🧑🌾 ဒီတစ်ပတ်အတွက် ဥာဏ်စမ်းလေးလာပါပြီရှင့် 📢
တစ်နှစ်ပတ်လုံး မိုးရေချိန်ပမာဏများခြင်း၊ ရွာသွန်းတဲ့အကြိမ်ရေများခြင်းတို့ကြောင့် မြေကြီးက ဓာတ်ဆားတွေ မိုးရေနဲ့အတူ စီးဝင်ပျောက်ဆုံးရခြင်း၊ အက်ဆစ်ဓာတ်များသော မိုးရွာခြင်း၊ အက်ဆစ်ဓာတ်ပါသော မြေသြဇာ၊ ပိုး၊ ပေါင်း၊ မှိုသတ်ဆေး ဓါတ်ကြွင်းများ စုပုံရောက်ရှိခြင်းတို့ဟာ မြေချဉ်ခြင်းကို ဖြစ်စေပါတယ်။
တကယ်လို့မြေချဉ်လာပြီဆို အပင်ခါးကြပ်လာမယ်။ အစိုဓာတ်မထိန်းနိုင်တော့ဘူး။ စပါးစိုက်ရင် နီတို၊ ရွက်ဖုံးခြောက် စတဲ့ရောဂါတွေ ရလွယ်ပါတယ်။
ဆိုတော့ ဘာနဲ့ပြုပြင်လို့ရလဲဆိုတာ..
သိကြလားရှင့်
မသိရင်လည်း ခန့်မှန်းကြည့်ကြပါဦးနော် 😁
အဖြေမှန်လေးကိုတော့ သောကြာနေ့ ည(၇) နာရီမှာ တင်ပေးသွားမှာဖြစ်ပါတယ် 🥰

Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more