ကမ္ဘာ့နိုင်ငံအသီးသီးက လက်မနီရေချိုကျောက်ပုစွန် မွေးမြူရေး

30/08/2023 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

အမေရိကန်နိုင်ငံမှ မွေးမြူရေး

 အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ အက်လ်တန်မြို့မှ Stick-Fins Fish Farm ပိုင်ရှင် မိုက်ကယ်ရော်ဘင်ဆင်က ၎င်း၏ လက်မနီရေချိုကျောက်ပုစွန်ကို သားဖောက်မွေးမြူသည့် အတွေ့အကြုံများအရ လက်မနီရေချိုကျောက်ပုစွန်သည် ရေလုပ်ငန်းစီးပွားရေးတွင် တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်သည်ဟု တင်ပြခဲ့သည်။

 မိုက်ကယ်ရော်ဘင်ဆင်သည် သြစတြေးလျနိုင်ငံမှ လက်မနီရေချိုကျောက်ပုစွန် အထီးအမ အကောင် ၅၀ ကို တင်သွင်းပြီး သားဖောက်မွေးမြူခဲ့ရာ (၂)နှစ်ကြာပြီးနောက် ဖလော်ရီဒါပြည်နယ်တွင် အကြီးဆုံးလက်မနီ ရေချိုကျောက်ပုစွန်သားဖောက်မွေးမြူရေး စခန်းတစ်ခု ဖြစ်လာခဲ့သည်။ သူ၏ တင်ပြချက်အရ နှစ်စဥ် လက်မနီရေချိုကျောက်ပုစွန် သားဖောက်မွေးမြူရေးခြံကို မူလရှိရင်းထက် (၂) ဆပို၍ ချဲ့နိုင်သည်ဟု သိရပါသည်။ Stick-Fins Fish Farm မှ အရွယ်ရောက်ပြီး လက်မနီရေချိုကျောက်ပုစွန်အမတစ်ကောင်သည် ဥ ၇၀၀ မှ ၈၀၀ ထိ ဥချနိုင်ပြီး ယင်းဥများမှ ၈၅% သားပေါက်ရှင်သန်နိုင်ကြောင်း တင်ပြခဲ့ကြသည်။

 Stick-Fins Fish Farm မှ ထွက်ရှိသော လက်မနီရေချိုကျောက်ပုစွန်တို့၏အရွယ်သည် တစ်ပေါင်တွင် ၄ ကောင်မှ ၆ ကောက်ခန့် ရှိပြီး အမေရိကန်ဒေါ်လာ ၁၀ မှ ၁၉ ထိ ရောင်းရကြောင်း သိရှိရသည်။

ကွင်းစလန်ဒေသမှ မွေးမြူရေး

လက်မနီ(Redclaw)ကို ကွင်းစလန်ဒေသတွင် ၁၉၈၀ နောက်ပိုင်းနှစ်များတွင် စတင်မွေးမြူလာရာမှ ယခုအခါ ကမ္ဘာ့အပူပိုင်းဒေသများက မွေးမြူလာကြသည်။

လက်မနီရေချိုကျောက်ပုစွန်မွေးမြူရေးလုပ်ငန်းသည် အင်ဒိုနီးရှား၊ ဗီယက်နမ်စသည့် အရှေ့တောင်အာရှနိုင်ငံများနှင့် အစ္စရေးနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်စသည့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း လက်မနီရေချိုကျောက်ပုစွန်မွေးမြူရေး ရေလုပ်ငန်းကို လုပ်ကိုင်လာကြသည်။ လက်မနီ(Redclaw)ရေချိုကျောက်ပုစွန်မွေးမြူရေးရေးလုပ်ငန်းကို နိုင်ငံတော်တော်များများက နှစ်ခြိုက်လာရသည့် အဓိကအချက်များမှာ -

(က) အထူးကြပ်မတ်မွေးမြူရသည့် ရေလုပ်ငန်း(Intensive Aquaculture)ကို အလွယ်တကူ ဆောင်ရွက်နိုင်ပြီး အရည်အသွေးပြည့်ဝသော လက်မနီ(Redclaw) ရေချိုကျောက်ပုစွန်များကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။

(ခ) ထုတ်လုပ်မှု မြန်ဆန်မြင့်မားပြီး ၂ လက်မအရွယ် အကောင်ပေါက်များကို စတင်မွေးမြူပါက အသားတိုးမွေးမြူသက် ၉ လတွင် စျေးကွက်သို့ရောက်ရှိနိုင်ပြီး ပျှမ်းမျှအလေး ချိန် ၆၀ ဂရမ်မှ ၁၂၀ ဂရမ်ထိ ရှိနိုင်သည်။

(ဂ) အသားထွက်နှုန်းမြင့်မားပြီး စားသုံးရာတွင် အနံ့အရသာသည် ရေငန်ကျောက်ပုစွန်နှင့်တူခြင်း၊

(ဃ) အဆီဓာတ်မပါသဖြင့် စားသုံးရာတွင် ကိုလက်စထရောမမြင့်မားခြင်း၊ ဆားဓာတ် ပါဝင်မှုနည်းပါးခြင်း၊

(င) ကနဦး ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းအဖြစ် တည်ထောင်နိုင်ခြင်း၊

ဖော်ပြပါအချက်များကြောင့် ကမ္ဘာ့အပူပိုင်းဒေသများသည် လက်မနီ(Redclaw) မွေးမြူရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်လာကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် လက်မနီရေချိုကျောက်ပုစွန်မွေးမြူရေး

လက်မနီရေချိုကျောက်ပုစွန်၏ ဇာတိဖြစ်သော သြစတြေးလျတိုက်၏ မြောက်ပိုင်းဒေသ ကွင်းစလန်(Queensland) သည် အပူပိုင်းမုတ်သုန် ရာသီဥတုဖြစ်ပြီး အီကွေတာ၏ တောင်ဘက်ခြမ်းတွင်ရှိသောကြောင့် မြောက်ဘက်ခြမ်းရှိ နိုင်ငံများ၏ ရာသီဥတုနှင့် ပြောင်းပြန်ဖြစ်သည်။ ဇန်နဝါရီလတွင် ၂၁ ဒီဂရီစင်တီဂရိတ်မှ ၂၉ ဒီဂရီစင်တီဂရိတ်ထိရှိပြီး ဇူလိုင်လတွင် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၂၀ ဒီဂရီစင်တီဂရိတ်ထိ ရှိသည်။ 

မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်တို့၏ ရာသီဥတုသည်လည်း အပူပိုင်းမုတ်သုန်ရာသီဖြစ်သည်။ တစ်နှစ်ပတ်လုံးပျှမ်းမျှ အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်အတွင်း ရှိသည်။ အနိမ့်ဆုံးအပူချိန်သည် ၁၆ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံးအပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်ထိ ဖြစ်သည်။

ထို့ကြောင့် မြန်မာပြည်တောင်ပိုင်းဒေသများသည် Redclaw ရေချိုကျောက်ပုစွန် မွေးမြူရန် အထူးသင့်လျော်ပါကြောင်း လေ့လာရေးသား ဖော်ပြအပ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်