ကြက်တွေချေးစိမ်းမပါဖို့ အသည်းရောဂါကို ကာကွယ်စို့

17/08/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အသည်းဟာ အသက်ရှင်မှုအတွက် အလွန်အရေးပါတဲ့ လုပ်ငန်းများစွာကို လုပ်ဆောင်ပေးနေတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။

အစာခြေတဲ့လုပ်ငန်းအတွက် သည်းခြေရည်ထုတ်လုပ်ပေးတယ်။ အူတွေက စုပ်ယူမှုရှိတဲ့ သကြားဓာတ်ပစ္စည်းတွေကို glucose အဖြစ်ပြောင်းပေးတယ်။ ပိုနေတဲ့ glucose ကို glucogen အဖြစ် ပြောင်းလဲပေးပြီး အသည်းနဲ့ ကြွက်သားတွေထဲမှာ သိမ်းဆည်းထားပေးတယ်။ သည်းခြေရည်က အစာမှာပါတဲ့ အဆီနဲ့ အဆီမှာ ပျော်ဝင်တဲ့ Vitamin A,D,E,K တွေကို စုပ်ရလွယ်စေတယ်။ အဲ့ဒီ Vitamin တွေကို အသည်းကပဲ သိုလှောင်ထားပေးတယ်။

အသည်းက အသက်ရှင်မှုအတွက် လိုအပ်တဲ့ အဆီဓာတ် ပစ္စည်းတွေ တည်ဆောက်တာ၊ ဖြိုခွဲခြေဖျက်တာ၊ သိုလှောင်သိမ်းဆည်းတာတွေလုပ်ပေးတယ်။ အသည်းက သွေးကိုခဲစေတဲ့ ဓာတ်ပစ္စည်းတွေထုတ်ပေးတယ်။ အသည်းဟာ သံဓာတ်ကို သိမ်းပေးထားတဲ့ အဓိက အင်္ဂါဖြစ်ပါတယ်။ ဒါတွေက အသည်းက လုပ်ဆောင်ပေးတဲ့ လုပ်ငန်းပေါင်းများစွာထဲက နမူနာတစ်ချို့ပါ။ အသည်းရဲ့ အလုပ်တွေထဲမှာ ကိုယ်တွင်းကို ရောက်လာတဲ့ မှိုဆိပ်အပါအဝင် အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ ကိုယ်တွင်းမှာ ထွက်ပေါ်လာတဲ့ အမိုနီးယားစတဲ့ အဆိပ်အတောက်ပစ္စည်းတွေကို ခြေဖျက်ပေးတဲ့ အလုပ်လည်းပါပါတယ်။ အဆိပ်တွေကြောင့် အသည်းပျက်စီးနိုင်သလို အဆိပ်ကိုခြေဖျက်လို့မနိုင်ရင် သူကိုယ်တိုင်အဆိပ်သင့်ပြီး အသည်းပျက်စီးမှုဖြစ်လာနိုင်ပါတယ်။

အသည်းဟာ စွမ်းဆောင်ရည်အလွန်ကောင်းပါတယ်။ အသည်းမှာ ဟိုတစ်ကွက် ဒီတစ်ကွက် ပျက်စီးမှုတွေတော်တော်များများဖြစ်ခဲ့သည့်တိုင် ပြန်လည်ပြုပြင်တည်ဆောက်နိုင်စွမ်း အလွန်ကောင်းတဲ့အတွက် ကျန်းမာရေးကို ဟန်မပျက် ထိန်းထားပေးနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ကြက်မှာ အသည်းပျက်စီးနေကြောင်း ဖော်ပြတဲ့လက္ခဏာကို ထင်ထင်ရှားရှားတွေ့လာရင် ပျက်စီးမှုဟာ အလွန်ကြီးမားတဲ့အတွက် အသက်ရှင်ဖို့ခက်ခဲသွားပြီဆိုတာ နားလည်ထားရပါလိမ့်မယ်။ ဒီလိုပုံစံနဲ့ ကြက်တချို့သေခဲ့ရင် ကြက်အုပ်ထဲက ကြက်တော်တော်များများမှာလည်း အသည်းထိခိုက်မှုရှိထားပြီပြီလို့ သဘောပေါက်သင့်ပါတယ်။

