ဒီတစ်ပတ်အတွက် ဥာဏ်စမ်းလေးလာပါပြီ..
မူရင်းဂရိဘာသာမှ ဆင်းသက်လာတဲ့ ဟော်မုန်းဆိုတဲ့စကားလုံးဟာ ကြီးထွားမှုကို အားပေးလှုံ့ဆော်သည့်ပစ္စည်းဟု ခေါ်၀ေါ်သုံးစွဲလျက်ရှိပါတယ်။ ဟော်မုန်းတွေဟာဆိုရင် အပင်၏ဇီဝကမ္မ လုပ်ဆောင်ချက် အများစုနှင့် ကြီးထွားမှု၊ ဖွံ့ဖြိုးမှုတို့ကို လုပ်ဆောင်ပေးသည့် ဩဂဲနစ်ဒြပ်ပေါင်းတွေပဲ ဖြစ်ပါတယ်။
ဆိုတော့ အဓိကဟော်မုန်းကြီး ငါးခုရှိတဲ့အထဲကမှ ဂျစ်ဘရယ်လင်က ဘယ်လိုလုပ်ဆောင်ချက်ကို လုပ်ဆောင်လဲဆိုတာ သိကြလားရှင့်
မသိရင်လည်း ခန့်မှန်းကြည့်ကြပါဦးနော် သိတဲ့မိတ်ဆွေတို့က တခြားမိတ်ဆွေတွေဗဟုသုတ ရအောင်ဖြေပေးသွားကြပါလားနော်...
အဖြေမှန်လေးကိုတော့ သောကြာနေ့မှာ တင်ပေးသွားမှာဖြစ်ပါတယ်ရှင့်
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more