ဂန့်ဂေါမြို့နယ် မိုးနှမ်းစိုက်ခင်းများတွင် ထရိုင်ကိုဒါးမားမှို စမ်းသပ်အသုံးပြုမည်

04/07/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဂန့်ဂေါမြို့နယ်အတွင်း စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ GAPစနစ်ဖြင့် စိုက်ပျိုးထားသော မိုးနှမ်းစိုက်ခင်းများတွင် နှမ်းရိုးမည်းအပါအဝင် မှိုရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ရန် ထရိုင်ကိုဒါးမားအကျိုးပြုအဏုဇီဝမှိုကို စမ်းသပ်အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အကျိုးပြုအဏုဇီဝမှို ထရိုင်ကိုဒါးမားမှိုကို နွားချေး၊ ဖွဲနုတို့ဖြင့်ရောနှော၍ ပွားများခြင်းကို ဇူလိုင်လ ၂ရက်နေ့က နှမ်းခါးကျေးရွာ၊ တောင်ယာပြင်ကျေးရွာနှင့် ရေရှင်မကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပြီး နောက်တစ်ပါတ်ကြာလျှင် ယခုပွားများထားသည့် ထရိုင်ကိုဒါးမား မြေဆွေးများအား နှမ်းပင်တန်းများကြား မြေကြီးထဲသို့ ထည့်သွင်းအသုံးပြုသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ဂန့်ဂေါမြို့နယ်အတွင်း နှမ်းနက်သီးနှံ ၁၇၂၀ ဧက ကို ကျေးရွာအုပ်စု ၂၁အုပ်စုတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ GAPစနစ်နှင့်အညီ စိုက်ပျိုးဆောင်ရွက်ရာ မြောက်ခင်ရန်းရွာ၊ နှမ်းခါးရွာ၊ ရေရှင်မရွာ၊ တောင်ယာပြင်ရွာနှင့် မြောက်ကုန်းရပ်ကွက် တို့ရှိ မိုးနှမ်းGAPစံပြကွက်များတွင် ထရိုင်ကိုဒါးမားမှိုကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်သည်။ ထရိုင်ကိုဒါးမားမှို၏ နှမ်းရိုးမည်းအပါအဝင် မှိုရောဂာများအား ကာကွယ်နှိမ်နင်းနိုင်စွမ်းအပေါ် တောင်သူများ လက်တွေ့သိမြင်ပြီး ထရိုင်ကိုဒားမားမှို ကို တောင်သူများ အကျွမ်းတဝင်သုံးစွဲလာစေရန် စမ်းသပ်စံပြကွက်များအဖြစ် ဆောင်ရွက်ပြသခြင်းဖြစ်ကြောင်းသိရသည်။

 စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်