အသည်းပျက်စီးမှုရှိနေတဲ့ ကြက်တွေမှာ အစာစားပျက်တာ၊ မှိုင်ကုပ်တာ၊ ကိုယ်အလေးချိန်လျော့ကျလာတာ၊ ဝမ်းပျက်တာ၊ ဝမ်းအရည်များများ အကြိမ်များများသွားတာ (ဆီးပိုသွားတာ) အမွေးအတောင် မစိုပြေတာ၊ အသက်ရှုကြပ်တာ စတဲ့ (တခြားရောဂါမှာလည်း တွေ့ရတတ်တဲ့) လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

ကြက်တွေမှာ အစိမ်းရောင်(စိမ်းဝါရောင်) ဝမ်းသွားတာ၊ ဝမ်းဗိုက်ဖောင်းလာတာ၊ ရေဖျဉ်းစွဲတာ၊ သွေးကောင်းကောင်းမခဲတာ၊ နှုတ်သီးတွေ ခြေသည်းတွေပုံမမှန်ဖြစ်လာတာ၊ အမွေးအရောင်ပြောင်းတဲ့ လက္ခဏာတွေ တွေ့ရရင် အသည်းပျက်စီးမှုကြောင့် ဖြစ်မယ်လို့ ပြောနိုင်ပါတယ်။ 

ဥကြက်မတွေကို စွမ်းအင်ဓာတ်လွန်ကဲတဲ့ အစာတွေကျွေးတဲ့အတွက် အသည်းမှာ အဆီများလွန်းတဲ့ အဆင့်ဖြစ်တတ်ပါတယ်။ အဆီများလွန်းတဲ့ အသည်းဟာ သွေးယိုထွက်မှု၊ ကွဲအက်မှုတွေဖြစ်တဲ့အထိ အသည်းကိုပျက်စီးစေနိုင်ပါတယ်။

အချို့ကူးစက်ရောဂါတွေဟာ ကြက်တွေရဲ့ အသည်းကို တိုက်ရိုက်ဖျက်စီးတတ်ကြတယ်။ Avian adenovirus, Avian Hepatitis E Virus, Avian leukosis virus စတဲ့ ဗိုင်းရပ်စ်တွေဟာ အသည်းကိုအဓိကထားပျက်စီးစေတဲ့ ရောဂါပိုးတွေဖြစ်ပါတယ်။ 

အချို့ကူးစက်ရောဂါတွေက ကြက်တွေရဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့အတူ အသည်းကိုပါ ထိခိုက်ပျက်စီးမှုရှိစေတဲ့အတွက်  တခြားရောဂါ လက္ခဏာတွေနဲ့အတူ အသည်းပျက်စီးတဲ့ လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ ကြက်လည်လိမ်၊ ကြက်ငှက်တုပ်ကွေး စတဲ့ ဗိုင်းရပ်စ်တွေနဲ့ E.coli, Salmonella pullorum, Pasteurella multocida, Erysipelothrix rhusiopathiae, Campy lobacter spp. Ornithobacterium rhinocheale (ORT) စတဲ့ ဘက်တီးရီးယားတွေကြောင့် အသည်းထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ 

အာဟာရဓာတ်မမျှတမှုတွေကြောင့် ဖြစ်စေ၊ အဆိပ်အတောက်တွေကြောင့် ဖြစ်စေ၊ ကူးစက်ရောဂါတွေကြောင့်ဖြစ်စေ၊ အသည်းပျက်စီးမှု ဖြစ်ခဲ့ရင် ကြက်တွေမှာ ချေးစိမ်းပါတာ တွေ့လာခဲ့ရင် လည်လိမ်လို့ ထင်လိုက်ကြမယ့် အစား ချေးစိမ်းပါနိုင်တဲ့ တခြားအကြောင်းအရာတွေကိုပါ ထည့်သွင်းစဉ်းစားကြပြီး အသည်းပျက်စီးမှုကို ကာကွယ်တားဆီးပေးပါလို့ ပြောလိုပါတယ်။ 

ဒေါက်တာအောင်မြင့်ရေးသားသော ဆန်းသစ်လာသော ကြက်ရောဂါပြဿနာများ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်