မှ ၆.၅ သည် အကောင်းဆုံးဖြစ်သည်။
- ချင်း(ဂျင်း) သည် လေတိုက်ခြင်းနှင့် မိုးခေါင်ခြင်းတို့ကို ခံနိုင်ရည်ရှိပြီး ရေဝပ်ခြင်း၊ နှင်းရိုက်ခြင်း၊ ဆားပေါက်ခြင်းတို့ကို ခံနိုင်ရည် မရှိပါ။ ချင်း(ဂျင်း) အထွက်နှုန်းပိုကောင်းရန်အတွက် အရိပ်တစ်စိတ်တစ်ပိုင်းရရှိရန် လိုအပ်သည်။
- မရိတ်သိမ်းမီ တစ်လခန့်အလိုတွင် အပူချိန် ၂၈ မှ ၃၅ ဒီဂရီစင်တီဂရိတ်ရှိသည့် ခြောက်သွေ့သောရာသီဥတုရှိရန်လည်း လိုအပ် သည်။
- သို့ဖြစ်၍ ချင်း(ဂျင်း) စိုက်ပျိုးရန် သဲဆန်၍ပွသောနုန်းမြေ၊ ရေကောင်းစွာစုပ်ယူစီးဆင်းနိုင်ပြီး အစိုဓာတ် အမြဲထိန်းထားနိုင်သော မြေကို ရွေးချယ်ရမည်။
- ချင်း (ဂျင်း) စိုက်မည့်နေရာသည် စက်ရုံ၊ အလုပ်ရုံများ၊ မွေးမြူရေးခြံများအနီးတွင် မရှိသင့်ပါ။
- မိုးရာသီတွင် ရေမ၀ပ်အောင် စီမံသင့်သည်။ ရေဝပ်သော မြေဖြစ်ပါက စိုက်ဘောင်မြင့်မြင့်ဖော်ကာ စိုက်ပျိုးပေးရမည်။
- စိုက်ပျိုးမည့်မြေသည် ယခင်ရာသီများတွင် ချင်း(ဂျင်း) ဆက်တိုက်စိုက်ပျိုးထားသော မြေမဖြစ်ရပါ။ အင်းဆက်ပိုးမွှားများ၊ ရောဂါများ (အထူးသဖြင့် ဥပုပ်ရောဂါနှင့် ဘက်တီးရီးယားပင်ညှိုးရောဂါများ)နှင့် ဓာတုဆေးဝါးများ ကင်းစင်သောမြေဖြစ်ရမည်။
- အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ခရမ်းနှင့် ဂေါ်ဖီထုပ် စသည့်သီးနှံများသည် ဘက်တီးရီးယားရောဂါ အလွန်ကူးစက်လွယ်သော ကြောင့် ထိုသီးနှံများစိုက်ပျိုးထားသည့်မြေပေါ်တွင် ချင်း(ဂျင်း)ကို ထပ်မံမစိုက်ပျိုးသင့်ပါ။ ထပ်မံစိုက်ပျိုးမည်ဆိုပါက မစိုက်မီ မြေကြီးကို နေပူပူတွင် ကောင်းစွာနေလှမ်းရမည်။
- ချင်း(ဂျင်း) ပင်သည် အရိပ် ၃၀% ရရန်လိုအပ်သောကြောင့် သစ်တောသစ်ပင်များနှင့်လည်း တွဲဖက်စိုက်ပျိုးနိုင်သည်။ ချင်း(ဂျင်း) မစိုက်မီ အနည်းဆုံး ၃ နှစ်ခန့် မြေလှပ်ထားသင့်သည်။
(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more