ပစ်တိုင်းထောင်ရွှေဖရုံမျိုးမှာ အရသာထူးခြားကောင်းမွန်ပြီး၊ ဈေးကွက်အခက်အခဲမရှိ

06/07/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    တစ်အိုးချက်ရွှေဖရုံဟု ခေါ်ဝေါ်နေသည့် ပစ်တိုင်းထောင် ရွှေဖရုံမျိုး (ရွှေဖရုံသီး အရွယ်အစားအသေး) မှာ အရသာထူးခြားကောင်းမွန်ပြီး၊ ဈေးကွက်အခက်အခဲမရှိ ရောင်းချနေရကြောင်း တောင်သူများက ပြောသည်။

ဒီဖရုံမျိုးက စားသုံးသူတွေအတွက် အရသာလည်း ကောင်းပြီး၊ ပုံမှန်စိုက်နေကြ သီးနှံတွေထက်လည်း အကျိုးအမြတ် တွက်ချေကိုက်လို့ စိုက်ပျိုးဖြစ်ခဲ့တာပါ။ ဈေးကွက်အခက်အခဲလည်း တအားတော့မရှိဘူး။ Covid-19 ကာလမို့ ချင့်ချိန်စိုက်ပျိုးရပေမယ့် အသီးအားလုံးရောင်းလို့တော့ ကုန်ပါတယ်။

ဟု ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ တာပါတ်ရွာ၊ ရွှေဖရုံစိုက်ပျိုးသူ ကိုမျိုးမြင့်ဦး က ပြောသည်။

    အဆိုပါ ရွှေဖရုံမျိုးကို မြို့ခံဒေသအနီးတဝိုက်အပြင် ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချနေရပြီး၊ တစ်လုံးလျှင် ကျပ်(၂၀၀) မှ ကျပ်(၄၀၀) အတွင်း ဈေးရရှိကြောင်း သိရသည်။

တစ်နှစ်ပတ်လည်လုံး စိုက်ပျိုးလို့ရပါတယ်။ စိုက်သက်တမ်း (၂)လခွဲ ကြာတယ်။ စိုက်တဲ့အခါတော့ တိုက်ရိုက်အစေ့ချ စိုက်ပျိုးတယ်။ ကျွန်တော်က စင်စနစ်နဲ့ စိုက်ပျိုးထားပါတယ်။ ပုံမှန် ရွှေဖရုံမျိုးတွေက အလုံးတော့ပိုကြီးတယ်။ ပစ်တိုင်းထောင်ရွှေဖရုံက အလုံးသေးတယ်။ အရသာကတော့ မတူဘူးပေါ့။ ပစ်တိုင်းထောင်ရွှေဖရုံက ပိုစေးတယ်။ စားရတာ ပိုအရသာရှိတယ်။

ဟု ကိုမျိုးမြင့်ဦး က ဆက်လက်ပြောသည်။

    မျိုးထုပ် တစ်ထုပ်လျှင် (၅,၅၀၀)ကျပ် ပေးရပြီး၊ တစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးထုပ်(၁၆) ထုပ်ကုန်ကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)  


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်